NEWS

Asdet ( Myanmar ) Garment .Co . Ltd. စက်ရုံ လုပ်ခလစာ ခွဲခြားပေး

CoverLogo
980 Views
 
Asdet ( Myanmar ) Garment Co,.Ltd စက်ရုံမှာ နေ့တွက်လုပ်ခ ဒေးကြေး ကို ခွဲခြားပေးနေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ ကျွမ်းကျင်မှု အလိုက်ပေးချေတယ်ဆိုပေမဲ့ သတ်မှတ်ဒေးကြးကို အနိမ့်ဆုံးအထိပေးဖို့ တာဝန်ရှိသူတွေက စီစဉ်တယ်လို့ မြန်မာနိုင်ငံအထွေထွေအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် - FGWM ကို အလုပ်သမားတွေက ပြောပါတယ်။
 
"လစားခန့်တယ်ဆိုပြီးလုပ်သက် တစ်နှစ်ပြည့်မှ‌ ဒေးကြေး ၉၀၀၀ကျပ် ပေးတယ်၊ တစ်နှစ် မပြည့်တဲ့သူ တွေဆို ၆၈၀၀ ကျပ် နဲ့ OT ၁၇၀၀ ပဲပေးတယ်။ အခုက စက် ၄ လုံးနဲ့ ပွိုင့် ၄ ပွိုင့်ချုပ်နိုင်တဲ့သူကို ဒေးကြေး ၁၂၀၀၀ကျပ် ၊ စက်သုံးလုံးနဲ့ ပွိုင့် ၃ပွိုင့် ချုပ်နိုင်တဲ့သူကိုဒေးကြေး ၁၁၀၀၀ကျပ် ၊ စက် ၂လုံးနဲ့ ပွိုင့် ၂ပွိုင့် ချုပ်နိုင်တဲ့သူတွေ ဒေကြေး ၁၀၀၀၀ကျပ် ၊စက်တလုံးနဲ့ ပွိုင့်၁ ပွိုင့်ပဲ ချုပ်နိုင်ရင် ဒေးကြေး ၉၀၀၀ကျပ်၊ စက်မချုပ်နိုင်တဲ့ သူတွေကို ဒေးကြေး ၆၈၀၀ ကျပ်ပဲပေးမယ်ဆိုပြီး စက်ရုံ ဘက်က ပြောနေတာ၊ လုပ်ခလစာကို ခွဲခြားပြီးပေးတာ." လို့ ပြောပါတယ်။
 
လုပ်ငန်းခွင်အတွင်း အော်ဒါအရေးကြီးလို့ ဆိုပြီး နေ့စဉ် ညနက် ၁၁ နာရီအထိ လုပ်ကိုင်ရတဲ့အပြင် တနင်္ဂနွေနေ့တိုင်း အချိန်ပိုတွေ လုပ်ကိုင်နေရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
“တနင်္ဂတွေ အပတ်တိုင်း အချိန်ပိုလုပ်ခိုင်းတယ်။ တချို့ဌာနတွေ တနင်္ဂနွေနေ့ ည ၈ နာရီထိ လုပ်ရတယ်။၊ စနေနေ့မှာ ဆို ညနေ ၅နာရီထိ အချိန်ပိုခေါ်တယ်။ ခွင့်တွေ ဂိတ်ပတ်တွေ အလွယ်တကူ ယူမရဘူး ၊ ခွင့်တခါယူ ဖို့ ဂိတ်ပတ်တစ်ခါယူဖို့ အစစ်ဆေးခံရတယ်။ ခွင့်က မသုံးသေးဘဲ ကုန်သွားပြီ၊ ယူလို့မရတော့ဘူးဆိုပြီးပြောတာလည်း ရှိတယ်။ ” လို့ အလုပ်သမားတွေက ပြောပါတယ်။
 
WCC အဖွဲ့ဝင်တွေက အလုပ်ရှင် အလိုကျ လုပ်ကိုင်ပေးပြီး အလုပ်သမားတွေကို ကိုယ်စားပြုမှု မရှိဘူးလို့ ပြောပါတယ်။ အလုပ်သမားတွေအပေါ် စက်ရုံ ရုံးပိုင်းမှာ လုပ်ကိုင်သူတွေက လူတွေက မောက်မာစွာ ဆက်ဆံပြီး စာအုပ်တွေ လွှင့်ပစ်တာ၊ တစ်ကဒ်ကြေးတွေ မပေးဘူး ဆိုပြီး ခြိမ်းခြောက်တာတွေ ရှိတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ လစာထုတ်ရက်တွေမှာ ညနေ ၆နာရီ အချိန်ပိုလုပ်ကိုင်ရပြီး အချိန်ပိုအလွန်အကျွံခေါ်ယူမှုတွေကို အလုပ်သမားရုံးကိုတိုင်ကြားခဲ့ပေမဲ့ စက်ရုံဘက်က ပြောင်းလဲတာ မရှိလူးလို့ အလုပ်သမားတွေက ပြောပါတယ်။
 
“အချိန်ပို အရမ်းခေါ်လို့ဆိုပြီး လေဘာရုံး ကို ဖုန်းဆက်ပြီးတိုင်ဘူးတယ်။ အလကားပဲ စက်ရုံကို လေဘာရုံးက လာတယ်ဆိုတာ ယောင်ပြပါပဲ။ ဘာမှမဟုတ်ဘူး ပြန်သွားတယ်။ စက်ရုံ က တော့ ဒီအတိုင်းပဲ အချိန်ပိုအလွန် အကျွံ ခေါ်မြဲ ခေါ်နေ တာ။ အလုပ်သမားဆန္ဒကို‌ မေးမြန်းတာမျိုး မရှိဘူး ၊အတင်းအကျပ်ခေါ်တာ။ ခေါ်တဲ့နေ့ ၊ ဆင်းဆို ဆင်းပေး ရတာပဲ။ မ
ဆင်းပေးရင် နည်းမျိုးစုံ ခြိမ်းခြောက်တယ်။”လို့ အလုပ်သမားတွေက ပြောပါတယ်။
 
Asdet ( Myanmar ) Garment Co,.Ltd စက်ရုံက ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ ရွှေလင်းဗန်းစက်မှုဇုန်မှာ လုပ်ငန်းလုပ်ကိုင်နေတဲ့ တရုတ်နိုင်ငံသားပိုင်စက်ရုံဖြစ်ပါတယ်။ စက်ရုံအလုပ်သမား လူဦးရေ ၇၀၀ ဝန်းကျင်က SMOG အမှတ်တံဆိပ်တွေ ချုပ်လုပ်နေတယ်လို့ သိထားပါတယ်။

Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026
Cover
Best-A Garment Co.,Ltd စက်ရုံ စက်ပြင် နှင့် လုံခြုံရေး ခြိမ်းခြောက်မှု တိုင်းကြားမရလို အမျိုးသမီးများ လုံခြုံမှုမရှိဖြစ်နေ
Aug 10, 2026