NEWS

Myanmar Dongxin အထည်ချုပ်စက်ရုံ ပုတ်ပြတ်လုပ်သားများအား လုပ်ခလျှော့ချမည်ဟု ပြောဆို

CoverLogo
607 Views
 
Myanmar Dongxin အထည်ချုပ်စက်ရုံက ပုတ်ပြတ် လုပ်သားတွေရဲ့ လစာကို လျှော့ချ မယ်ဆိုပြီး ပြောဆိုနေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
“သူဌေးမိန်းမ စကားပြန်က ပြောတာ။ ပုတ်ပြက် အလုပ်သမားတွေကို ပေးတဲ့ လုပ်ခတွေကို လျော့မယ်။ အဲဒါကို မီတင်ခေါ်ပြောခဲ့တာ။ မကျေနပ်လည်း တိုင်ချင်တဲ့နေရာ တိုင်လို့ ပြောတယ်။ သူတို့ ပေးမှဖြစ်တာလို့လည်း ပြောတယ်။” လို့ ပြောပါတယ်။
 
မေလ လစာကနေ့လျှော့မှာ ဖြစ်ပြီး ပုတ်ပြတ်လုပ်သား ၁၀၀ လောက် လုပ်ကိုင်နေတယ်လို့ အလုပ်သမား တွေက ပြောပါတယ်။ ပုတ်ပြတ်လုပ်ကိုင်သူတွေက တရက် အလုပ်ချိန် ၈ နာရီအတွက် လစာ သတ်မှတ်ထားတာဖြစ်ပြီး အချိန်ပိုခ သီးခြားရရှိတာလို့ အလုပ်သမားတွေက ပြောပါတယ်။
 
Myanmar Dongxin အထည်ချုပ်စက်ရုံမှာ လူဦးရေ (၁၀၀၀) ဝန်းကျင် လုပ်ကိုင်နေပြီး လုပ်သား အများစုက ဒေးကြေးနဲ့ လုပ်ကိုင်သူတွေလို့ သိရပါတယ်။ စက်ရုံမှာ မီးစက်ပျက်လို့ အလုပ်သမားတွေကို ပြန်လွှတ်ပေးပေမဲ့ အဲဒီနေ့အတွက် ဒေကြေးကို ဖြတ်တောက်တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
“အလုပ်သမားရုံးတွေဆိုတာ သူဌေးတွေက ငွေပေးရင် အေးဆေးပဲ၊ ကြိုက်တဲ့ နေရာတိုင်လို့ ပြောထားတော့ ။ အလုပ်သမားတွေက အလုပ်လုပ်ရပြီး နစ်နာမှာကို ကြောက်ကြတာပါ။” လို့ ပြောပါတယ်။
 
Myanmar Dongxin Garment Co.,Ltd စက်ရုံက ရန်ကုန်မြို့၊ လှိုင်သာယာစက်မှုဇုန် ၃၊ နဝဒေးမင်းကြီးလမ်းမှာရှိပြီး တရုတ်နိုင်ငံသားပိုင် စက်ရုံဖြစ်ပါတယ်။

Related posts

Cover
ပေါ်တာဆွဲခံရမည် စိုးရိမ်သဖြင့် အမျိုးသား လုပ်သားများ အိမ်နှင့်နီးသည့် လုပ်ငန်းခွင်များ တွင်သာ လုပ်ကိုင်မှု များလာ
Mar 31, 2026
Cover
Jade Blue အထည်ချုပ် အချိန်ပိုမဆင်းလို့ အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Mar 31, 2026
Cover
Sunrise Garment စက်ရုံ အထည်စံချိန်မပေးနိုင်ပါက ရပိုင်ခွင့် လျှော့ချမည်ဟု ခြိမ်းခြောက်
Mar 31, 2026
Cover
STUM ဦးဆောင်သူ ဒေါ်မျိုးအေးရဲ့အယူခံဝင်မှုအား ပလပ်၊ ဒုတိယအကြိမ်အယူခံတင်မည်
Mar 31, 2026
Cover
Asdet Myanmar Garment .စက်ရုံ အထည်စံချိန်တိုးတောင်းပြီး ဖိအားပေး အတင်းအကျပ် ချုပ်ခိုင်း
Mar 31, 2026
Cover
Jinli Garment တိုင်ကြားလို့ ဆိုပြီး အလုပ်သမားများအား ခြိမ်းခြောက်
Mar 27, 2026
Cover
ဝါးတရာစက်မှုဇုန် ရှိ ပလတ်စတစ်စက်ရုံ မှ အလုပ်သမား ၁၈ ဦးခန့် ဓာတုအဆိပ်သင့်မှုဖြစ်ပွား
Mar 26, 2026
Cover
စုယုအိ အထည်ချုပ် စက်ရုံ ပြန်ချိန် သတ်မှတ်ချက်မရှိဘဲ အချိန်ပို ဆင်းခိုင်း
Mar 26, 2026