NEWS

GTIG U & G (ရုံ-၁) ဒေးကြေးတိုး တောင်းဆိုမှု ၃ နာရီအကြာမှာ ပြေလည်မှုရ

CoverLogo
470 Views
 
ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ ဝါးတစ်ရာစက်မှုဇုန်ရှိ GTIG U&G (ရုံ-၁) အထည်ချုပ်စက်ရုံမှ စက်ရုံလုပ်သား တစ်ထောင်ကျော်ခန့်သည် မေလ ၂၇ ရက်နေ့က အနည်းဆုံးလုပ်ခလစာ Day ကြေး (၁၃,၀၀၀) ကျပ် နှင့် အချိန်ပိုကြေး (၃,၀၀၀) ကျပ် ရရှိရေးအတွက် အလုပ်ရပ်တောင်းဆိုပြီး ပြေလည်မှုရခဲ့တယ်လို့သိရပါတယ်။
 
"ယနေ့ နေ့လည်မှစတင်တောင်းဆိုခဲ့သည့်လုပ်ခလစာ နှင့်ပတ်သက်သည့်တောင်းဆိုမှူ မှာ ၃ နာရီအကြာ ပြေလည်မှူရရှိပြီး တောင်းဆိုချက်များအားလုံးမှာ ရုံ(၂) နှင့်အတူတူ ခံစားခွင့်ရရှိပြီး သဘောတူစာချုပ် ချုပ်ဆိုနိုင်ခဲ့တယ်" လို့ STUM က ထုတ်ပြန်ထားပါတယ်။
 
GTIG 2 စက်ရုံ မှ အနည်းဆုံးအခကြေးငွေ (၁၃,၀၀၀)ကျပ်၊ အချိန်ပိုကြေး (၃,၀၀၀) ကျပ် ရရှိရေး တောင်းဆိုခဲ့ရာ ညှိနှိုင်းမှုအရ Day ကြေး (၁၁,၅၀၀)ကျပ်၊ အချိန်ပိုကြေး (၂,၁၀၀) ကျပ်အား သဘောတူညီမှုရရှိခဲ့ပြီး နှစ်ဘက်သဘောတူစာချုပ် ချုပ်ဆိုင်နိုင်ခဲ့ကြတာပါ။
 
မြန်မာနိုင်ငံမှာ ကုန်စျေးနှုန်းနှင့် လူနေမှုစရိတ်မြင့်မားလာတဲ့အတွက် လက်ရှိ သတ်မှတ်ထားတဲ့ အနည်းဆုံးလုပ်ခလစာဟာ စက်ရုံလုပ်သားများ စားဝတ်နေရေးအတွက်ဖူလုံမှုမရှိတော့တဲ့ အတွက် အခြေခံစက်ရုံလုပ်သားတွေအနေနဲ့ အခြေခံလုပ်ခလစာ တိုးမြင့်ရေးအတွက် တောင်းဆိုမှုတွေများ လာပါတယ်။

Related posts

Cover
New plus စက်ရုံ အလုပ်သမားများ ပေးစာ
Dec 24, 2025
Cover
onhnson Company limited စက်ရုံက မတရားမှု လုပ်နေလို့ပါ
Dec 24, 2025
Cover
Myanto Industrial အထည်ချုပ်စက်ရုံ အထည်ခိုးယူသည်ဟု အတင်းအကျပ် ဝန်ခံခိုင်းပြီး အလုပ်ထုတ်
Dec 24, 2025
Cover
CYKK အထည်ချုပ်စက်ရုံ အချိန်ပိုကြေး မပေးဘဲ ခိုင်းစေ
Dec 23, 2025
Cover
Myanmar Sport စက်ရုံက တရားဝင်ရုံးပိတ် မပိတ်ဟု လိမ်လည် အလုပ်ဆင်းခိုင်း
Dec 22, 2025
Cover
သာဓုကန်စက်မှုဇုန် ရှိ Bontech အထည်ချုပ်စက်ရုံ တွင် အလုပ်သမားသမဂ္ဂဖြိုခွဲရန် ဖိအားပေးမှုများ ဖြစ်ပွား
Dec 18, 2025
Cover
Tianjin fashion Milestone အထည်ချုပ် QC မစစ်ဘဲ ကွန်တိန်နာတင်
Dec 18, 2025
Cover
Haejii (Myanmar) apparel (အထည်ချုပ်) စက်ရုံ ခွင့်ရက်နှင့် ခွင့်ခံစားခွင့် မပေးဘဲ လစာဖြတ်နေ
Dec 18, 2025