NEWS

Myanmar Ju Chuan ဖိနပ်စက်ရုံ အချိန်ပို နာရီ ၃၀ ကျော် အတင်းအကျပ် ခိုင်းစေ

CoverLogo
865 Views
 
စက်ရုံအကြောင်း ပြောပြပါ့မယ်။
 
မြန်မာကျွိချွမ်း (Myanmar Ju Chuan) ဖိနပ်စက်ရုံ အတင်းအကျပ် ခိုင်းစေမှုပါဗျ။ စက်ရုံက လှိုင်သာယာမြို့နယ်၊ ရွှေသံလွှင်စက်မှုဇုန်၊ မင်းဧရာလမ်းမှာပါ။ သကြန်ပြီးတော့ အချိန်ပိုကို ည ၁၀ နာရီထိခေါ်မယ်ဆိုပြီး ပြောပါတယ် ။ စူပါ (super) တွေ အစည်းအဝေးလုပ်ပြီး ခေါ်ပြောတာပါ။ စက်ရုံဘက်ကို ကြည့်ပေး ဆိုပြီးလည်း ပြောပါတယ်။
 
အလုပ်သမားတွေက အလုပ်ပြန်မှ ချက်ရ၊ ပြုတ်ရ နဲ့မို့ နောက်ကျတယ်ဆိုပြီး ငြင်းလို့ ည ကိုးနာရီထိ လုပ်ကြဖို့ ပြောင်းလိုက်ပါတယ်။ ဒီအထိ အလုပ်သမားတွေက သဘောတူလက်ခံပေးခဲ့ ပါတယ်။ ဒီမှာတင် မပြီးပါဘူး ။ ငါးလပိုင်း(မေလ) ၃ ရက် စနေနေ့မှာ အောအလင်းနီးပါး မနက်အစော တစ်နာရီခွဲ အထိ ကို စက်ရုံက လုပ်ခိုင်းလို့ လုပ်ရပါတယ်။
 
မနက် ငါးနာရီမှ အိမ်ပြန်ရပါတယ်။
ညစာ ထမင်းလည်း မကျွေးပါဘူး။ ပေါင်မုန့်တစ်တုံးပဲ ပေးပါတယ်ဗျ။ ညနက် အချိန်ပိုအတွက် ထမင်းစားဖို့ နာရီ၀က် ပေးနားပါတယ်။ အဲ့နာရီ၀က်အတွက် မနက် တစ်နာရီခွဲအထိ ဆင်းပေးရတာပါ။
 
မနက် တစ်နာရီခွဲ အလုပ်နားပြီဆိုတော့ အိပ်စရာနေရာမရှိလို့ ဖြစ်သလို အိပ်ကြရပါတယ်။ အဲဒီအချိန် တခြားလိုင်းက ဖိနပ်အရေအတွက်(စံချိန်) မပြည့်လို့ ပေးမနားပဲ ဆက်ခိုင်းပါတယ်။ စက်သံတွေ ၊ လူသံတွေနဲ့ဆို တခြားအလုပ်သမားတွေ မအိပ်နိုင်တော့ဘူး။
 
အခုဆို စနေနေ့တိုင်း တစ်ခွဲ(တနင်္ဂနွေနေ့ မနက်အစော) ထိ အချိန်ပိုခေါ်မယ်ဆိုတာ ပုံသေဖြစ်လို့ အလုပ်သမားတွေ ပင်ပန်းပြီး အလုပ်က ထွက်ကုန်ကြပါတယ်။
 
အချိန်ပို အိုတီ မုန့်ဖိုးဆိုပြီး တပတ်တခါပေးတယ်။ အိုတီ ငါးရက်ဆင်းရင် ၂၅၀၀ ပေးပါတယ်။ အဲ့ဒီ မုန့်ဖိုးက ပေးတာ မမှန်ပါဘူးဗျ။ ပေးချင်ပေးပါတယ်၊ မပေးချင် မပေးပါဘူး။ ရလိုက်၊ မရလိုက်ပါဘဲ။ ခွင့်ယူဖို့၊ ရဖို့ ခက်ပါတယ်။
ရက်ပျက်တာနဲ့ ရက်မှန်ကြေးအကုန် ဖြတ်ပါတယ်။ အလုပ်သမားတွေ အရမ်းပင်ပန်းပြီး မနား ရပါဘူး၊ စိတ်ပင်ပန်း လူပင်ပန်းမို့ အရမ်းခက်ခဲပါတယ်။
 
အလုပ်သမားတွေ နားချင်ကြပါတယ်။ အိုတီကို မဖြစ်မနေကိုဆင်းပေးရပါတယ်။ မိမိဆန္ဒအရ အချိန်ပို(အိုတီ) ဆင်းကြောင်း လက်မှတ်မထိုးရင် စူပါတွေက ပြောပါတယ်။ အောစူပါ ၊ စူပါတွေကလည်း လုပ်ငန်းခွင်မှာ ဖိအားပေးပြီး ဆင်းခိုင်း၊ လုပ်ခိုင်းနေတော့ အလုပ်သမားတွေ မပြောရဲ၊ မဆိုရဲနဲ့ အလုပ်ဆင်းပေးနေရတာပါ။
 
အချိန်ပို (အော်လင်း- မနက် ၄ နာရီအထိ) တစ်လမှာ နှစ်ပတ်ဆို အလုပ်သမားတွေ လုပ်ပေး နိုင်ပါသေးတယ်။ အခုက တစ်လလုံး ဆင်းရတော့ ကျန်းမာရေးတွေ ထိခိုက်ရတော့တယ်။
 
မနက်ဖြန် (မေ ၁၀) ရက်မှာ ညအချိန်ပို ခေါ်ထားပါတယ်။ (တနင်္ဂနွေ မနက်အစော) တစ်နာရီခွဲ အထိတောင် မဟုတ်တော့ပါဘူး ။ မနက်လေးနာရီထိ ဆင်းရမယ်တဲ့ဗျ။
 
လစာထုတ်ရက်ဆို စက်ရုံတိုင်းက လေးနာရီဆို အလုပ်ဆင်းပါတယ်။ ဒီစက်ရုံကတော့ ညနေ ငါးနာရီအထိ ဆင်းပေးရပါတယ်။
 
အဲဒီ အချိန်အထိ အလုပ်သမားတွေ အလုပ်လုပ်အောင် လစာကို လေးနာရီကျော်မှ ရှင်းပေးပါတယ်ဗျ။
စက်ရုံသစ်နဲ့ စက်ရုံဟောင်းက လမ်းပဲခြားပါတယ်။ စက်ရုံအသစ်က ညတိုင်း ညနက် ၁၁ နာရီ ထိဆင်းရပါတယ်။ စနေနေ့တိုင်း အော်လင်း ဆင်းရပါတယ်။
 
၀န်ထမ်းတွေက အလုပ်သမားရေးရာကို တိုင်ချင်ကြပါတယ်။ အဲလို တိုင်မယ်ဆိုရင်လည်း ဂိတ်ပတ်စ် (gate pass) မပေးတာရယ်၊ ရက်မှန်ကြေး ဖြတ်တာကြောင့် မသွားရဲ၊ မတိုင်ရဲကြတာပါ။
 
အခွင့်အရေးရရင် တိုင်ကြားကြမှာပါ။
အကိုတို့လည်း ကူညီပေးပါဗျ။

Related posts

Cover
Peak Outdoor Yangon စက်ရုံ မန်နေဂျာ ဝမ်တိန်အသုံးချ အဓမ္မအလုပ်ထုတ် ပြင်ပဆေးခန်းပြလို့ ဆေးခွင့်မပေးဘဲ ဝမ်တိန်ထိုးခိုင်း
May 21, 2026
Cover
Shwe Myinn Co.,Ltd Washing Fact စက်ရုံ လုပ်သားများအား ဌာနနေရာစုံ လုပ်ကိုင်ခိုင်း
May 21, 2026
Cover
နေရွှေဝင်းအထည်ချုပ်က အလုပ်သမား ၈၀ ကျော်ကို လုပ်ငန်းခွင်ပြန်ဝင်ဖို့နဲ့ နောက်ထပ်တောင်းဆိုမှု ၁ နှစ်အတွင်းမလုပ်ဖို့ထုတ်ပြန်
May 19, 2026
Cover
အလုပ်သမားပေးစာ LUCKYSKY BAGS Myanmar သန့်စင်ခန်းများ ပျက်စီး  သန့်ရှင်းပေးမှု အားနည်း
May 19, 2026
Cover
Joyful Myanmar Garment အမျိုးသမီး လုပ်သားများအား ပိတ်လိပ်ထမ်းခိုင်း
May 19, 2026
Cover
Heng Run Garment အထည်စံချိန်မပြည့်လို့ လုပ်ခမပေးဘဲ အချိန်ပို ဆင်းခိုင်း
May 19, 2026
Cover
Sambo Myanmar အထည်ချုပ်စက်ရုံ ညည့်နက်အချိန်ပို ညစာမကျွေးဘဲ ခိုင်း
May 18, 2026