SURVEY

လုပ်ခတိုးမြှင့်ရေးတောင်းဆိုသံတွေညံခဲ့တဲ့ မေလ အလုပ်သမားသတင်းအစီရင်ခံစာ

CoverLogo
97 Views

မေလအတွင်းက အလုပ်သမား ဥပဒေ၊ အလုပ်သမား အခွင့်အရေးချိုးဖောက်မှုတွေနဲ့ အတူ လုပ်ခလစာ တိုးမြှင့်ပေးရေး တောင်းဆိုမှုတွေ ဖြစ်ပွားတဲ့ စက်ရုံအလုပ်ရုံတွေရဲ့ သတင်းကို Myanmar Labour News မှာ ဖော်ပြထားပါတယ်။

ဖော်ပြထားတဲ့ သတင်းတွေထဲမှာ စက်ရုံအလုပ်ရုံ ၄၆ ရုံရဲ့ သတင်းပေါင်း ၇၄ ပုဒ် ပါဝင် ပါတယ်။

ဒီ သတင်းတွေကို   Myanmar Labour Socitey က လစဉ် စောင့်ကြည်ပြီး လေ့လာတွေ့ရှိချက်တွေကို လစဉ် ထုတ်ပြန်နေပါတယ်။ ဒီလေ့လာမှုတွေကို Myanmar Labour News ရဲ့  Website ကို စောင့်ကြည့် လေ့လာ ခဲ့တာပါ။ 

မေလ အလုပ်သမား ရေးရာ သတင်းတွေမှာ ကုန်သွယ်မှု တန်ဖိုး ၁၀ ရာခိုင်းနှုန်းအထိရှိတဲ့  လက်ခစား CMP လုပ်ငန်း အထည်ချုပ်၊ အိပ်ချုပ်၊ ဖိနပ်ချုပ်လုပ်ငန်းတွေအပြင် လုပ်သား ပမာဏ အများအပြားနဲ့ လုပ်ကိုင်နေတဲ့ အီလစ်ထရောနစ်၊ ကော်စေ့နဲ့ ထုတ်ပိုး စက်ရုံတွေ ပါဝင်ပါတယ်။

မေလအတွင်း  ချိုးဖောက်မှုသတင်းတွေထဲမှာ အများဆုံး ပါဝင်ကလည်း CMP လုပ်ငန်းတွေ  ဖြစ်တာကို တွေ့ထားပါတယ်။

မေလအတွင်းမှာ အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုတွေရှိနေတဲ့ လုပ်ငန်းခွင်တွေကတော့ အထည်ချုပ်၊ ဖိနပ်ချုပ်၊ အိတ်ချုပ်လုပ်ငန်းတွေ၊  ထုတ်ပိုး ၊ အီလစ်ထရောနစ်နဲ့ ကောာ်စေ့ လုပ်ငန်းတွေ ဖြစ်ပါတယ်။  CMP လုပ်ငန်း သတင်း က  ၆၈ ပုဒ်အထိ ဖော်ပြထားလို့  သတင်းစုစုပေါင်းရဲ့  ၉၂ ရာခိုင်းနှုန်းနီးပါ ပါဝင်နေပါတယ်။ 

သတင်းတွေထဲမှာ အထင်အရှားအဖြစ်ဆုံးနဲ့ အရေအတွက် အများဆုံး သတင်းအမျိုးအစားက လုပ်ခလစာ တောင်းဆိုမှု ဖြစ်ပွားတဲ့ စက်ရုံ သတင်းတွေ ဖြစ်ပါတယ်။ တောင်းဆိုမှု ဖြစ်ပွားတဲ့ စက်ရုံ ၁၂ ရုံရဲ့ သတင်း ၂၇ ပုဒ်ကို ဖော်ပြထားတာကို တွေ့ရပါတယ်။ 

Tsang Yih  (ချန်ရီ ) ဖိနပ်ချုပ် စက်ရုံက အလုပ်သမားတောင်းဆိုမှု သတင်းကို ၅ ပုဒ်၊ Dishang Fashion Myanmar  အထည်ချုပ်စက်ရုံ သတင်းက ၄ ပုဒ်၊ GTIG Guohua Glory (GTIG 2) ၊ Tianjin Fashion Milestone Garment ၊ True Green အထည်ချုပ်စက်ရုံတွေက ၃ ပုဒ်စီ၊ Bontech Manufacturing Garment  နဲ့ Myanmar Xiang He စက်ရုံတွေက သတင်း ၂ ပုဒ် ၊ GTIG U&G (ရုံ-၁) ၊ Joy Time (Myanmar) Garment ၊ Myanmar Pou Chen ၊ UA Electronic Co.,Ltd နဲ့ Myanmar Stage စက်ရုံသတင်းက ၁ စီ ဖော်ပြထားပါတယ်။

 

အလုပ်သမား တောင်းဆိုမှုတွေ

မေလအတွင်း‌ မြင့်တက်ခဲ့တဲ့ အလုပ်သမား တောင်းဆိုမှုတွေထဲမှာ ခေတ်နဲ့ လျော်ညီတဲ့ လုပ်ခလစာတိုးမြှင့်ရေးတောင်းဆိုမှုက အများဆုံးဆို ပေမဲ့ လုပ်ငန်းခွင် ဖိနှိပ်မှုတွေ နဲ့ လုပ်ခ လျှော့ချဖြတ်တောက်မှုတွေမလုပ်ဖို့ကိုလည်းတောင်းဆိုခဲ့ကြတာပါ။ 

တချို့စက်ရုံတွေမှာ လုပ်ငန်းခွင် ဖိနှိပ်မှုတွေကိုရှိနေတာကို တောင်းဆိုချက်တွေမှာ တိတိကျကျ ရေးထားတာကို တွေ့ထားပါတယ်။

လုပ်ငန်း ခွင် ဖိနှိပ်မှုတွေကြောင့် ကြီးကြပ်ရေးမှူးကို အလုပ်ထုတ်ပေးဖို့နဲ့ လုပ်ငန်းခွင် အပြောင်းအလဲတွေ မပြုလုပ်ဖို့ တောင်းဆိုမှုကို မေလအတွင်းမှာ Suntime Jck အလုပ်သမားတွေက ပြုလုပ်ခဲ့ပြီး ဒီတောင်းဆိုမှုကို အလုပ်ရှင်ဘက်က လိုက်လျောတာကြောင့် ပြီးဆုံးခဲ့ပါတယ်။

ကျွမ်းကျင်ကြေးလျှော့ချတာ ၊ ခွင့်ရက်မရတာ၊ ရက်ပျက်ဆိုပြီး ရက်မှန်ကြေးနဲ့  ရက်တွက် ဒေးကြေးဖြတ်တာ၊ လူမှုဖူလုံရေးကြေး လစဉ်ပေးသွင်းပေမဲ့ ကတ်မရတာ၊  အချိန်ပို အလွန်အကျွံ ခိုင်းစေ၊ အထည်စံချိန် ဖိအားပေး တောင်းတာ၊ EC စာချုပ်ကို လုပ်သက် တစ် နှစ်ပြည့်မှချုပ်ပေးတာ၊ အလုပ်သမားသမဂ္ဂတွေကို ဖျက်သိမ်းခိုင်းတာတွေ မလုပ်ဖို့ တောင်းဆိုထားတာကို တွေ့ရပါတယ်။

မေလ ၁၅ ရက်က စပြီး လုပ်ခလစာတိုးမြှင့်ပေးဖို့ စက်ရုံလုပ်ငန်းခွင်အတွင်း တောင်းဆိုမှုတွေ ဆက်တိုက် ပေါ်ထွက်လာပါတယ် ။

Myanmar Labour Society ရဲ့ လေ့လာမှုတွေက တောင်းဆိုမှုပြုလုပ်ခဲ့တဲ့ စက်ရုံပေါင်း ၂၅ ရုံနဲ့ အထက် ရှိခဲ့မယ်လို့ ခန့်မှန်းထားပါတယ်။ ဒါပေမဲ့ Myanmar Labour News ရဲ့ သတင်းဖော်ပြချက်ကိုပဲ လေ့လာခဲ့တာမို့ စက်ရုံ ၁၂ ရုံ ရဲ့ တောင်းဆိုမှုတွေကိုပဲ မှတ်တမ်းတင်နိုင်ခဲ့တာပါ။

လုပ်ခလစာတိုးမြှင့်ပေးဖို့ တောင်းဆိုခဲ့တဲ့ စက်ရုံတွေကတော့ Bontech Manufacturing Garment (https:// www.myanmarlabournews.com/posts/သာဓုကန်-စက်မှုဇုန်-bontech-အထည်ချုပ်စက်ရုံမှ-ရှင်သန်စရိတ် လုပ်ခလစာ-၁၃၀၀၀-တိုးမြှင့်ပေးရန်-တောင်းဆို)၊ Dishang Fashion Myanmar (https:// www. Myanmar labournews.com/posts/dishang-fashion-myanmar-အထည်ချုပ်တွင်-ဒေးကြေးတိုးမြှင့်ပေးရေး-တောင်း ဆိုနေ)၊  GTIG Guohua Glory (GTIG 2) (https://www.myanmar labournews. com/posts/gtig-2-အထည်ချုပ်စက်ရုံ-ဒေးကြေး-တောင်းဆိုမှု-၁၁၅၀၀-ကျပ်-သာ-ရရှိ) ၊ GTIG U&G (ရုံ-၁) (https://www.myanmar labournews.com/posts/gtig-u-g-ရုံ-၁-ဒေးကြေးတိုး-တောင်းဆိုမှု-၃-နာရီအကြာမှာ-ပြေလည်မှုရ)၊ Joy Time (Myanmar) Garment (https://www.facebook.com/myanmar labournews/posts/ pfbid0DAk1NZnEX5Dg QVmSXAeywKXidNVC1zX4wcEQV8ZMnBDPsdkaYD8WAmBVbrSrNUHKl) ၊ Myanmar Pou Chen (https://www. myanmarlabournews.com/posts/adidas-ချုပ်-မြန်မာပေါင်ချိန်-စက်ရုံ-ကုန်ထုတ် ဆုကြေးပေးပြီး-ဝင်ငွေ ခွန်-ထပ်ဖြတ်)၊ Myanmar Stage (https://www.  myanmarlabournews .com/posts/လုပ်ခ-လျှော့ချ ဖြတ်တောက်မှုကြောင့်-အလုပ်သမားတွေ-ဆန္ဒပြတောင်းဆို)၊ Myanmar Xiang He (https://www.myanmar labournews. com/posts/လုပ်ခ-လျှော့ချဖြတ်တောက်မှုကြောင့်-အလုပ်သမားတွေ-ဆန္ဒပြတောင်းဆို)၊ Tianjin Fashion Milestone Garment (https://www.myanmarlabournews.com/ posts/ဒေးကြေးတိုးပေးဖို့-tianjin-fashion-milestone-garment-အလုပ်သမားတွေ-ဆန္ဒပြတောင်းဆိုနေ)၊ True Green (https://www. myanmarlabournews. com/posts/လုပ်ခတိုးပေးဖို့-တောင်းဆိုတဲ့-အလုပ်သမားသမဂ္ဂ-ဖျက်သိမ်းဖို့ ဖိအားပေးခံရ)၊ Tsang Yih (https://www.myanmarlabournews.com/posts/tsang-yih-ဖိနပ်စက်ရုံတွင်-လုပ်ခလစာ-တိုးမြှင့်ပေးရေး-တောင်းဆိုနေ)၊ UA Electronic Co.,Ltd (https://www.myanmar labournews .com/ posts/ua-electronic-coltd-စက်ရုံမှာ-လုပ်ခလစာ-တိုးမြှင့်ရေး-တောင်းဆိုမှု-ပြုလုပ်) တို့ ဖြစ်ပါတယ်။

တောင်းဆိုမှုတွေ အားလုံးက လုပ်ငန်းခွင်အတွင်း အလုပ်ရပ်တောင်းဆိုတာနဲ့ စက်ရုံအတွင်း သီးသန့်နေရာတွေမှာ ပြုလုပ်ခဲ့တာပါ။

ထူးခြားချက်

Myanmar Pou Chen စက်ရုံကတော့ လုပ်ငန်းခွင်အတွင်းက အလုပ်သမားသမဂ္ဂတွေ၊ WCC အဖွဲ့အစည်းနဲ့ ညှိနှိုင်းပြီး လုပ်ခလစာကို Tsang Yih (ချန်ရီ) စက်ရုံနဲ့ အတူ တိုးမြှင့်ပေးခဲ့ပါတယ်။ ချန်ရီစက်ရုံနဲ့ Myanmar Pou Chen  စက်ရုံတို့က Adidas ဖိနပ် ချုပ်လုပ်တဲ့ စက်ရုံတွေ ဖြစ်ကြပြီး ချန်ရီစက်ရုံနဲ့ တောင်းဆိုဆန္ဒပြတဲ့ အလုပ်သမားတွေကြား သဘောတူညီချက်ရရှိပြီးမှ စက်ရုံအလုပ်သမားတွေကို   Myanmar Pou Chen  စက်ရုံက လုပ်ခတိုးမြှင့်ပေးခဲ့တာ ဖြစ်ပါတယ်။ 

ခြိမ်းခြောက် ၊  အလုပ်ထုတ်

တောင်းဆိုမှုတွေအတွင်း နဲ့ တောင်းဆိုမှု အပြီးမှာ အလုပ်သမားတချို့ကို အလုပ်ထုတ်တာတွေ ရှိခဲ့တာကိုလည်း တွေ့ရပါတယ်။ ရွှေပေါက်ကံ စက်မှုဇုန်က Myanmar Xiang He အထည်ချုပ်စက်ရုံ၊ True Green ကော်စေ့စက်ရုံ တွေက တောင်းဆိုမှုကို ဦးဆောင်သူတွေ၊ ပါဝင်သူ အလုပ်သမားတွေကို အလုပ်ထုတ်ခဲ့ပါတယ်။

အလုပ်သမားတွေ တောင်းဆိုမှုပြုနေတဲ့ ကာလအတွင်း  စက်ရုံ တချို့အတွင်းကို လုံခြုံရေးတပ်ဖွဲ့ လက်နက်ကိုင် တွေ  ဝင်ရောက်တဲ့ ဖြစ်စဉ်တွေလည်း ရှိပါတယ်။ အဲ့ဒီ  စက်ရုံတွေကတော့ Myanmar Xiang He ၊ Tianjin Fashion Milestone Garment  အထည်ချုပ်စက်ရုံတွေမှာ လက်နက်ကိုင်  တပ်ဖွဲ့တွေ ဝင်ရောက်ခဲ့ပြီး တောင်းဆိုမှုကို ဦးဆောင်သူတွေရဲ့ အချက်အလက်တွေကို လာရောက် ကောက်ယူခဲ့တဲ့ ဖြစ်စဉ်တွေလည်း ဖြစ်ပေါ် ခဲ့ပါတယ်။

တောင်းဆိုတဲ့ ပမာဏနှင့် ရရှိခဲ့တဲ့ ပမာဏ

တောင်းဆိုမှုဖြစ်စဉ်တွေထဲမှာ ဒေးကြေး ကျပ် ၁၂၀၀၀ က အမြင့်ဆုံးလုပ်ခလစာ အဖြစ်ရရှိခဲ့ပြီး အများစု ကတော့ ကျပ် ၁၀၀၀၀  ကနေ ကျပ် ၁၂၀၀၀ ကြားသာ ရရှိခဲ့ပါတယ်။

မေလေအတွင်း တောင်းဆိုမှုအတွင်း လုပ်သားပါဝင်မှုက အရေအတွက် အတိအကျ မရရှိခဲ့ပေမဲ့  စက်ရုံလုပ်သား ဦးရေရဲ့ အနည်းဆုံး  ၅၀ ရာခိုင်နှုန်းကနေ အများဆုံး  ၉၅ ရာခိုင်းနှုန်းအထိ ပါဝင်တယ်လို့ အလုပ်သမားတချို့က ပြောကြား ထားပါတယ်။

မေလအတွင်း Myanmar Labour News ရဲ့ သတင်း Website က အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေကို Myanmar Labour Socitey ကလေ့လာခဲ့ရာမှာ အကြောင်းအရာ ၂၇ မျိုး ခွဲခြားလေ့လာခဲ့ပြီးအဲ့ထဲက ၂၃ မျိုး ချိုးဖောက်တာကို တွေ့ရှိရပါတယ်။ ဒီထဲမှာ ဖြေရှင်းပြီး ပြေလည်တဲ့ အကြောင်းအရာတခုကိုလည်း ထည့်သွင်းထားပါတယ်။

၂၀၂၅ ခုနှစ် မေလ ချိုးဖောက်မှုများ
ချိုးဖောက်မှု အမျိုးအစား စက်ရုံအရေအတွက်
လုပ်ခလစာ ဖြတ်တောက်မှု 25
အချိန်ပို အတင်းအကျပ် ခိုင်းစေမှု 24
ကောင်းမွန်သည့် လုပ်ငန်းခွင် မရှိခြင်း 19
ဖိအားပေး ခြိမ်းခြောက် ခိုင်းစေခြင်း 18
ဥပဒေပါ ခွင့်ခံစားခွင့် မရခြင်း 14
တောင်းဆို ဆန္ဒပြခြင်း 12
ဆဲဆို ခိုင်းစေခြင်း 11
သတင်းဖော်ပြပြီး ဖြေရှင်းမှု အခြေအနေ 10
နေစားလုပ်သားများ ချိုးဖောက်ခံရမှု 9
ခွဲခြားဆက်ဆံခြင်း 6
ကြီးကြပ်ရေးမှူးမှ ငွေကြေး ဖြတ်တောက်ခြင်း 6
အလုပ်ထုတ်ခြင်း 5
စစ်ဆေးမှုအား လိမ်လည်ဖြေကြားခိုင်းခြင်း၊ တိမ်းရှောင်ခိုင်းခြင်း 4
WCC ဥပဒေများအား မလိုက်နာခြင်း ဖေါက်ဖျက်ခြင်း 4
အလုပ်ချိန် ၅ နာရီကျော် ဆက်တိုင်လုပ်ကိုင်ရခြင်း 4
ကလေးလုပ်သားများအား ခိုင်းစေခြင်း 3
ကိုယ်ဝန်ဆောင်လုပ်သားများအပေါ် ချိုးဖောက်ခြင်း 3
EC စာချုပ် ဥပဒေအားချိုးဖောက်ခြင်း 3
နားချိန်အပြည့် မရခြင်း 3
အတင်းအကျပ် ရက်စားဆင်းခိုင်းခြင်း 2
သမဂ္ဂအဖွဲ့အား ဖြိုခွဲခြင်း 1
လုပ်ငန်းခွင်ထိခိုက်ဒဏ်ရာရရှိခြင်း 1
လုမှုဖူလုံရေး ဥပဒေကို ချိုးဖောက်ခြင်း 1

(ဇယား ၁)

အများဆုံး ချိုးဖောက်မှုအများဆုံးက လုပ်ခလစာ ဖြတ်တောက်မှု ဖြစ်ပြီး စက်ရုံပေါင်း ၂၅ ရုံပါဝင်ပါတယ်။ သတင်းဖော်ပြထားတဲ့ စက်ရုံ ၄၆ ရုံထဲက  ၅၀ ရာခိုင်နှုန်း ကျော်က လုပ်ခလစာ ဖြတ်တောက်မှုတွေ ရှိနေတာ လည်း ဖြစ်ပါတယ်။

အဲဒီ စက်ရုံတွေကတော့ Alland fashion Co.,Ltd (https://www.myanmarlabournews.com/posts/alland-fashion-အထည်ချုပ်-လူရွယ်လုပ်သားများအား-ခိုင်းစေပြီး-ec-စာချုပ်-ချုပ်မပေး) ၊  Asdet ( Myanmar ) Garment Co.,Ltd (https://www.myanmarlabournews.com/posts/asdet-myanmar-garment-co-ltd-စက်ရုံ-လုပ်ခလစာ-ခွဲခြားပေး)    Casico Garment  ( https://www.myanmarlabournews.com/ posts/ casico-garment-ဒေးကြေး-အပြည့်မပေးဘဲ-လုပ်ကိုင်ခိုင်း) ၊  Dishang Fashion Myanmar ( https://www. myanmarlabournews.com/posts/alland-fashion-အထည်ချုပ်-လူရွယ်လုပ်သားများအား-ခိုင်းစေပြီး-ec-စာချုပ်-ချုပ်မပေး)    Double Packing Myanmar ( https://www.myanmarlabournews.com/posts/ double- packing-myanmar-စက်ရုံ-အလုပ်သမားများ-တစ်လ-နားရက်-၂-ရက်ပဲရ )၊ Feng Teng Garment Co.Ltd (https://www.myanmarlabournews.com/posts/feng-teng-garment-စက်ရုံလုပ်သားများ-စိတ်ပိုင်းဆိုင်ရာ-အကြမ်းဖက်ခံရ) ၊ GTlG HUBO lndustiral Co.,Ltd (Myanmar) (https://www.myanmar labournews.com/posts/gtlg-hubo-အထည်ချုပ်-ကိုယ်ဝန်ဆောင်-အလုပ်သမားအား-အလုပ်ထုတ်-အချိန်ပို-အတင်းအကျပ်-ခိုင်းစေနေ) ၊ LAT WAR (3) COMPANY LIMITED (https://www.myanmarlabournews.com/ posts/lat-war-3-အထည်ချုပ်-ပိတ်ရက်-ဒေးကြေး-လျှော့ပေး) ၊ LITA MYANMAR (https://www.myanmar labournews. com/posts/lita-myanmar-အထည်ချုပ်-သန့်စင်ခန်းသွားခွင့်-အတင်းအကျပ်-ပိတ်ပင်ပြီး-သတိပေး-လက်မှတ်ထိုးခိုင်း) ၊ Mai Yi Bei Garment Manufacturing Co.Ltd ( https://www.myanmar labournews.com/posts/mai-yi-bei-garment-တွင်-အလုပ်သမားများအား-အချိန်ဖိအားပေးဆင်းခိုင်း)  ၊ Myanmar Fortress Wealth Garment (https://www.myanmarlabournews.com/posts/myanmar-fortress-wealth-အထည်ချုပ်-ကြီးကြပ်သူများ-ဆဲဆို-အထည်စံချိန်တောင်း)  ၊ Myanmar Jiale Fashion (https://www.myanmarlabournews.com/posts/myanmar-jiale-fashion-စက်ရုံ-လစာမပေးနိုင်၍-လုပ်ငန်းခွင်-ရပ်တန့်နေ)  ၊ Myanmar Ju Chuan (https://www.myanmarlabournews.com/posts/ myanmar-ju-chuan-ဖိနပ်စက်ရုံ-အချိန်ပို-နာရီ-၃၀-ကျော်-အတင်းအကျပ်-ခိုင်းစေ) ၊ Myanmar Pou Chen (https://www.myanmarlabournews.com/posts/adidas-ချုပ်-မြန်မာပေါင်ချိန်-စက်ရုံ-ကုန်ထုတ်ဆုကြေး ပေးပြီး-ဝင်ငွေခွန်-ထပ်ဖြတ်) ၊ Myanmar Stage (https://www.myanmarlabournews.com/posts/လုပ်ခ-လျှော့ချဖြတ်တောက်မှုကြောင့်-အလုပ်သမားတွေ-ဆန္ဒပြတောင်းဆို) ၊  New Zhong Hui Co.,Ltd (https:// www.myanmarlabournews.com/posts/new-zhong-hui-အထည်ချုပ်-အချိန်ပို-ပြီးဆုံးသည့်အထိ-တဆက်တည်း-လုပ်ကိုင်ခိုင်း) ၊ S.H COMPANY LIMITED (https://www.myanmarlabournews.com/ posts/sh-အထည်ချုပ်စက်ရုံ-အောစူပါများ-ရိုင်းစိုင်းစွာပြောဆို-ခိုင်း-တပတ်-နာရီ-၂၀-ကျော်-အချိန်ပိုခေါ်ခိုင်းနေ)၊  Sayan Outdoor Co,Ltd ( https://www.myanmarlabournews.com/posts/sh-အထည်ချုပ်စက်ရုံ-အောစူပါများ-ရိုင်းစိုင်းစွာပြောဆို-ခိုင်း-တပတ်-နာရီ-၂၀-ကျော်-အချိန်ပိုခေါ်ခိုင်းနေ) ၊ Sheng Jie (Myanmar) Clothing Co.,Ltd ( https://www.myanmarlabournews.com/posts/sheng-jie-myanmar-အထည်ချုပ်-မိုးအလင်း-ရက်ဆက်-လုပ်ကိုင်ခိုင်း-အခွန်အတွက်ဆိုပြီး-လုပ်ခလစာ-ဖြတ် )၊  Sky Fashion Myanmar Co.,Ltd (https://www.myanmarlabournews.com/posts/sky-fashion-myanmar-မန်နေဂျာ-အထည်စံချိန်မရလို့-ဆိုပြီး-မိုက်နှင့်-အော်ဆဲ)၊ SUNLONE MYANMAR SPORTS CO, LTD (https://www.myanmarlabournews. com/ posts/sunlone-myanmar-sports-co-ltd-စက်ရုံတွင်-အချိန်ပို-မဆင်းနိုင်သူအား-အလုပ်ထွက်ခိုင်း) ၊ WAN HE SHUO FASHION Co.,Ltd (https://www.myanmarlabournews.com/posts/wan-he-shuo-fashion-အလုပ်သမားများ-အချိန်ပို-ညလုံးပေါက်-အခမဲ့လုပ်ပေးရ) ၊ WHN Garment (https://www.myanmar labournews.com/posts/whn-garment-စက်ရုံ-ကျွမ်းကျင်ကြေးများ-ဖြတ်တောက်ပေး) ၊ Zong Hong (https://www.myanmarlabournews.com/posts/whn-garment-စက်ရုံ-ကျွမ်းကျင်ကြေးများ-ဖြတ်တောက်ပေး)  စတဲ့ စက်ရုံတွေဖြစ်ပါတယ်။

စက်ရုံဘက်က ငွေကြေးဖြတ်တောက်မှုတွေ ကတော့ အချိန်ပိုကြေးမပေးတာ၊ အချိန်ပိုကြေး အပြည့်အဝမပေးတာ၊ အလုပ်နားချိန် ခိုင်းစေပြီး လုပ်ခမပေးတာ၊ လုပ်လစာမရတာ၊ အခွန်ဖြတ်ယူတာ၊ ဒေးကြေး ခွဲခြားပေးတာ၊ ခွင့်ရက်အတွက် ဒေးကြေး ရက်မှန်ကြေး ကျွမ်းကျင်ကြေး ဖြတ်တာ၊ နေ့စားလုပ်ခတွေကို ဖြတ်ယူတာ၊ ပိတ်ရက်အတွက် ဒေးကြေး လျှော့ပေးတာ၊ ထောက်ပံ့ကြေးမပေးတာ၊ စက်ရုံလျှပ်စစ်မီးပျက်လို့ဆိုပြီး ဒေးကြေးဖြတ်ထားတာ၊ အလုပ် ဝင်ထွက် မှတ်တမ်းအတွက် ဒဏ်ကြေငွေဖြတ်တာတွေ ဖြစ်ပါတယ်။

၂၀၂၅ ခုနှစ် မေလ အတွင်း သတင်းဖော်ထားသည့် စက်ရုံလုပ်ငန်းများနှင့် ထုတ်ကုန်များ
No စက်ရုံလုပ်ငန်း လုပ်ငန်းအမျိုးအစား ကုန်အမှတ်တံဆိပ် လုပ်ငန်းတည်နေရာ သတင်းဖော်ပြမှု
1 Dishang Fashion Myanmar အထည်ချုပ် Bestseller လှိုင်သာယာမြို့နယ်၊ ရွှေသံလွင်စက်မှုဇုန် ၊ မင်းကြီးမဟာမင်းခေါင်လမ်း https://www.myanmarlabournews.com/posts/dishang-fashion-myanmar-အထည်ချုပ်တွင်-ဒေးကြေးတိုးမြှင့်ပေးရေး-တောင်းဆိုနေ
2 Sky Fashion Myanmar Co.,Ltd အထည်ချုပ် LEGNDER’S၊ ALVAOR MORENO ရန်ကုန်မြို့ ၊ မြစိမ်းရောင်စက်မှုဇုန်၊ မြစံပယ်၁လမ်း https://www.myanmarlabournews.com/posts/sky-fashion-myanmar-မန်နေဂျာ-အထည်စံချိန်မရလို့-ဆိုပြီး-မိုက်နှင့်-အော်ဆဲ
3 Alland fashion Co.,Ltd အထည်ချုပ် HOHENHORN , COLLIOPE ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ စက်မှုဇုန် ၂၊ မြတောင်မင်းကြီးဦးမှိုလမ်း https://www.myanmarlabournews.com/posts/alland-fashion-အထည်ချုပ်-လူရွယ်လုပ်သားများအား-ခိုင်းစေပြီး-ec-စာချုပ်-ချုပ်မပေး
4 Casico Garment အထည်ချုပ် SPAO ရန်ကုန်မြို့၊လှိုင်သာယာမြို့နယ်၊ ဆိပ်ကမ်းသာလမ်း၊ စက်မှုဇုန်၃ https://www.myanmarlabournews.com/posts/casico-garment-ဒေးကြေး-အပြည့်မပေးဘဲ-လုပ်ကိုင်ခိုင်း
5 Myanmar Stage အထည်ချုပ် r/ , My Chicco ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ် ၊ သမကုန်း၊ အပြင်ပဒံ https://www.myanmarlabournews.com/posts/လုပ်ခ-လျှော့ချဖြတ်တောက်မှုကြောင့်-အလုပ်သမားတွေ-ဆန္ဒပြတောင်းဆို
6 New Zhong Hui Co.,Ltd အထည်ချုပ် RESERVED, Sinsay, CALLIOPE, House ရန်ကုန်မြို့ ၊ လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်းစက်မှူဇုန်၊ ဆိပ်ကမ်းသာလမ်း https://www.myanmarlabournews.com/posts/new-zhong-hui-အထည်ချုပ်-အချိန်ပို-ပြီးဆုံးသည့်အထိ-တဆက်တည်း-လုပ်ကိုင်ခိုင်း
7 S.H COMPANY LIMITED အထည်ချုပ် CARS JEANS, LCW MODEST ရန်ကုန်မြို့ ၊ လှိုင်သာယာမြို့နယ်၊ စက်မှုဇုန်(၂)၊ မက္ခရာမင်းသားကြီးလမ်းမောင်ပျိုးလမ်း https://www.myanmarlabournews.com/posts/sh-အထည်ချုပ်စက်ရုံ-အောစူပါများ-ရိုင်းစိုင်းစွာပြောဆို-ခိုင်း-တပတ်-နာရီ-၂၀-ကျော်-အချိန်ပိုခေါ်ခိုင်းနေ
8 Double Packing Myanmar ထုတ်ပိုးစက်ရုံ Thank You လှိုင်သာယာမြို့နယ်၊ အနော်ရထာစက်မှုဇုန် https://www.myanmarlabournews.com/posts/double-packing-myanmar-စက်ရုံ-အလုပ်သမားများ-တစ်လ-နားရက်-၂-ရက်ပဲရ
9 Feng Teng Garment Co.Ltd အထည်ချုပ် MOHITO   https://www.myanmarlabournews.com/posts/feng-teng-garment-စက်ရုံလုပ်သားများ-စိတ်ပိုင်းဆိုင်ရာ-အကြမ်းဖက်ခံရ
10 GTlG HUBO lndustiral Co.,Ltd (Myanmar) အထည်ချုပ် ONLY၊ RESERVED၊ Functionality makes your life comfortable ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ် ၊ ဝါးတရာစက်မှုဇုန် ၊ မင်းဗန္တုဘုရာလမ်း https://www.myanmarlabournews.com/posts/gtlg-hubo-အထည်ချုပ်-ကိုယ်ဝန်ဆောင်-အလုပ်သမားအား-အလုပ်ထုတ်-အချိန်ပို-အတင်းအကျပ်-ခိုင်းစေနေ
11 Myanmar Ju Chuan ဖိနပ်ချုပ်   ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ ရွှေသံလွှင်စက်မှုဇုန်၊ မင်းဧရာလမ်း https://www.myanmarlabournews.com/posts/myanmar-ju-chuan-ဖိနပ်စက်ရုံ-အချိန်ပို-နာရီ-၃၀-ကျော်-အတင်းအကျပ်-ခိုင်းစေ
12 Saiform International Garment အထည်ချုပ် FOUR DINENSOIN & COLE FEELINE၊ AERO LIGHT ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ ဘုရင်နောင်ပန်းခြံအနီး https://www.myanmarlabournews.com/posts/saiform-international-garment-အလုပ်သမားများ-ခွဲခြားဆက်ဆံ-ခံနေရ
13 YUAN HONG GARMNENT အထည်ချုပ် JP, FREUD, Rag Out, SinSay, Work CLEANEST, mont.bell ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်းစက်မှုဇုန်၊ တွင်းသင်းတိုက်ဝန် ဦးထွန်းညိုလမ်း https://www.myanmarlabournews.com/posts/လုပ်ငန်းခွင်ဆိုင်ရာချိုးဖောက်မှုတွေ-မလုပ်ဖို့-yuan-hong-garmnent-အလုပ်သမားတွေ-တောင်းဆို
14 Zong Hong အထည်ချုပ် Only ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ မြစိမ်းရောင်စက်မှုဇုန်၊ မြခတ္တာလမ်း https://www.myanmarlabournews.com/posts/whn-garment-စက်ရုံ-ကျွမ်းကျင်ကြေးများ-ဖြတ်တောက်ပေး
15 Asdet ( Myanmar ) Garment Co.,Ltd အထည်ချုပ် LC Walklkl, HLA , TSDESIGN, AC ,BURTLE ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ ရွှေလင်းဗန်းစက်မှုဇုန် https://www.myanmarlabournews.com/posts/asdet-myanmar-garment-co-ltd-စက်ရုံ-လုပ်ခလစာ-ခွဲခြားပေး
16 LITA MYANMAR အထည်ချုပ် LC Walklkl, HLA , TSDESIGN, AC ,BURTLE ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ်၊ စက်မှုဇုန် ၄ https://www.myanmarlabournews.com/posts/lita-myanmar-အထည်ချုပ်-သန့်စင်ခန်းသွားခွင့်-အတင်းအကျပ်-ပိတ်ပင်ပြီး-သတိပေး-လက်မှတ်ထိုးခိုင်း
17 Mai Yi Bei Garment Manufacturing Co.Ltd အထည်ချုပ် RESERVED ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်းစက်မှုဇုန် ၊ ဆေးရုံလမ်း https://www.myanmarlabournews.com/posts/mai-yi-bei-garment-တွင်-အလုပ်သမားများအား-အချိန်ဖိအားပေးဆင်းခိုင်း
18 Sheng Jie (Myanmar) Clothing Co.,Ltd အထည်ချုပ် Celio, H&M ရန်ကုန်မြို့၊ ရွှေလင်ဗန်းစက်မှုဇုန် https://www.myanmarlabournews.com/posts/sheng-jie-myanmar-အထည်ချုပ်-မိုးအလင်း-ရက်ဆက်-လုပ်ကိုင်ခိုင်း-အခွန်အတွက်ဆိုပြီး-လုပ်ခလစာ-ဖြတ်
19 Myanmar Fortress Wealth Garment အထည်ချုပ်   ရန်ကုန်မြို ၊ လှိုင်သာယာမြိုန့ယ်၊ မြစိမ်းရောင်စက်မှုဇုန် https://www.myanmarlabournews.com/posts/myanmar-fortress-wealth-အထည်ချုပ်-ကြီးကြပ်သူများ-ဆဲဆို-အထည်စံချိန်တောင်း
20 Myanmar Handsome အထည်ချုပ် POVV , Sank ရန်ကုန်မြို့၊ တောင်ဒဂုံမြို့နယ်၊ ရွာသာကြီးစက်မူ‌ဇုန် https://www.myanmarlabournews.com/posts/myanmar-handsome-အထည်ချုပ်စက်ရုံ-မန်နေဂျာ-လုပ်ခလစာများ-ခေါင်းပုံဖြတ်နေ
21 Precol Myanmar အထည်ချုပ် Aircraft,Burtle ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ်၊ စက်မှုဇုန် ၁ https://www.myanmarlabournews.com/posts/precol-myanmar-စက်ရုံ-တွင်-အချိန်ပို-အတင်းကြပ်-ခေါ်ယူနေ
22 SUNLONE MYANMAR SPORTS CO, LTD အိပ်ချုပ် MADE IN MYANMAR ရန်ကုန်တိုင်း ၊ ရွှေပြည်သာစက်မှုဇုန် ၊နွားခြံမှတ်တိုင်အနီး https://www.myanmarlabournews.com/posts/sunlone-myanmar-sports-co-ltd-စက်ရုံတွင်-အချိန်ပို-မဆင်းနိုင်သူအား-အလုပ်ထွက်ခိုင်း
23 Sunrise Myanmar Fashion Garment အထည်ချုပ် BURTLE ရန်ကုန်တိုင်းဒေကြီး၊ ရွှေပြည်သာမြို့နယ်၊ သာဓုကန်စက်မှုဇုန် (၄)၊ ကျောက်စိမ်းလမ်း https://www.myanmarlabournews.com/posts/sunrise-myanmar-fashion-နေ့စားများအား-အမြဲတမ်းခန့်ထားခြင်းမရှိဘဲ-အလုပ်ထုတ်-ကုန်အမှတ်တံဆိပ်ကိုယ်စားလှယ်များအား-လိမ်လည်
24 Tian Yu ဖိနပ်ချုပ် H&M ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်းစက်မှုဖုန် ၊ ပိထောက်လမ်း https://www.myanmarlabournews.com/posts/ထျန်းယိ-ဖိနပ်စက်ရုံ-အချိန်ပို-အလွန်အကျွံ-ခိုင်းစေနေ
25 Myanmar Belle International Co.Ltd အထည်ချုပ် Sinsay ရန်ကုန်မြို့၊ မြစိမ်းရောင် စက်မှုဇုန်၊ မြသရဖီလမ်း https://www.myanmarlabournews.com/posts/myanmar-belle-international-အထည်ချုပ်-အလုပ်သမားများ-ကျန်းမာရေး-ထိခိုက်သည်အထိ-အချိန်ပို-ရက်ဆက်ခေါ်
26 True Green ကော်စေ့   ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ်၊ ဝါးတရာစက်မှုဇုန်၊ မဟာမြိုင်လမ်း https://www.myanmarlabournews.com/posts/လုပ်ခတိုးပေးဖို့-တောင်းဆိုတဲ့-အလုပ်သမားသမဂ္ဂ-ဖျက်သိမ်းဖို့ဖိအားပေးခံရ
27 WAN HE SHUO FASHION Co.,Ltd အထည်ချုပ် Sinsay ရန်ကုန်မြို့၊ အင်းစိန်မြိုနယ်၊ ရွှေပြည်သာစက်မှုဇုန် (၃) ၊ ဦးဖိုးလှိုင်လမ်းနဲ့ မင်းကြီးမဟာမင်းခေါင်လမ်းဒေါင့် https://www.myanmarlabournews.com/posts/wan-he-shuo-fashion-အလုပ်သမားများ-အချိန်ပို-ညလုံးပေါက်-အခမဲ့လုပ်ပေးရ
28 Bontech Manufacturing Garment အထည်ချုပ်     https://www.myanmarlabournews.com/posts/သာဓုကန်-စက်မှုဇုန်-bontech-အထည်ချုပ်စက်ရုံမှ-ရှင်သန်စရိတ်လုပ်ခလစာ-၁၃၀၀၀-တိုးမြှင့်ပေးရန်-တောင်းဆို
29 GTIG Guohua Glory (GTIG 2) အထည်ချုပ် ONLY, Bestseller ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ် ဝါးတရာစက်မှုဇုန် https://www.myanmarlabournews.com/posts/gtig-2-အထည်ချုပ်စက်ရုံ-ဒေးကြေး-တောင်းဆိုမှု-၁၁၅၀၀-ကျပ်-သာ-ရရှိ
30 LAT WAR (1) COMPANY LIMITED အထည်ချုပ်   လှိုင်သာယာမြို့နယ်၊ စက်မှုဇုန် ၃ https://www.myanmarlabournews.com/posts/လက်ဝါးအထည်ချုပ်-စက်ရုံ-၁-hr-မန်နေဂျာ-ဝန်ထမ်းမှ-တဆင့်-ငွေတိုးချေး-ဝန်ထမ်းထွက်ပြေး၍-ချေးငွေမယူဘဲ-နာမည်ပါသူတွေအား-လစာမှ-ဖြတ်ယူမည်ဆို
31 Myanmar Dongxin Garment Co.,Ltd အထည်ချုပ်   ရန်ကုန်မြို့၊ လှိုင်သာယာစက်မှုဇုန် ၃၊ နဝဒေးမင်းကြီးလမ်း https://www.myanmarlabournews.com/posts/myanmar-dongxin-အထည်ချုပ်စက်ရုံ-ပုတ်ပြတ်လုပ်သားများအား-လုပ်ခလျှော့ချမည်ဟု-ပြောဆို
32 Myanmar Jiale Fashion အထည်ချုပ်   ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ အလယ်ရွာမှတ်တိုင်အနီး၊ ရွှေလင်ဗန်းစက်မှုဇုန်၊ ဗန်းမော်အတွင်းဝန်လမ်း https://www.myanmarlabournews.com/posts/myanmar-jiale-fashion-စက်ရုံ-လစာမပေးနိုင်၍-လုပ်ငန်းခွင်-ရပ်တန့်နေ
33 Myanmar Pou Chen ဖိနပ်ချုပ် Adidas သာဓုကန်စက်မှုဇုန်၊ ရွှေပြည်သာမြို့နယ်၊ ရန်ကုန်မြို့။ https://www.myanmarlabournews.com/posts/adidas-ချုပ်-မြန်မာပေါင်ချိန်-စက်ရုံ-ကုန်ထုတ်ဆုကြေးပေးပြီး-ဝင်ငွေခွန်-ထပ်ဖြတ်
34 Myanmar Xiang He အထည်ချုပ်   ရန်ကုန်မြို့ ၊ မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက်ကံစက်မှုဇုန်၊ အင်းဝလမ်း https://www.myanmarlabournews.com/posts/myanmar-xiang-he-အထည်ချုပ်-လုပ်ခတိုးမြှင့်ရေး-တောင်းဆိုမှုတွင်-လက်နက်ကိုင်-အဖွဲ့များ-စက်ရုံအတွင်း-နေရာယူပေမဲ့-စက်ရုံဘက်က-လိုက်လျောမှု-ပြုလုပ်
35 Rainbow Tec Myanmar အထည်ချုပ် Sinsay , KARRIMOR ရန်ကုန်မြို့ ၊ မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက်ကံစက်မှုဇုန်၊ အင်းဝလမ်း https://www.myanmarlabournews.com/posts/rainbow-tec-myanmar-အထည်ချုပ်-လုပ်သက်တစ်နှစ်ကျော်သည်အထိ-လစားအဖြစ်-မခန့်https://www.myanmarlabournews.com/posts/rainbow-tec-myanmar-အထည်ချုပ်-လုပ်သက်တစ်နှစ်ကျော်သည်အထိ-လစားအဖြစ်-မခန့်
36 Sayan Outdoor Co,Ltd အထည်ချုပ်   ဝါးတရာစက်မှုဇုန်၊ သိမ်ချောင်းလမ်း https://www.myanmarlabournews.com/posts/sayan-outdoor-အထည်ချုပ်-လုပ်ခ-လစာ-လျှော့ပေး
37 Tianjin Fashion Milestone Garment အထည်ချုပ် VERO MODA ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်းစက်မှုဇုန်၊ ဆိပ်ကမ်းသာလမ်း https://www.myanmarlabournews.com/posts/ဒေးကြေးတိုးပေးဖို့-tianjin-fashion-milestone-garment-အလုပ်သမားတွေ-ဆန္ဒပြတောင်းဆိုနေ
38 Tsang Yih ဖိနပ်ချုပ် Adidas ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ် ၊ အပြင်ပဒံ ရပ်ကွက်အနီး၊ အနော်ရထာစက်မှုဇုန် အပိုင်း ၂ https://www.myanmarlabournews.com/posts/tsang-yih-ဖိနပ်စက်ရုံတွင်-လုပ်ခလစာ-တိုးမြှင့်ပေးရေး-တောင်းဆိုနေ
39 Golden Colour Fashion အထည်ချုပ်   ရန်ကုန်မြို့၊ ရွှေပြည်သာစက်မှုဇုန်၊ မြတောင်မင်းကြီး ဦးမှိုလမ်း https://www.myanmarlabournews.com/posts/golden-colour-fashion-က-အလုပ်သမားတွေကိုတရားစွဲဆိုထားမှု-ရုပ်သိမ်းဖို့တောင်းဆို
40 GTIG U&G (ရုံ-၁) အထည်ချုပ်   "
ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ်၊ ဝါးတစ်ရာစက်မှုဇုန်"
https://www.myanmarlabournews.com/posts/gtig-u-g-ရုံ-၁-ဒေးကြေးတိုး-တောင်းဆိုမှု-၃-နာရီအကြာမှာ-ပြေလည်မှုရ
41 Joy Time (Myanmar) Garment အထည်ချုပ်   ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ်၊ ဝါးတရာ စက်မှုဇုန် https://www.facebook.com/myanmar labournews/posts/pfbid0DAk1NZnEX5DgQVmSXAeywKXidNVC1zX4wcEQV8ZMnBDPsdkaYD8WAmBVbrSrNUHKl)
42 KSheng Myanmar အထည်ချုပ် Metaland သာဓုကန်စက်မှုဇုန် https://www.myanmarlabournews.com/posts/ksheng-အထည်ချုပ်-လိုင်းခေါင်းဆောင်-လုပ်အားခ-ခေါင်းပုံဖြတ်
43 LAT WAR (3) COMPANY LIMITED အထည်ချုပ် KAPALUA, REGATA, MAVI CONIN’s ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ စက်မှုဇုန် (၂)၊ ဆိပ်ကမ်းသာလမ်း https://www.myanmarlabournews.com/posts/lat-war-3-အထည်ချုပ်-ပိတ်ရက်-ဒေးကြေး-လျှော့ပေး
44 Suntime Jck အထည်ချုပ်   ရန်ကုန်မြို့၊ ရွှေပြည်သာစက်မှုဇုန် ၂ ၊ သံချပ်ဝန်ဦးညွှန်လမ်း https://www.myanmarlabournews.com/posts/suntime-jck-အထည်ချုပ်စက်ရုံတွင်-အလုပ်ရပ်-တောင်းဆိုမှု-ပြုလုပ်
45 UA Electronic Co.,Ltd အီလက်ထရောနစ်   "
ရန်ကုန်တိုင်း၊ ကျောက်တန်းမြို့နယ်၊ သီလဝါပြည်တွင်းစက်မှု့ဇုန်"
https://www.myanmarlabournews.com/posts/tsang-yih-ဖိနပ်စက်ရုံတွင်-လုပ်ခလစာ-တိုးမြှင့်ပေးရေး-တောင်းဆိုနေ
46 WHN Garment အထည်ချုပ် ET VOUS, PROMOD, CALLOPE,PUNT ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ ‌ရွှေလင်ဗန်းစက်မှုဇုန် ၂ ၊ ဆရာစံလမ်း https://www.myanmarlabournews.com/posts/whn-garment-စက်ရုံ-ကျွမ်းကျင်ကြေးများ-ဖြတ်တောက်ပေး

အချိန်ပို အတင်းအကျပ် ခိုင်းစေခြင်း

မေလအတွင်း အချိန်ပိုအတင်းအကျပ်ခိုင်းစေတဲ့ စက်ရုံလုပ်ငန်းပေါင်း ၂၄ ရုံပါဝင်တာကြောင့်  သတင်းဖော်ပြထားတဲ့ စက်ရုံ  ၅၀ ရာခိုင်းနှုန်းကျော်မှာ အချိန်ပို အတင်းအကျပ် ခိုင်းစေမှုတွေ ရှိနေတာလည်း ဖြစ်ပါတယ်။

အချိန်ပိုခိုင်းစေတဲ့ စက်ရုံတွေကတော့ Alland fashion Co.,Ltd ၊  Asdet ( Myanmar ) Garment Co.,Ltd ၊ Casico Garment ၊ Dishang Fashion Myanmar ၊ Double Packing Myanmar ၊ Feng Teng Garment Co.Ltd ၊ GTlG HUBO lndustiral Co.,Ltd (Myanmar) ၊ LITA MYANMAR ၊ Myanmar Belle International Co.Ltd (https://www.myanmarlabournews.com/posts/myanmar-belle-international-အထည်ချုပ်-အလုပ်သမားများ-ကျန်းမာရေး-ထိခိုက်သည်အထိ-အချိန်ပို-ရက်ဆက်ခေါ်)၊ Myanmar Handsome (https://www.myanmarlabournews.com/posts/myanmar-handsome-အထည်ချုပ်စက်ရုံ-မန်နေဂျာ-လုပ်ခလစာများ-ခေါင်းပုံဖြတ်နေ)၊ Myanmar Ju Chuan၊ Myanmar Stage၊ New Zhong Hui Co.,Ltd ၊ Precol Myanmar (https://www.myanmarlabournews.com/posts/precol-myanmar-စက်ရုံ-တွင်-အချိန်ပို-အတင်းကြပ်-ခေါ်ယူနေ)၊ S.H COMPANY LIMITED ၊ Sheng Jie (Myanmar) Clothing Co.,Ltd၊ Sky Fashion Myanmar Co.,Ltd၊ SUNLONE MYANMAR SPORTS CO, LTD ၊ Sunrise Myanmar Fashion Garment (https://www.myanmarlabournews.com/posts/sunrise-myanmar-fashion-နေ့စားများအား-အမြဲတမ်းခန့်ထားခြင်းမရှိဘဲ-အလုပ်ထုတ်-ကုန်အမှတ်တံဆိပ်ကိုယ်စားလှယ်များအား-လိမ်လည်) ၊ Tian Yu (https://www.myanmarlabournews.com/posts/ထျန်းယိ-ဖိနပ်စက်ရုံ-အချိန်ပို-အလွန်အကျွံ-ခိုင်းစေနေ)၊ WAN HE SHUO FASHION Co.,Ltd ၊ YUAN HONG GARMNENT (https://www.myanmarlabournews. com/posts/လုပ်ငန်းခွင်ဆိုင်ရာချိုးဖောက်မှုတွေ-မလုပ်ဖို့-yuan-hong-garmnent-အလုပ်သမားတွေ-တောင်းဆို) ၊ Zong Hong အထည်ချုပ်စက်ရုံတွေ ဖြစ်ကြပါတယ်။

အချိန်ပိုအတင်းအကျပ် ခိုင်းစေမှုတွေအားလုံးက CMP လုပ်ငန်းတွေမှာပဲ ဖြစ်ပွားခဲ့တာကို တွေ့ရပြီး လုပ်သားတွေ မှာ လူမှုရေး၊ ကျန်းမာရေးတွေ အဓိက ထိခိုက် နစ်နာရတယ်လို့ ပြောဆိုထားတာကိုတွေ့ရတယ်။

 

ကောင်းမွန်သည့် လုပ်ငန်းခွင် မရှိနေ

 

မြန်မာနိုင်ငံမှာ အလုပ်သမားတွေအတွက် လုပ်ငန်းခွင် လုံခြုံရေးနဲ့ ကျန်းမာရေးတွေ ပြည့်စုံဖို့ ၁၉၅၁  ခုနှစ် အလုပ်ရုံများ ဥပဒေကို ပြဌာန်းထားပါတယ်။ ဥပဒေနှစ်ကာလကြာလို့ ခေတ်ကာလအရ ပြည်စုံတဲ့ ဥပဒေ မဟုတ်ပေမဲ့ အဲ့ဒီ ဥပဒေပါ  ပြဌာန်းချက်တွေကိုပဲ လက်ရှိ စက်ရုံလုပ်ငန်းတွေက မလိုက်နာကြပါဘူး။

ကောင်းမွန်တဲ့ လုပ်ငန်းခွင် မဟုတ်တဲ့ အခြေအနေတွေကတော့ သန့်စင်ခန်းမလုံခြုံတာ၊ သန့်စင်ခန်း သန့်ရှင်းမှု မရှိတာ၊ သန့်စင်ခန်းသွားခွင့် ပိတ်ပင်တာ ကန့်သတ်တာ လုံလောက်မှုမရှိတာ ၊ သုံးရေ ကန့်သတ်တာ၊ ကြိုပို့ယာဉ် ကျပ်တည်းတာ၊ စီစဉ်မပေးတာ၊ ထမင်းစားဆောင် မပြည့်စုံတာ၊ လုံခြုံမှုမရှိတာ၊ ဆေးခန်းမရှိတာ၊ ဆေးဝါး မပြည့်စုံတာ၊ သူနာပြုတွေ မရှိတာ ၊ စက်ရုံ အပူဒဏ်ပြင်းထန်တာ၊ ပန်ကာတွေ ရေလိုက်ကာတွေကို မပြုပြင်တာ၊ အရေးပေါ်ထွက်ပေါက်ကျဉ်းတာ၊ ပိတ်ထားတာ၊ သောက်ရေမကောင်းတာ မလုံလောက်တာ၊  ဂိတ်ပတ်စ် မပေး တာတွေ ဖြစ်ပါတယ်။

ဒီလို ကောင်းမွန်တဲ့ လုပ်ငန်းခွင် ရှိမနေတဲ့ စက်ရုံလုပ်ငန်း ၁၉ ရုံပါဝင်တာကို မေလသတင်းတွေမှာ တွေ့ရပါတယ်။

အဲဒီစက်ရုံလုပ်ငန်းတွေကတော့ Alland fashion Co.,Ltd ၊ Asdet ( Myanmar ) Garment Co.,Ltd၊ Casico Garment ၊ Dishang Fashion Myanmar ၊  Double Packing Myanmar ၊ Feng Teng Garment Co.Ltd၊ LITA MYANMAR ၊ Mai Yi Bei Garment Manufacturing Co.Ltd ၊ Myanmar Belle International Co.Ltd ၊  Myanmar Fortress Wealth Garment ၊ Myanmar Ju Chuan ၊ Precol Myanmar ၊ Rainbow Tec Myanmar (https://www.myanmar labournews .com/posts/rainbow-tec-myanmar-အထည်ချုပ်-လုပ်သက် တစ်နှစ် ကျော်သည်အထိ-လစားအဖြစ်-မခန့်https://www.myanmarlabournews.com/posts/rainbow-tec-myanmar-အထည်ချုပ်-လုပ်သက်တစ်နှစ်ကျော်သည်အထိ-လစားအဖြစ်-မခန့်) ၊ Saiform International Garment (https://www.myanmarlabournews.com/posts/saiform-international-garment-အလုပ်သမား များ-ခွဲခြားဆက်ဆံ-ခံနေရ) ၊ Sheng Jie (Myanmar) Clothing Co.,Ltd၊ Sky Fashion Myanmar Co.,Ltd၊ SUNLONE MYANMAR SPORTS CO, LTD၊ Sunrise Myanmar Fashion Garment၊ YUAN HONG GARMNENT စတဲ့ စက်ရုံတွေ ဖြစ်ပါတယ်။

ကောင်းမွန်တဲ့ လုပ်ငန်းခွင် မရှိဘူးဆိုတဲ့ လုပ်ငန်းတွေ အားလုံးက အထည်ချုပ်လုပ်ငန်းတွေက အများစု  ဖြစ်ပါတယ်။

 

ဖိအားပေး ခြိမ်းခြောက်ခိုင်းစေခြင်း

 

မေလအတွင်း ဖိအားပေး ခြိမ်းခြောက်ခိုင်းစေတဲ့ စက်ရုံအလုပ်ရုံပေါင်း ၁၈  ရုံ ရှိတာကို သတင်းတွေမှာ တွေ့ရပါတယ်။ ဒါက သတင်းတွေရဲ့  ၄၀ ရာခိုင်နှုန်းလောက် ရှိနေတာ ဖြစ်ပါတယ်။

ဖိအားပေး ခြိမ်းခြောက်တဲ့ ပုံစံတွေကတော့ အလုပ်နားချိန်မှာ လုပ်ကိုင်ခိုင်းတာ၊ လုပ်ခမပေးဘဲ အတင်းချုပ် ခိုင်းတာ၊ အထည်ချိန် ပြည့်ဖို့ ဖိအားပေး တောင်းတာ၊ အတင်းအကျပ် လက်မှတ်ထိုးခိုင်းတာ၊ အချိန်ပို ခြိမ်းခြောက် လုပ်ကိုင်ခိုင်းတာ၊ အလုပ်ထွက်ဖို့ ဖိအားတာ၊ ဖိအားပေး အလုပ်ထုတ်တာ၊ လုပ်ခလစာလျှော့မယ်ဆိုပြီး တရားစွဲမယ်ဆိုပြီး ခြိမ်းခြောက်တာ၊ လစာ ဖြတ်တောက်မယ်ဆိုပြီး ခြိမ်းခြောက်တာ၊ လုပ်ခလစာပေးချေမှုပုံစံပြောင်းမယ်ဆိုပြီး ခြိမ်းခြောက်တာ၊ အထည်စံချိန် ခြိမ်းခြောက်ပြီး တောင်းတာ၊ တောင်းဆိုမှုအတွင်း ခြိမ်းခြောက်တာ၊ အထည်စံချိန်မပြည့်လို့ အတင်းအကျပ် အချိန်ပိုဆင်းခိုင်းတာ၊ ရပိုင်ခွင့် ဖြတ်တောက်မယ်ဆိုပြီး ခြိမ်းခြောက် စတာတွေကို တွေ့ရှိရပါတယ်။

ဖိအားပေးခြိမ်းခြောက်မှုတွေကို  Asdet ( Myanmar ) Garment Co.,Ltd ၊ Casico Garment ၊ Dishang Fashion Myanmar ၊ Double Packing Myanmar၊ GTlG HUBO lndustiral Co.,Ltd (Myanmar) ၊ LAT WAR (1) COMPANY LIMITED (https://www.myanmarlabournews.com/posts/လက်ဝါးအထည်ချုပ်-စက်ရုံ-၁-hr-မန်နေဂျာ-ဝန်ထမ်းမှ-တဆင့်-ငွေတိုးချေး-ဝန်ထမ်းထွက်ပြေး၍-ချေးငွေမယူဘဲ-နာမည်ပါသူတွေအား-လစာမှ-ဖြတ်ယူမည်ဆို) ၊ LITA MYANMAR ၊ Mai Yi Bei Garment Manufacturing Co.Ltd ၊ Myanmar Dongxin Garment Co.,Ltd ၊  Myanmar Stage ၊ Precol Myanmar ၊ Saiform International Garment ၊ Sayan Outdoor Co,Ltd ၊ Sky Fashion Myanmar Co.,Ltd ၊  SUNLONE MYANMAR SPORTS CO, LTD ၊ Tian Yu ၊ YUAN HONG GARMNENT ၊ Zong Hong  စတဲ့ စက်ရုံတွေရဲ့ သတင်းမှာ တွေ့ရပါတယ်။

 

ဥပဒေပါ ခွင့်ခံစားခွင့် မရခြင်း

 

ဥပဒေပါ ခွင့်ရက်တွေကို စက်ရုံဘက်က မပေးလို့ အလုပ်သမားတွေနစ်နာ ခဲ့တာက နှစ်ပေါင်း အတော်ကြာပြီ ဖြစ်သလို တိုင်ကြားမှုတွေကို အလုပ်သမားဝန်ကြီးဌာနဘက်က အရေးယူတာမျိုး လုံးဝ မရှိပါဘူး။ 

ဒီလို အရေးယူမှုတွေ မရှိလို့ လုပ်ခလစာ မရတာ၊ ခြိမ်းခြောက်ခံရတာ၊ အလုပ်ထုတ်ခံရတာနဲ့ ခွဲခြားဆက်ဆံခံရတာ စတာတွေ ခံစားရပြီး နစ်နာမှုတွေ ရှိနေတာပါ။

မေလအတွင်း ဥပဒေပါ ခွင့်ရက်တွေမပေးဘူးဆိုတဲ့ စက်ရုံတွေကတော့ Alland fashion Co.,Ltd ၊ Casico Garment၊  Dishang Fashion Myanmar ၊ Double Packing Myanmar ၊ Feng Teng Garment Co.Ltd ၊ GTlG HUBO lndustiral Co.,Ltd (Myanmar) ၊ LITA MYANMAR ၊ Mai Yi Bei Garment Manufacturing Co.Ltd ၊ Myanmar Belle International Co.Ltd ၊ Myanmar Fortress Wealth Garment ၊ Myanmar Ju Chuan ၊ Myanmar Stage ၊ New Zhong Hui Co.,Ltd နဲ့ Sky Fashion Myanmar Co.,Ltd   စတဲ့ စက်ရုံတွေ ဖြစ်ပြီး သတင်းတွေမှာ တွေ့ရပါတယ်။

 

ဆဲဆိုခိုင်းစေခြင်း

မေလအတွင်း ဆဲဆိုခိုင်းစေတယ်ဆိုတာတွေကို စက်ရုံ ၁၁ ရုံရဲ့ သတင်းတွေမှာ တွေ့ရပါတယ်။  သတင်း ဖော်ပြထားတဲ့ စက်ရုံ ၄၆ ရုံရဲ့ ၄ ပုံ ၁ ပုံနီးပါး ရှိတဲ့ အရေအတွက်လည်း ဖြစ်ပါတယ်။

လုပ်ငန်းခွင် ဆဲဆိုခိုင်းစေမှုတွေက စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရတယ်ဆိုပြီး အလုပ်သမားတွေက ပြောဆိုပါတယ်။ နောက်ဆက်အတွဲ အလုပ်အပေါ် ယုံကြည်မှုနည်းပါးတာ၊ ကျန်းမာရေး ချို့ယွင်းတာ၊ အရှက်ရတာကနေ လုပ်ငန်းခွင် ထွက်ရတဲ့ ဖြစ်ပွားခဲ့တယ်လို့ ပြောထားပါတယ်။

ဆဲဆိုမှုတွေကို အဓိက ပြုလုပ်သူတွေက စက်ရုံက အဓိက တာဝန်ရှိသူ အပါအဝင် အဆင့်ဆင့်သော ကြီးကြပ်သူတွေပါဝင် တာကိုလည်း တွေ့ရပါတယ်။

ဖြစ်ပွားနေတဲ့ စက်ရုံတွေကတော့ Alland fashion Co.,Ltd ၊ Casico Garment ၊ Dishang Fashion Myanmar ၊ Feng Teng Garment Co.Ltd ၊ Myanmar Fortress Wealth Garment ၊ New Zhong Hui Co.,Ltd  ၊ S.H COMPANY LIMITED ၊ Saiform International Garment ၊ Sheng Jie (Myanmar) Clothing Co.,Ltd ၊ Sky Fashion Myanmar Co.,Ltd နဲ့ WAN HE SHUO FASHION Co.,Ltd  ဖြစ်ပါတယ်။

 

သတင်းမှာ ဖော်ပြပြီးနောက် မေလအတွင်း တုန့်ပြန် ညှိနှိုင်း ဖြေရှင်းခဲ့တဲ့ စက်ရုံ အလုပ်ရုံ ၁၀ ရှိခဲ့ပါတယ်။ ဒါပေမဲ့၊ နေစားလုပ်သား တွေအပေါ် ချိုးဖောက်တဲ့ စက်ရုံက  ၉ ရုံ၊  လုပ်ငန်းခွင် ခွဲခြားမှုနဲ့ ကြီးကြပ်ရေးမှူးမှ ငွေကြေး ဖြတ်တောက်တဲ့ စက်ရုံက ၆  ရုံစီ ၊  ဥပဒေမဲ့ အလုပ်ထုတ် တဲ့ စက်ရုံက  ၅ ရုံ၊ စစ်ဆေးမှုအား လိမ်လည်ဖြေကြား တိမ်းရှောင်ခိုင်းတဲ့ စက်ရုံက ၄ ရုံ၊ WCC ဥပဒေများအား မလိုက်နာဘဲ့  ဖေါက်ဖျက်တဲ့ စက်ရုံက ၄ ရုံ၊ အလုပ်ချိန် ၅ နာရီကျော် ဆက်တိုင်လုပ်ကိုင်ခိုင်းတဲ့ စက်ရုံက ၄ ရုံ၊ ကလေးလုပ်သားများအား ခိုင်းစေတဲ့ စက်ရုံက ၃ ရုံ၊ ကိုယ်ဝန်ဆောင်  လုပ်သားတွေအပေါ် ချိုးဖောက်တဲ့စက်ရုံက ၃ ရုံ ၊  EC စာချုပ် ဥပဒေကို ချိုးဖောက်တဲ့ စက်ရုံက  ၃ ရုံ၊  နားချိန်အပြည့် မရတဲ့ စက်ရုံက ၃ ရုံ၊ အတင်းအကျပ် ရက်စား ဆင်းခိုင်းတဲ့ စက်ရုံက ၂ ရုံ၊ သမဂ္ဂဖြိုခွဲတဲ့ စက်ရုံက ၁ ရုံ၊ လုပ်ငန်းခွင်ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ စက်ရုံက ၁ ရုံ၊ လူမှုဖူလုံရေး ဥပဒေကို ချိုးဖောက်တဲ့စက်ရုံက ၁ ရုံ ပါဝင်တာ တွေ့ရပါတယ်။

မေလအတွင်း အလုပ်သမားတွေ တောင်းဆိုမှုတွေ ဆက်တိုက်ပေါ်ပေါက်လာပြီး လုပ်ခ လစာတိုးမြှင့်ရရှိခဲ့ပေမဲ့ အလုပ်သမားတွေ နစ်နာမှုတွေ ဆက်တိုက်ရှိနေဆဲ ၊ အခွင့်အရေးတွေ ဆုံးရှုံးနေဆဲဆိုတာကိုတွေ့ရပါတယ်။ လုပ်ငန်းခွင် အတွင်း တာဝန်ရှိသူ ဆုံးဖြတ်နိုင်သူတွေက ငွေကြေး ဖြတ်တောက်မှုတွေ၊ ခွင့်ရက်မပေးဘဲ လုပ်ခဖြတ်တောက်မှု တွေက ဆက်တိုက် ဖြစ်ပေါ်နေပြီး လျော့ပါးတဲ့ အခြေအနေတွေမှာ မရှိသေးတာကိုလည်း တွေ့ရှိရပါတယ်။

Myanmar Labour Socitey က အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုတွေကို လစဉ် စောင့်ကြည်ပြီး တွေ့ရှိချက် တွေကို ထုတ်ပြန်တာက အလုပ်သမားတွေ၊ အလုပ်ရှင်တွေ၊ အလုပ်သမားရေး တက်ကြွ လှုပ်ရှားသူတွေ၊ အလုပ်သမား အဖွဲ့ချုပ်တွေနဲ့ ပြုပြင်ပြောင်းလဲ နိုင်သူ အတွက်လည်း ရည်ရွယ်ပါတယ်။ တွေ့ရှိချက်တွေကနေ တစ်ဆင့်  လာမဲ့ အနာဂတ်မှာ ဥပဒေနဲ့ အခွင့်အရေးတွေအတွက် အရံသင့် ဖြစ်နေဖို့လည်း မျှော်လင့်ထားပါ ကြောင်း တင်ပြလိုက်ပါတယ်။

 

 

ရေးသားသူ    - မင်းနီကျော်
တည်းဖြတ်    - ဆုလာဘ်ဖြူ
ဒီဇိုင်း        -     ကျော်ကြီး

သတင်းရေးသားသူများ
- ဆုလာဘ်ဖြူ
- မင်းနီကျော်
- မမ
- ယွန်းဆက်

Myanmar Labour News ရဲ့ လစဉ်အစီရင်ခံစာထွက်ရှိနိုင်ရေး နဲ့ အရည်အသွေးကောင်းမွန်တဲ့ လစဉ် နှစ်စဉ် အစီရင်ခံစာတွေ ထွက်ရှိနိုင်ရေး ထောက်ပံ့ကူညီမှုတွေ ပြုလုပ်နိုင်ရန်အ တွက် ဖိတ်ခေါ်ပါတယ်။

Myanmar Labour Society 
Research Team

Download PDF