NEWS

Adidas ချုပ် မြန်မာပေါင်ချိန် စက်ရုံ ကုန်ထုတ်ဆုကြေးပေးပြီး ဝင်ငွေခွန် ထပ်ဖြတ်

CoverLogo
1K Views
 
ကမ္ဘာကျော် Adidas ကုန်အမှတ်တံဆိပ် ဖိနပ်တွေချုပ်နေတဲ့ မြန်မာပေါင်ချိန်( Myanmar Pou Chen ) ဖိနပ်စက်ရုံက ကုန်ထုတ်ဆုကြေးပေးပြီး ဝင်ငွေခွန် ဖြတ်တောက်ခဲ့တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
“ ကုန်ထုတ်ဆုကြေး စပေးတယ်။ အချိန်ပိုနာရီ ၈၀ လောက်လုပ်ရတယ်။ ဒါမှ အလုပ်သမားတွေ ၄ သိန်းစွန်းစွန်းရတယ်။ အဲဒါကို ဝင်ငွေခွန်ဆိုပြီး ဖြတ်တာပါ ။ ဧပြီလစာထုတ်တော့ အချိန်ပိုနာရီ ၆၀ ကျော်ကျော်နဲ့ သင်္ကြန်ဘောနပ်စ် ပေးတာတောင် ၃၇၀,၀၀၀ ဝန်းကျင်ပဲ ရတယ်။” လို့ အလုပ်သမားတွေက ပြောပါတယ်။
 
မတ်လအတွင်း စက်ရုံ အလုပ်သမားတွေက တစ်ရက် (၈နာရီ)လုပ်အားခ ၁၃၀၀၀ ကျပ် တိုးမြှင့်ပေးဖို့ တောင်းဆိုခဲ့ပြီးနောက် ထုတ်လုပ်နိုင်စွမ်းအပေါ်မူတည်ပြီး ကုန်ထုတ်ဆုကြေး (Production Bonus) ၃၀၀၀၀ ကနေ ၆၀၀၀၀ အထိ တိုးမြှင့်ပေးခဲ့တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
ဆုကြေးပေးတာက အလုပ်သမားတွေ အလုပ်ထွက်မှု လျော့နည်းဖို့၊ ကုန်ထုတ်လုပ်မှု တိုးမြှင့်ဖို့ နဲ့ စံချိန်ပြည့် လုပ်ကိုင်နိုင်ဖို့ တိုးပေးခဲ့တာလို့ စက်ရုံဘက်က ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ အခြေခံလစာကို တိုးမြှင့်ပေးတာမဟုတ်ဘဲ ဆုကြေးအနေနဲ့တိုးမြှင့်ပေးတာကြောင့် အလုပ်သမားတွေ ရရှိတဲ့ လုပ်ခလစာက အားလုံးတန်းတူ မဖြစ်ဘူးလို့ အလုပ်သမားတွေက ပြောပါတယ်။
 
“ဆုကြေးဆိုတာ လုပ်နိုင်တဲ့ အရေအတွက်ကို ပေးတာ။ ညီမတို့က အခြေခံလစာကို တိုးပေးစေချင်တာ။ အခုက ထောက်ပံကြေးပေါင်းမှ ဒေးကြေး ၇၂၃၃ ကျပ် ပဲ ရတယ်။ အခု လစာထုတ်တော့ လေးသိန်းမပြည့်တော့ဘူး။ သင်္ကြန်ပြီးတော့ တခြားစက်ရုံတွေက ဒေးကြေးကို ကျပ် တစ်သောင်းအထိကို တရားဝင် တိုးပေးနေတယ်။ ညီမတို့လည်း အဲ့လို ရချင်တာပါ။ အခု စက်ရုံအားလုံးထဲမှာ ညီမတို့ စက်ရုံက အနည်းဆုံးပဲ။ ” လို့ ပြောပါတယ်။
 
မြန်မာနိုင်ငံက စက်ရုံအလုပ်ရုံ အသီးသီးက လုပ်ခလစာ တိုးမြှင့်ပေးနေပေမဲ့ မြန်မာပေါင်ချိန်စက်ရုံကတော့ တိုးမြှင့်မပေးဘဲ အလုပ်သမားတွေအပေါ် လုပ်အား အမြတ်ထုတ်နေတာ နှစ်ချီအောင် ကြာနေပြီလို့ အလုပ်သမားတွေက ပြောပါတယ်။ စက်ရုံအတွင်းက WCC အဖွဲ့ကို လစာတိုးမြှင့်ပေးရေး ညှိနှိုင်းပေးဖို့ တောင်းဆိုခဲ့ပေမဲ့ စက်ရုံဘက်တာဝန်ရှိတွေက အထည်ဆုကြေးဆိုတဲ့ခေါင်းစဉ်နဲ့ ငွေကြေး အနည်းငယ် တိုးပေးခဲ့တာ ဖြစ်ပါတယ်။ ။
 
Adidas တံဆိပ် ကိုယ်စားလှယ်တွေက အလုပ်သမားတွေကို အင်တာဗျူးတာ၊စစ်ဆေးတာတွေ မကြာခဏ ပြုလုပ်ပေမဲ့ အလုပ်သမားတွေရဲ့ ထိခိုက်ခံစားမှုတွေကတော့ ပေါ်ပေါက်တာမရှိဘူးလို့ အလုပ်သမားတွေက ပြောပါတယ်။
မြန်မာပေါင်ချိန်စက်ရုံဘက်က လစာကို ဘဏ်ကတ်အသုံးပြုတာကြောင့် လစာရဖို့ ATM စက် တန်းစီရတာက အလုပ်တခုလို့ ဖြစ်နေတဲ့ အပြင် အဆောင်ခ၊ အိမ်လခ၊ ချေးငွေ ပြန်ဆပ်နိုင်ဖို့ပါ အခက်အခဲတွေ ဖြစ်နေရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
လက်ရှိ စက်ရုံမှာ လုပ်သား ၄၀၀၀ ကျော်လုပ်ကိုင်နေပြီး ရုံးချုပ်ကတော့ ထိုင်ဝမ်နိုင်ငံမှာ ရှိပါတယ်။ စက်ရုံကတော့ ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ်၊ ၊သာဓုကန်စက်မှုဇုန်၊ ကျောင်းကုန်းလမ်းမှာ စက်ရုံဖွင့်လှစ်ထားပါတယ်။
 

Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026
Cover
Best-A Garment Co.,Ltd စက်ရုံ စက်ပြင် နှင့် လုံခြုံရေး ခြိမ်းခြောက်မှု တိုင်းကြားမရလို အမျိုးသမီးများ လုံခြုံမှုမရှိဖြစ်နေ
Aug 10, 2026