NEWS

Double Packing Myanmar စက်ရုံ အလုပ်သမားများ တစ်လ နားရက် ၂ ရက်ပဲရ

CoverLogo
292 Views
 
လှိုင်သာယာမြို့နယ်၊ အနော်ရထာစက်မှုဇုန်ရှိ Double Packing Myanmar စက်ရုံမှာ အလုပ်သမား‌‌ တွေ တစ်လမှာ ၂ ရက်ဝန်းပဲ နားရက် ရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ စက်ရုံမှာ နေ့ဆိုင်း၊ ညဆိုင်း အလှည့်ကျဆင်းရပြီး တစ်လ တစ်ရက် ဒါမှမဟုတ် နှစ်ရက်သာ အနားရတယ်လို့ ပြောပါတယ်။
"တစ်လလုံးမှ အများဆုံး နားရက် ၂ ရက်ပဲ၊ တစ်ခါတစ်ရံ ၁ ရက်ပဲ နားရတယ်။ နေမကောင်းလို့ ခွင့်ယူပါကလည်း မရဘူး။ ကိုယ့်သဘောနဲ့ ကိုယ် အလုပ်မဆင်းတာ ဆိုပြီး သဘောနဲ့ အလုပ်မဆင်းတာ ဆိုပြီး ဝမ်တိန် ထိုးရတယ်" လို့ အမျိုးသမီး အလုပ်သမားတက ပြောပါတယ်။
စက်ရုံတွင် အစမ်းခန့်ကာလ ၃ လ ပြည့်ပြီးနောက် EC စာချုပ် ချုပ်ဆိုထားသော်လည်း အမြဲတမ်းဝန်ထမ်းအဖြစ် မခန့်တဲ့ အလုပ်သမား ၆၀ ဝန်းကျင် ရှိတယ်လို့ အလုပ်သမားတွေက ပြော ပါတယ်။
"အဲ့ဒီ ၆၀ လောက်က တရားဝင် အလုပ်သမားလို့ မခန့်တာ၊ အရင် ရှိနေတဲ့ အလုပ်သမားတွေနဲ့ တန်းတူလုပ်ရတယ်။ ဒါပေမဲ့ ဝန်ကြီးဌာနက ပေးတဲ့ ထောက်ပံ့ကြေးကို တစ်ရက် ၁,၀၀၀ ပဲ ရတယ်" လို့ ပြောပါတယ်။
စက်ရုံဘက်က ဆန္ဒရှိမှ တရားဝင် အလုပ်သမား ဖြစ်လာတယ်လို့ ဆက်ပြောပါတယ်။
နေ့ဆိုင်း၊ ည အဆိုင်း သတ်မှတ်မှုကို စက်ရုံဘက်က စိတ်ကြိုက် အပြောင်းအလဲ ပြုလုပ်ပြီး အလုပ်သမား‌ တွေမှာ မည်သည့်ရက် နားရမလဲဆိုတာ မသိရဘူးလို့ ပြောပါတယ်။
စက်ရုံကနေ ထမင်းကျွေးပေမဲ့ အမာလွန်တာ၊ အပျော့လွန်တွေကြောင့် စားဖို့ အဆင်မပြေဖြစ်ရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
" စားမရတဲ့ ထမင်းသွန်ရင် ဒဏ်ငွေ ၅,၀၀၀ ဒါမှဟုတ် ဝမ်တိန်ထိုးပဲ။" လို့ ပြောပါတယ်။
စက်ရုံ လုပ်ငန်းခွင်ထိခိုက်မှုမ ဖြစ်ပွားပါက စက်ရုံဘက်က တာဝန်ယူမှု မရှိဘဲ ခေါင်းဆောင်တွေကို တာဝန်ယူခိုင်းတယ်လို့လည်း အလုပ်သမား‌ တွေက ပြောပါတယ်။
Double Packing Myanmar စက်ရုံကို ထိုင်ဝမ်နိုင်ငံသားပိုင်ဆိုင်ပြီး အလုပ်သမား ၁,၀၀၀ ကျော်က Thank You တံဆိပ် ပလတ်စတစ်ပစ္စည်း‌တွေ ထုတ်လုပ်နေပါတယ်။

Related posts

Cover
New plus စက်ရုံ အလုပ်သမားများ ပေးစာ
Dec 24, 2025
Cover
onhnson Company limited စက်ရုံက မတရားမှု လုပ်နေလို့ပါ
Dec 24, 2025
Cover
Myanto Industrial အထည်ချုပ်စက်ရုံ အထည်ခိုးယူသည်ဟု အတင်းအကျပ် ဝန်ခံခိုင်းပြီး အလုပ်ထုတ်
Dec 24, 2025
Cover
CYKK အထည်ချုပ်စက်ရုံ အချိန်ပိုကြေး မပေးဘဲ ခိုင်းစေ
Dec 23, 2025
Cover
Myanmar Sport စက်ရုံက တရားဝင်ရုံးပိတ် မပိတ်ဟု လိမ်လည် အလုပ်ဆင်းခိုင်း
Dec 22, 2025
Cover
သာဓုကန်စက်မှုဇုန် ရှိ Bontech အထည်ချုပ်စက်ရုံ တွင် အလုပ်သမားသမဂ္ဂဖြိုခွဲရန် ဖိအားပေးမှုများ ဖြစ်ပွား
Dec 18, 2025
Cover
Tianjin fashion Milestone အထည်ချုပ် QC မစစ်ဘဲ ကွန်တိန်နာတင်
Dec 18, 2025
Cover
Haejii (Myanmar) apparel (အထည်ချုပ်) စက်ရုံ ခွင့်ရက်နှင့် ခွင့်ခံစားခွင့် မပေးဘဲ လစာဖြတ်နေ
Dec 18, 2025