NEWS

Tsang Yih ဖိနပ်စက်ရုံတွင် လုပ်ခလစာ တိုးမြှင့်ပေးရေး တောင်းဆိုနေ

CoverLogo
833 Views
 
Tsang Yih ဖိနပ်စက်ရုံ မှာ လုပ်ခလစာတိုးမြှင့်ပေးဖို့ အလုပ်သမားတွေက တောင်းဆိုမှုတွေ ပြုလုပ်နေတယ်လို့ ပြောပါတယ်။ ဒီတောင်းဆိုမှုကို မေလ ၁၄ ရက်မှာ စတင်ခဲ့တာဖြစ်ပြီး အလုပ်သမား ၆၀၀၀ ကျော် ပါဝင်နေတယ်လို့ သိရပါတယ်။
 
“ဒေးကြေးက ၅၂၀၀၊ ထောက်ပံကြေးပါမှ ၇၂၀၀။ အိုတီက တနာရီ ၁၆၀၀ ပဲပေးခဲ့တယ်။ ဒါကို ဒေးကြေး ၁၂၀၀၀၊ အိုတီကို ၂၀၀၀ ၊ ရက်မှန်ကြေးကို ၄၀၀၀၀ ပေးဖို့တောင်းတာပါ။ အလုပ်သမား အားလုံး နီးပါဝင်ပါတယ်” လို့ အလုပ်သမားတွေက ပြောပါတယ်။
 
စက်ရုံဘက်က HR မန်နေဂျာနဲ့ အလုပ်သမားတွေကြား ညှိနှိုင်းမှုတွေ ရှိနေပေမဲ့ ခြိမ်းခြောက်ပြောဆိုတာတွေလည်း ရှိတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
“HR ကတော့ လုပ်ငန်းခွင်ရပ်ပြီး တောင်းဆိုတာ မမှန်ဘူးသဘောနဲ့ ပြောတယ်။ နောက် WCC ကနေ တဆင့် ညှိနှိုင်းရေးလမ်းကြောင်းမသုံးဘူး၊ ခွင့်ပြုချက်မယူဘူးဆိုပြီး ပြောနေတာ။ WCC တွေက အလုပ်သမားသမားတွေကို ကိုယ်စားမပြုလို့ အခုလို တောင်းဆိုမှုတွေ ဖြစ်လာတာပါ။ ညှိနှိုင်ရေးတွေ မရှိတော့ ဘယ်နားသွား ခွင့်ပြုချက်တောင်းရမလဲ ၊ ဒီလိုပဲ အလုပ်ရပ်ပြီး တောင်းဆိုကြတာပါ.” လို့ အလုပ်သမားတွေက ပြောပါတယ်။
 
စက်ရုံဘက် တောင်းဆိုမှုတွေကို စဉ်းစားနိုင်ဖို့ အချိန် ၇ ရက်အထိ ယူမယ်ဆိုပြီး ပြောဆိုပေမဲ့ အလုပ်သမားတွေကတော့ ၅ ရက်အတွင်း အကြောင်းပြန်နိုင်ဖို့ ညှိနှိုင်းထားတယ်လို့ ပြောပါတယ်။
 
“စက်ရုံမှူးကလည်း အရင်ပေးတဲ့ လုပ်ခနဲ့ အခုတောင်းတဲ့ လုပ်ခ ကွာလို့ ချက်ချင် အဖြေဖို့ မဖြစ်နိုင်ဘူးဆိုပြီး တပတ်တောင်းတယ်။ အလုပ်သမားတွေကလည်း ၅ ရက်အတွင်းဖြေဖို့ ပြောထားတယ်။ ပြီးတော့် ဒိလို အလုပ်ရပ်ပြီးမတောင်းဘဲ၊ အလုပ်လုပ်ကြဖို့ကို HR မန်နေဂျာက ပြောနေတာ။ ဒါပေမဲ့ အလုပ်သမားတွေက အလုပ်ရပ်ထားမှာပါ.” လို့ အလုပ်သမားတွေ ပြောပါတယ်။
 
လက်ရှိ CMP စနစ်နဲ့ လုပ်ကိုင်တဲ့ စက်ရုံ့အတော်များများက ဒေးကြေး ကျပ်တစ်သောင်းနဲ့ အထက် ပေး နေပြီး မေလ ၁ ရက်က လှိုင်သာယာမှာ ပြုလုပ်တဲ့ အလုပ်အကိုင်ပြပွဲမှာ ပါဝင်တဲ့ စက်ရုံအားလုံးက ဒေးကြေး ကျပ် တစ်သောင်းနဲ့ အထက် ပေးမယ်ဆိုပြီး လုပ်သားခေါ်ယူခဲ့ပါတယ်။
 
Tsang Yihဖိနပ်စက်ရုံက ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ် ၊ အပြင်ပဒံ ရပ်ကွက်အနီး၊ အနော်ရထာစက်မှုဇုန် အပိုင်း ၂ မှာ ရှိပါတယ်။

Related posts

Cover
Peak Outdoor Yangon စက်ရုံ မန်နေဂျာ ဝမ်တိန်အသုံးချ အဓမ္မအလုပ်ထုတ် ပြင်ပဆေးခန်းပြလို့ ဆေးခွင့်မပေးဘဲ ဝမ်တိန်ထိုးခိုင်း
May 21, 2026
Cover
Shwe Myinn Co.,Ltd Washing Fact စက်ရုံ လုပ်သားများအား ဌာနနေရာစုံ လုပ်ကိုင်ခိုင်း
May 21, 2026
Cover
နေရွှေဝင်းအထည်ချုပ်က အလုပ်သမား ၈၀ ကျော်ကို လုပ်ငန်းခွင်ပြန်ဝင်ဖို့နဲ့ နောက်ထပ်တောင်းဆိုမှု ၁ နှစ်အတွင်းမလုပ်ဖို့ထုတ်ပြန်
May 19, 2026
Cover
အလုပ်သမားပေးစာ LUCKYSKY BAGS Myanmar သန့်စင်ခန်းများ ပျက်စီး  သန့်ရှင်းပေးမှု အားနည်း
May 19, 2026
Cover
Joyful Myanmar Garment အမျိုးသမီး လုပ်သားများအား ပိတ်လိပ်ထမ်းခိုင်း
May 19, 2026
Cover
Heng Run Garment အထည်စံချိန်မပြည့်လို့ လုပ်ခမပေးဘဲ အချိန်ပို ဆင်းခိုင်း
May 19, 2026
Cover
Sambo Myanmar အထည်ချုပ်စက်ရုံ ညည့်နက်အချိန်ပို ညစာမကျွေးဘဲ ခိုင်း
May 18, 2026
Cover
Casico Garment ထောက်ပံ့ကြေး ကျပ် ၁၀၀၀ ကို ၇ လကျော်ကြာ မပေးဘဲ တောင်းဆိုသည့် အလုပ်သမားများအား ဒေးကြေးမပေး
May 18, 2026