NEWS

ဒေးကြေးတိုးပေးဖို့ Tianjin Fashion Milestone Garment အလုပ်သမားတွေ ဆန္ဒပြတောင်းဆိုနေ

CoverLogo
297 Views
ဒေးကြေးတိုးပေးဖို့ Tianjin Fashion Milestone Garment အလုပ်သမား ၄၀၀ ကျော်  လုပ်ငန်းခွင်ရပ်နားပြီး ဆန္ဒပြတောင်းဆိုနေ တယ်လို့ သိရပါတယ်။
 
အဆိုပါ လုပ်ငန်းခွင်က တရုတ်နိုင်ငံသားပိုင်ဖြစ်ပြီး ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ် ရွှေလင်ဗန်းစက်မှုဇုန် ဆိပ်ကမ်းသာလမ်းမှာ ဖွင့်လှစ်လုပ်ကိုင်နေတာပါ။
 
ခေတ်ကာလနှင့်လျော်ညီတဲ့ ဒေးကြေး သတ်မှတ်ပေးဖို့ တောင်းဆိုတာဖြစ်ပြီး ဒေးကြေးအလိုက် အချိန်ပိုကြေးတိုးပေးဖို့ တောင်းဆိုနေတာပါ။
 
"ဒေးကြေး ၁၃၀၀၀ ကျပ်နဲ့  ဒေးကြေးအလိုက် အချိန်ပိုအိုတီ ကြေးတောင်းဆိုတာ"လို့ အလုပ်သမားကပြောပါတယ်။
 
စက်ရုံ ၂ ရုံပေါင်း အလုပ်သမား ၁၀၀၀ ဝန်းကျင် ရှိပြီး VERO MODA အမှတ်တံဆိပ်ချုပ်လုပ်နေတာလို့ သိရပါတယ်။
 
လက်ရှိမှာတော့ ဒေးကြေး ထောက်ပံ့ကြေး စုစုပေါင်း ၈၈၀၀ ကျပ် သာရရှိတာကြောင့် စားဝတ်နေရေးအခက်အခဲတွေနဲ့ ကြုံနေရတယ်လို့ ပြောပါတယ်။
 
လုပ်ငန်းခွင်မှာ ကြီးကြပ်သူတွေက အလုပ်သမားတွေကို ကြမ်းတမ်းစွာ အော်ဟစ်ပြောဆိုခိုင်းစေတာ အထည်စံချိန် တဖက်သတ်သတ်မှတ်ပြီး အတင်းအကျပ်တောင်းခံတာနဲ့ တနင်္ဂနွေနေ့မှာ အချိန်ပို အတင်းအကျပ် ဆင်းခိုင်းပြီး ပိတ်ရက် အနားမပေးတာ ဆေးပေးခန်းမှာ ဆေးမရှိတာ စတဲ့ အခြေအနေတွေကြောင့်လည်း လုပ်ငန်းခွင်မှာ အခက်အခဲတွေနဲ့ ကြုံနေရတယ်လို့ အလုပ်သမားတွေက ပြောထားပါတယ်။

Related posts

Cover
ဒေးကြေး ၁၃၀၀၀ ကျပ်သို့ တိုးမြှင့်ရေး Rum Yang လုပ်သားတွေ ၄ ရက်မြောက်တောင်းဆို
Jun 11, 2025
Cover
Shunrong Garment Myanmar လူမှုဖူလုံရေး လစဉ် ပေးသွင်းရပေမဲ့ ဆေးခွင့်မပေး
Jun 11, 2025
Cover
Create Beauty (Myanmar) Kinitted စက်ရုံ တစ်လ ၂ ရက်ပဲ အနားပေး၊အချိန်ပို မဆင်းသည့် လုပ်သားများအား အလုပ်ထုတ်
Jun 10, 2025
Cover
ETEC စက်ရုံအလုပ်သမား တဦး ဖမ်းဆီးခံရ
Jun 10, 2025
Cover
မြန်မာကျွိချွမ်း ဖိနပ်စက်ရုံတွင် လုပ်ခလစာ တိုးမြှင့်ရေး အလုပ်သမားများ တောင်းဆို
Jun 10, 2025
Cover
Ram Yang အထည်ချုပ် လုပ်သားတွေ ဒေးကြေးတိုးပေးရန် ဆက်လက်တောင်းဆို
Jun 09, 2025
Cover
New Plus အထည်ချုပ် စက်ရုံကို တိုင်ကြားချင်ပါတယ် ရှင့်။
Jun 09, 2025
Cover
Myanmar Ju Chuan စက်ရုံ အလုပ်သမားဆန္ဒမပါဘဲ ရက်တွက် လစာ သတ်မှတ်
Jun 08, 2025