NEWS

SUNLONE MYANMAR SPORTS CO, LTD စက်ရုံတွင် အချိန်ပို မဆင်းနိုင်သူအား အလုပ်ထွက်ခိုင်း

CoverLogo
538 Views
 
SUNLONE MYANMAR SPORTS CO, LTD ကျောပိုးအိတ်စက်ရုံက နားရက်မရှိ အချိန်ပိုဆင်းခိုင်းပြီး မဆင်းနိုင်သည့် အလုပ်သမားတွေကို အလုပ်ထွက်ဖို့ ပြောဆိုတယ်လို့ အလုပ်သမား တွေက ပြောပါတယ်။
 
၄လပိုင်း (ဧပြီ )ကတည်းက အချိန်ပိုတွေ လုပ်ကိုင်ခဲ့ ရတာဖြစ်ပြီး လာမဲ့ ဩဂုတ် လအထိ လုပ်ရမယ်လို့ စက်ရုံဘက် ပြောဆိုနေတာလို့ မြန်မာနိုင်ငံအထွေထွေ အလုပ်သမား သမဂ္ဂများအဖွဲ့ချုပ် - FGWM ကို အလုပ်သမားတွေက ပြောပါတယ်။
 
"နေ့တိုင်း ည ၈ နာရီခွဲ ထိဆင်းပေးရတယ်။ ၉လပိုင်းထိ အချိန်ပိုခေါ်မယ်ပြောတယ် ။ ကြာတော့ကျန်းမာရေး ထိခိုက်လာတယ်။ရက်ဆက်ဆိုတော့ မဆင်းနိုင်တော့ဘူး ။ အရမ်းပင်ပန်းတယ်၊ နောက်ကျမှဆိုတော့ အိမ်ပြန် လမ်းမှာ မလုံခြုံတာတွေရှိလာတယ်"လို့ အလုပ်သမားတွေက ပြောပါတယ်။
 
အချိန်ပိုတွေ အများအပြားလုပ်ကိုင်ရလို့ နားရက်တောင်းခဲ့ပေမဲ့ မရသလို တာဈန်ရှိသူတွေက ခြိမ်းခြေက်ပြောဆိုတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
"တစ်ရက်တလေနားချင်လို့ ခွင့်တောင်းလည်းခွင့်မပေး ။ ခွင့်ယူရင်လည်း ဆူပူကြိမ်းမောင်းတာခံရတယ် ။ OT မဆင်းနိုင်ရင်အလုပ်ထွက်ဆိုပြီး ခြိမ်းခြောက်တာခံရတယ် ။ " လို့ပြောပါတယ်။
 
စက်ရုံဘက်က ခွင့်မပေးတဲ့ အပြင် ရက်ပျက် သတ်မှတ်ပြီး ရက်မှန်‌ ကြေး အဖြတ်ခံရတယ်လို့ သိရပါတယ်။ "တစ်ရက် အလုပ်ပျက်တာနဲ့ ရက်မှန်‌ကြေး အကုန်ဖြတ်တယ် ၊ နေမကောင်းလို့ အရေးတကြီး ကိစ္စရှိလို့ ဂိတ်ပတ်တောင်းလည်း‌ အလွယ် တကူမရဘူး ။ အဆင့်ဆင့်ခွင့်တောင်းရတာ မလွယ်ပါဘူး ။၊ ညဘက်ဆို တချို့အမျိုး သမီးတွေက ကားမှတ်တိုင်နဲ့ အိမ်နဲ့ဝေးလို့ လမ်းလျှောက်ပြန်ရတာတွေ ရှိတယ် တချိုးလည်း အရမ်းဝေး တဲ့နေရာတွေပြန်ရ‌တော့ အလုပ်သမားတွေမှာ အစစအရာရာ လုံခြုံမှုမရှိဘူး ။ စိုးရိမ်နေရတယ် ။ “ လိုပ အလုပ်သမားတစ်ဦး ကပြောပါတယ်။
SUNLONE MYANMAR SPORTS CO, LTD စက်ရုံမှာ A ရုံ B ရုံ နှစ်ရုံခွဲထားပြီး အချိန်ပို အလွန်အကျွံခေါ်တဲ့ စက်ရုံက Bရုံ လို့ သိရပါတယ်။
 
"Aရုံက လက်အိတ်တွေချုပ်တယ်။ Bရုံက ကျောပိုးလွယ် အိတ်ချုပ်တယ် ။ OT စနေနေ့ဆိုလည်း ညနေ ၆ နာရီခွဲကို အပတ် တိုင်းဆင်း ပေးနေရတာ။" လို့ အလုပ်သမားတွေက ပြောပါတယ်။
 
SUNLONE MYANMAR SPORTS CO, LTD စက်ရုံမှာ MADE IN MYANMAR တံဆိပ်ပါ အိတ်တွေချုပ်နေပြီး တရုတ်နိုင်ငံကို ပို့‌ ဆောင်မယ်လို့ သိရပါတယ်။ လက်ရှိ ၅၀၀ ဝန်းကျင် လုပ်ကိုင်နေတယ်လို့ သိထားပါတယ်။
စက်ရုံက ရန်ကုန်တိုင်း ၊ ရွှေပြည်သာစက်မှုဇုန် ၊နွားခြံမှတ်တိုင်အနီးမှာ ရှိပြီး တရုတ်နိုင်ငံသားပိုင် စက်ရုံ ဖြစ်ပါတယ်။
 

Related posts

Cover
ပေါ်တာဆွဲခံရမည် စိုးရိမ်သဖြင့် အမျိုးသား လုပ်သားများ အိမ်နှင့်နီးသည့် လုပ်ငန်းခွင်များ တွင်သာ လုပ်ကိုင်မှု များလာ
Mar 31, 2026
Cover
Jade Blue အထည်ချုပ် အချိန်ပိုမဆင်းလို့ အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Mar 31, 2026
Cover
Sunrise Garment စက်ရုံ အထည်စံချိန်မပေးနိုင်ပါက ရပိုင်ခွင့် လျှော့ချမည်ဟု ခြိမ်းခြောက်
Mar 31, 2026
Cover
STUM ဦးဆောင်သူ ဒေါ်မျိုးအေးရဲ့အယူခံဝင်မှုအား ပလပ်၊ ဒုတိယအကြိမ်အယူခံတင်မည်
Mar 31, 2026
Cover
Asdet Myanmar Garment .စက်ရုံ အထည်စံချိန်တိုးတောင်းပြီး ဖိအားပေး အတင်းအကျပ် ချုပ်ခိုင်း
Mar 31, 2026
Cover
Jinli Garment တိုင်ကြားလို့ ဆိုပြီး အလုပ်သမားများအား ခြိမ်းခြောက်
Mar 27, 2026
Cover
ဝါးတရာစက်မှုဇုန် ရှိ ပလတ်စတစ်စက်ရုံ မှ အလုပ်သမား ၁၈ ဦးခန့် ဓာတုအဆိပ်သင့်မှုဖြစ်ပွား
Mar 26, 2026
Cover
စုယုအိ အထည်ချုပ် စက်ရုံ ပြန်ချိန် သတ်မှတ်ချက်မရှိဘဲ အချိန်ပို ဆင်းခိုင်း
Mar 26, 2026