NEWS

Sky Fashion Myanmar မန်နေဂျာ အထည်စံချိန်မရလို့ ဆိုပြီး မိုက်နှင့် အော်ဆဲ

CoverLogo
937 Views
 
Sky Fashion Myanmar Co.,Ltd အထည်ချုပ်စက်ရုံရဲ့ ထုတ်လုပ်ရေး မန်နေဂျာက တောင်းတဲ့ စံချိန်မရပါက မိုက်နဲ့အော် ဆဲဆိုနေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ စက်ရုံဘက် အလုပ်သမား ၅၀ ရှိတဲ့ စက်လိုင်းကို ဝယ်လွန်ထည် တနာရီ ၄၀ ကျော်ကိုတောင်းနေတာလို့ အလုပ်သမားတွေက ပြောပါတယ်။
 
“ထုတ်လုပ်ရေးမန်နေဂျာက ဆဲတာက “နင်တို့ပါးစပ်တွေက ငါ့ဟာလောက်တောင်တန်ဖို့း မရှိဘူး။ ‌ေ-ာက်ကောင်မတွေဆို ပြီးပြောတာ။ အဆဲမျိုးစုံနဲ့ နေ့တိုင်းဆဲတာ။ ကြာတော့ ကိုယ်တိုင် တန်ဖိုးမဲ့သလို ခံစားလာရတယ်။ မန်နေဂျာ ဆဲပြီးတော့ စက်ချုပ်သမားတွေကို စူပါတွေက တစ်ဆင့်ပြန်ဆဲပြီး အထည်တောင်းတာ.” လို့ အလုပ်သမားတွေက ပြောပါတယ်။
 
စက်ရုံမှာ အောလင်း၊ အောနိုက်တွေ အပတ်တိုင်းလုပ်ကိုင်ပေးရသလို တနင်္ဂနွေနေ့တွေမှာလညး တစ်လကို နှစ်ပတ် အချိန်ပို ဆင်းရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ အချိန်ပိုတွေဆင်းပြီးလို့ အပြန်မှာ ကြိုပို့ယာဉ် စီစဉ်ပေးတာ မရှိလို့ ရတဲ့ အချိန်ပိုကြေးအားလုံးနီး သွားလာစာရိတ်အဖြစ် ကုန်ကျရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
"အချိန်ပို မဆင်းရင် ဆဲဆိုတယ်၊ မဆင်းမနေရ ဖိအားပေးတယ်၊ မဆင်းတဲ့သူကို အငြိုး အတေး ထားတယ်။ အချိန်ပို အောနိုက်လုပ်ပြီး မနက် အိမ်ပြန်ရင် ဖယ်ရီမရဘူး၊ ကယ်ရီငှားပြန်ရတယ်။ ထမင်းချိုင့်ထည့်ဖို့နဲ ရေမိုးချိုးပြီး အလုပ်မီဖို့ သုံးဘီးငှားလာရတယ်။ ဒါနဲ့ဘဲ အချိန်ပိုဆင်းလို့ ရတဲ့ပိုက်ဆံက အသွားအပြန် လမ်းစရိတ်နဲ့ ကုန်သွားတယ်။ လူပင်ပန်းတာပဲ အဖက်တင်တယ်။” လို့ ပြောပါတယ်။
 
အလုပ်သမား ဥပဒေမှာ ပါရှိတဲ့ ရှောင်တခင်ခွင့်၊ ဆေးခွင့်တွေကို စက်ရုံဘက်က မပေးဘဲ အလုပ်သမားတွေ တစ်ရက် အလုပ်ပျက်ပါက ကျပ် ၂၅၀၀၀ ဖြတ်တောက်ပြီး နှစ်ရက်ပျက်ပါက ရက်မှန် ကြေး အကုန်ဖြတ်တောက်တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
ဒါ့အပြင် စက်ရုံ ခေါင်မိုးမလုံလို့ဆိုပြီး တရက်ကြာ ပြုပြင်ပြီးနောက် အဲ့ဒီရက်အတွက် အလုပ်သမားတွေ လုပ်ကိုင်ထားတဲ့ အချိန်ပိုနာရီတွေကို ဖြတ်တောက်ခဲ့ရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
“ အိုတီ ရထားတဲ့ ၈ နာရီကို ခေါင်မိုးမလုံလို့ ပြင်တဲ့ အလုပ်ပိတ်ရက်အတွက် ဖြတ်ထားတာ။ မီးအားနည်းလို့ စက်ရုံက ပြန်လွှတ်တဲ့နေ့အတွက်ဆိုပြီး တနင်္ဂနွေ နေ့မှာ ရက်အစား ပြန်ဆင်းခိုင်းတယ်” လို့ အလုပ်သမားတွေက ပြောပါတယ်။
 
အလုပ်သမားတွေနဲ့ စက်ရုံကြား ECစာချုပ် ချုပ်ထားပေမဲ့ အလုပ်သမားတွေ တိုင်ကြားမှုတွေကို ညှိနှိုင်းပေးနိုင်တဲ့ အလုပ်သမား အဖွဲ့အစည်းတွေ မရှိဘူးလို့ ပြောပါတယ်။ ပြီးခဲ့တဲ့ လပိုင်းက စက်ရုံကို စစ်ဆေးရေးတွေ ရောက်ရှိလာရာမှာလည်း လုပ်ငန်းခွဲထဲက စက်လိုင်း ၁၃လိုင်း ထဲက နှစ်လိုင်းကို ချန်ပြီး ကျန်တဲ့ စက်လိုင်း ၁၁လိုင်းကို စက်ရုံအနောက်ဘက်မှာ ပုန်ခိုင်းခဲ့တယ်လို့လည်း အလုပ်သမားတွေက ပြောပါတယ်။
 
Sky Fashion Myanmar Co.,Ltd အထည်ချုပ်စက်ရုံက ရန်ကုန်မြို့ ၊ မြစိမ်းရောင်စက်မှုဇုန်၊ မြစံပယ်၁လမ်းမှာ ဖွင့်ထားပြီး တရုတ်နိုင်ငံသားပိုင် စက်ရုံဖြစ်ပါတယ်။ စက်ရုံမှာ အလုပ်သမား ၆၀၀ ကျော် လုပ်ကိုင်နေပြီး LEGNDER’S၊ ALVAOR MORENO တံဆိပ် အထည်တွေ ချုပ်နေပါတယ်။

Related posts

Cover
Sioen Myanmar တွင် ရုံး ကြိုပို့ယာဉ် ထွက်ခွာပြီးမှ အလုပ်သမားသမား ကြိုပို့ယာဉ်များပေါ် တက်ခွင့် ရ
Jul 08, 2026
Cover
Myanmar Handsome စက်ရုံ အချိန်ပို အတင်းကျပ် ဆင်းခိုင်း
Jun 25, 2026
Cover
Baisheng Myanmar Industry (ပိုင်စိမ့်) စက်ရုံ ခွင့်ခံစားခွင့်မပေးဘဲ လုပ်ခလုပ်စာ ဖြတ်
Jun 24, 2026
Cover
စုပေါင်းတောင်းဆိုနေသည့် အလုပ်သမားများအား Max Technology  စက်ရုံ အတွင်း ဝင်ခွင့်မပေး
Jun 24, 2026
Cover
အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေဖြေရှင်းပေးဖို့ လူ့အခွင့်အရေးကော်မရှင်ထံတိုင်ကြား
Jun 20, 2026
Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026
Cover
S.M Myanmar အထည်ချုပ် ခေါင်းဆောင်များ အရှက်ရသည်အထိ ဆဲဆို ခိုင်းစေ
Jun 07, 2026
Cover
Yuan Hong Garment စက်ရုံ အချိန်ပို တရားဝင်ခွင့်ပြုချက်အရ ဆိုပြီး ပိတ်ရက်မရှိ ဆင်းခိုင်းနေ
Jun 07, 2026