NEWS

Sunrise Myanmar Fashion နေ့စားများအား အမြဲတမ်းခန့်ထားခြင်းမရှိဘဲ အလုပ်ထုတ်၊ ကုန်အမှတ်တံဆိပ်ကိုယ်စားလှယ်များအား လိမ်လည်

CoverLogo
595 Views
 
Sunrise Myanmar Fashion Garment စက်ရုံက နေ့စားလုပ်သားတွေကို ခိုင်းစေပြီး အမြဲတမ်းလုပ်သားအဖြစ် ခန့်မပေးလို့ ဥပဒေပါ အခွင့်အရေးတွေ ဆုံးရှုံးနေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
“စက်ရုံထဲမှာ နေ့စားအလုပ်သမားတွေ ရှိတယ်။ လုပ်သက် ၃ လကနေ ၆ လထိ ရှိတဲ့ နေ့စားတွေ ရှိပါတယ်။ အဲလို လုပ်သက်ရှိတဲ့ အလုပ်သမားတွေကို သူတို့ အလုပ် ထုတ်ချင်သလို ထုတ်တယ်၊ နစ်နာကြေးလည်း မပေးဘူး။ ပြီးတော့ တစ်ပတ်တောင် မကြာဘူး၊ လူသစ် နေ့စားအနေနဲ့ ပြန်ခန့်တယ်။” လို့ အလုပ်သမားတွေက ပြောပါတယ်။
 
စက်ရုံက ပုံမှန် လည်ပတ်နေတဲ့ စက်ရုံဖြစ်တာကြောင့် နေ့စားလုပ်သားတွေ ငှား ချုပ်ရမဲ့ အလုပ်ရုံမဟုတ်တာကြောင့် လုပ်သက် ၃ လ ပြည့် လုပ်သားတွေကို အမြဲတမ်းလုပ်သားခန့်ပေးပြီး ဥပဒေပါ အကျိုးခံစားခွင့် ပေးဖို့ ပေးစေချင်လို့ အလုပ်သမားတွေက ပြောပါတယ်။ လက်ရှိ ဂျပန်တံဆိပ် BURTLE ကို ချုပ်လုပ်နေပြီး ကုန်အမှတ်တံဆိပ် ကိုယ်စားလှယ်တွေက စက်ရုံရဲ့ ထောက်ပံမှုတွေကို မေးမြန်းရာ လိမ်လည်ဖြေကြားခိုင်းခဲ့တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
“BURTLE တာဝန်ရှိသူ စက်ရုံက အလုပ်သမားတွေကို ဆန်၊ ဆီး၊ ဆားပေးလားလို့ မေးတယ်၊ စစ်တယ် ။ ခေါ်စစ်တော့ စက်ရုံဘက်က သင်ပေးထားတဲ့ အလုပ်သမားတွေ ဖြစ်နေတယ်။ အားလုံးက ပေးတယ်လို့ ဖြေရပါသည်။ အမှန်က စက်ရုံဘက်က အလုပ်သမားတွေကို ဘာ ထောက်ပံ့မှုမှ မရှိခဲ့ဘူး။ ဆန်၊ ဆီ၊ ဆားပေးတာ တစ်ခါမှ မရှိခဲ့ပါဘူး။ ကုန်အမှတ်တံဆိပ် တာဝန်ရှိသူတွေက ပေးမလို့ ပြောတာတောင် စက်ရုံဘက်ကပေးလို့ ၊ ပေးစရာမလိုဘူးဆိုပြီး လုပ်တယ်။ စက်ရုံဘက်က မပေးခဲ့ပဲ ပေးတယ်ပြောခဲ့တာပါ။ “ လို့ ပြောပါတယ်။
 
စက်ရုံအလုပ်ချိန်က အချိန်ပိုပါ မနက် ၈ နာရီမှ ည ၇ နာရီထိ ဖြစ်ပြီး တနင်္ဂနွေနေ့ ပိတ်ရက် အတော်များများ အချိန်ပို လုပ်ကိုင်ရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ အချိန်ပိုလုပ်ကိုင်ခိုင်းတိုင်း အလုပ်သမားတွေရဲ့ သဘောဆန္ဒကို မေးမြန်းတာ မရှိဘဲ မဖြစ်မနေ လုပ်ကိုင်ခိုင်းတယ်လို့ သိရပါတယ်။
 
“ပြီးခဲ့တဲ့ ကဆုန်လပြည့်နေ့က အထည်အရေးကြီးလို့ အလုပ်သမားတွေ ရွေးခေါ်လို့ ဆင်းရတယ်။ အဲလိုဆင်းလို့ ဖယ်ရီကားစီစဥ်ပေးတာတော့ မရှိဘူး၊ ကားခဆိုပြီး ငွေတစ်ထောင် ပဲ ပေးတယ်။” လို့ အလုပ်သမားတွေက ပြောပါတယ်။
လုပ်ငန်းခွင်ထိခိုက်မှုတွေ ဖြစ်ပွားတိုင်း အရေးပေါ်ဆေးခန်းပြ ကုသခွင့်မရဘဲ လူမှုဖူလုံရေး ဆေးခန်းမှာ ကုသဖို့ စောင့်ဆိုင်းရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ စက်ရုံဆေးခန်းမှာ သူနာပြု ရှိပေမဲ့ ကုသဖို့ ဆေးတွေကို အပြည့်အစုံ မရှိဘူးလို့ သိရပါတယ်။
 
“တကယ့်အရေးပေါ်ဖြစ်တဲ့အခါ အပြင်ဆေးခန်းသွားလည်း ခွင့်မပြုဘူး၊ စက်ရုံက စီစဥ်ပေးလားဆို စီစဥ်တော့ ပေးတယ် ၊ စက်ရုံကားရှိတဲ့ အချိန်မှ ဆိုတော့၊ တကယ့် ဖြစ်တဲ့လူတွေက ကားလာတဲ့အချိန်ကို စောင့်ရတယ်။ မနက်ထဲကဖြစ်တာ သွားရတော့ ညနေမှ ဆိုတော့ အဆင်မပြေပါဘူး။” လို့ ပြောပါတယ်။
 
Sunrise Myanmar Fashion Garment အထည်ချုပ်စက်ရုံက ရန်ကုန်တိုင်းဒေကြီး၊ ရွှေပြည်သာမြို့နယ်၊ သာဓုကန်စက်မှုဇုန် (၄)၊ ကျောက်စိမ်းလမ်းမှာ ရှိပြီး တရုတ်နိုင်ငံသားပိုင် စက်ရုံဖြစ်ပါတယ်။ စက်ရုံမှာ သမဂ္ဂအဖွဲ့အစည်း မရှိဘဲ WCC ဖွဲ့စည်းထားတယ်လို့ သိရပါတယ်။ လက်ရှိ ဂျပန်အော်ဒါ BURTLE ကို စက်ရုံလုပ်သား ၈၀၀ ဝန်းကျင်က ချုပ်လုပ်နေပါတယ်။

Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026
Cover
Best-A Garment Co.,Ltd စက်ရုံ စက်ပြင် နှင့် လုံခြုံရေး ခြိမ်းခြောက်မှု တိုင်းကြားမရလို အမျိုးသမီးများ လုံခြုံမှုမရှိဖြစ်နေ
Aug 10, 2026