NEWS

Sayan Outdoor အထည်ချုပ် လုပ်ခ လစာ လျှော့ပေး

CoverLogo
495 Views
တိုင်စရာလေးရှိလို့ပါ။ စန်းရန် အထည်ချုပ် (Sayan Outdoor Co,Ltd) စက်ရုံကို တိုင်ချင်လို့ပါ။ စက်ရုံက အလုပ်ခေါ်တော့ ဒေးကြေး ကျပ် တစ်သောင်းပေးမယ် ပြောပြီး ခေါ်ပါတယ်။ အခုတော့ ၁၅ ရက် မပြည့်တဲ့ အလုပ်သမားတွေကို ဒေးကြေး ၄၈၀၀နဲ့ တောက်ပံကြေး ၂၀၀၀ အားလုံးပေါင်း ၆၈၀၀ ပဲ ပေးမယ်လို့ပြောနေလို့ ပါ။
 
စက်ရုံဘက်က လိုအပ်ချက်ရှိလို့ စက်ရုံပိတ်တာကို စနေနေ့မှာ အဲ့ဒီနေ့အတွက် ရက်စားဆိုပြီး ည ၆နာရီခွဲထိ အလုပ်ဆင်းခိုင်းပါတယ်။
 
ဟက်ပါ(အကူလုပ်သားတွေ) ကို စက်သမားတွေနဲ့ တန်းတူ ဒေးကြေး တစ်သောင်းပေးမယ်ဆိုပြီး အခု ၉၀၀၀ နဲ့ပဲ ရှင်းမယ် ပြောပြန်ပါတယ်။
 
ဂိတ်ပတ်စ် ယူလို့ နာရီဝက်ထက်ကျော်ရင် ကျပ် ၁၀၀၀၀ ဖြတ်မယ်လို့ ပြောပြန်ပါတယ်။ စက်ရုံမှာ လုပ်သား ၂၀၀ ဝန်းကျင်ပဲ ရှိပါတယ်။ အထည်ချုပ် စက်ရုံပါ။ စက်ရုံဖွင့်တာ ၃လ မပြည့်သေးပါဘူး။ Wcc အဖွဲ့လည်း မရှိတော့ ဘယ်သူ့ ပြောရမှန်း မသိလို့ပါ။
 
စက်ရုံက ဝါးတရာစက်မှုဇုန်၊ သိမ်ချောင်းလမ်းမှာပါ။ (စက်ရုံဘက်က အလုပ်ခေါ်တားတဲ့ လုပ်ခစာတွေကတော့ Day ကြေး၄၈၀၀+ အစိုးရ ထောက်ပံ့ကြေး ၂၀၀၀ , စက်ရုံ မုန့်ဖိုး ၃၂၀၀, Ot ကြေး ၁၂၀၀, Ot မုန့်ဖိုး ၁နာရီ ကျပ် ၈၀၀, ရက်မှန်ကြေး ၄၀၀၀၀, Grade ကြေး (A+ ၁၀၀၀၀၀ , A ၈၀၀၀၀ ,B ၅၀၀၀၀ ,C ၃၀၀၀၀). ဆိုပြီး ရေးသားထားပါတယ်။)

Related posts

Cover
Juntai (Fu Yuan) Garment Co.,Ltd စက်ရုံတွင် ဆဲဆို ဖိအားပေး အထည်စံချိန်တောင်းနေ
Feb 17, 2026
Cover
Myanmar Yangon Richang Apparel (Nisho) စက်ရုံတွင် မိုးအလင်း အချိန်ပို လုပ်ကိုင်ရ
Feb 17, 2026
Cover
Asdet Myanmar Garment အချိန်ပို အတင်းအကျပ် ခိုင်းစေခြင်း
Feb 17, 2026
Cover
Golden & Five Myanmar အထည်ချုပ်စက်ရုံ အလုပ်သမားများအား မတရားအလုပ်ထုတ်
Feb 17, 2026
Cover
အလုပ်သမားခန့်ထားရာမှာ ကြားခံကုမ္ပဏီတွေအသုံးပြုကာ လုပ်သားအခွင့်အရေးလျှော့ချမှုတွေ့ရှိ
Feb 16, 2026
Cover
Golden Maple Leaf Myanmar အထည်ချုပ် အချိန်ပိုမဆင်းသည့် အလုပ်သမားများအား ဥပဒေမဲ့ အရေးယူ
Feb 13, 2026
Cover
Victory Fishion အထည်ချုပ် အချိန်ပို တလ နာရီ ၁၀၀ ကျော် လုပ်ကိုင် ရ
Feb 13, 2026