NEWS

Double Packing Myanmar စက်ရုံ အလုပ်သမားများ တစ်လ နားရက် ၂ ရက်ပဲရ

CoverLogo
551 Views
 
လှိုင်သာယာမြို့နယ်၊ အနော်ရထာစက်မှုဇုန်ရှိ Double Packing Myanmar စက်ရုံမှာ အလုပ်သမား‌‌ တွေ တစ်လမှာ ၂ ရက်ဝန်းပဲ နားရက် ရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ စက်ရုံမှာ နေ့ဆိုင်း၊ ညဆိုင်း အလှည့်ကျဆင်းရပြီး တစ်လ တစ်ရက် ဒါမှမဟုတ် နှစ်ရက်သာ အနားရတယ်လို့ ပြောပါတယ်။
"တစ်လလုံးမှ အများဆုံး နားရက် ၂ ရက်ပဲ၊ တစ်ခါတစ်ရံ ၁ ရက်ပဲ နားရတယ်။ နေမကောင်းလို့ ခွင့်ယူပါကလည်း မရဘူး။ ကိုယ့်သဘောနဲ့ ကိုယ် အလုပ်မဆင်းတာ ဆိုပြီး သဘောနဲ့ အလုပ်မဆင်းတာ ဆိုပြီး ဝမ်တိန် ထိုးရတယ်" လို့ အမျိုးသမီး အလုပ်သမားတက ပြောပါတယ်။
စက်ရုံတွင် အစမ်းခန့်ကာလ ၃ လ ပြည့်ပြီးနောက် EC စာချုပ် ချုပ်ဆိုထားသော်လည်း အမြဲတမ်းဝန်ထမ်းအဖြစ် မခန့်တဲ့ အလုပ်သမား ၆၀ ဝန်းကျင် ရှိတယ်လို့ အလုပ်သမားတွေက ပြော ပါတယ်။
"အဲ့ဒီ ၆၀ လောက်က တရားဝင် အလုပ်သမားလို့ မခန့်တာ၊ အရင် ရှိနေတဲ့ အလုပ်သမားတွေနဲ့ တန်းတူလုပ်ရတယ်။ ဒါပေမဲ့ ဝန်ကြီးဌာနက ပေးတဲ့ ထောက်ပံ့ကြေးကို တစ်ရက် ၁,၀၀၀ ပဲ ရတယ်" လို့ ပြောပါတယ်။
စက်ရုံဘက်က ဆန္ဒရှိမှ တရားဝင် အလုပ်သမား ဖြစ်လာတယ်လို့ ဆက်ပြောပါတယ်။
နေ့ဆိုင်း၊ ည အဆိုင်း သတ်မှတ်မှုကို စက်ရုံဘက်က စိတ်ကြိုက် အပြောင်းအလဲ ပြုလုပ်ပြီး အလုပ်သမား‌ တွေမှာ မည်သည့်ရက် နားရမလဲဆိုတာ မသိရဘူးလို့ ပြောပါတယ်။
စက်ရုံကနေ ထမင်းကျွေးပေမဲ့ အမာလွန်တာ၊ အပျော့လွန်တွေကြောင့် စားဖို့ အဆင်မပြေဖြစ်ရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
" စားမရတဲ့ ထမင်းသွန်ရင် ဒဏ်ငွေ ၅,၀၀၀ ဒါမှဟုတ် ဝမ်တိန်ထိုးပဲ။" လို့ ပြောပါတယ်။
စက်ရုံ လုပ်ငန်းခွင်ထိခိုက်မှုမ ဖြစ်ပွားပါက စက်ရုံဘက်က တာဝန်ယူမှု မရှိဘဲ ခေါင်းဆောင်တွေကို တာဝန်ယူခိုင်းတယ်လို့လည်း အလုပ်သမား‌ တွေက ပြောပါတယ်။
Double Packing Myanmar စက်ရုံကို ထိုင်ဝမ်နိုင်ငံသားပိုင်ဆိုင်ပြီး အလုပ်သမား ၁,၀၀၀ ကျော်က Thank You တံဆိပ် ပလတ်စတစ်ပစ္စည်း‌တွေ ထုတ်လုပ်နေပါတယ်။

Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026
Cover
Best-A Garment Co.,Ltd စက်ရုံ စက်ပြင် နှင့် လုံခြုံရေး ခြိမ်းခြောက်မှု တိုင်းကြားမရလို အမျိုးသမီးများ လုံခြုံမှုမရှိဖြစ်နေ
Aug 10, 2026