NEWS

GTIG 2 အထည်ချုပ်စက်ရုံ ဒေးကြေး တောင်းဆိုမှု ၁၁,၅၀၀ ကျပ် သာ ရရှိ

CoverLogo
505 Views
 
ရန်ကုန်တိုင်းဒေသကြီး၊ ဝါးတစ်ရာစက်မှူဇုန်ရှိ တရုတ်နိုင်ငံသားပိုင် GTIG Guohua Glory (GTIG 2) အထည်ချုပ်စက်ရုံလုပ်သားတွေ အခြေခံလုပ်လစာ တိုးမြှင့်ရေး တောင်းဆို ရာ တစ်နေလုပ်ခ Day ကြေး (၁၁,၅၀၀)ကျပ်ပေးရန် နှစ်ဘက် သဘောတူညီမှုရရှိခဲ့တယ်လို့ သိရပါတယ်။
 
ရွှေပြည်သာမြို့နယ်၊ ဝါးတစ်ရာ စက်မှုဇုန်ရှိ တရုတ်နိုင်ငံသားပိုင် GTIG 2 စက်ရုံ မှ အနည်းဆုံးအခကြေးငွေ (၁၃,၀၀၀)ကျပ်၊ အချိန်ပိုကြေး (၃,၀၀၀) ကျပ် ရရှိရေး တောင်းဆိုခဲ့ရာ ညှိနှိုင်းမှုအရ Day ကြေး (၁၁,၅၀၀)ကျပ်၊ အချိန်ပိုကြေး (၂,၁၀၀) ကျပ်အား သဘောတူညီမှုရရှိခဲ့ပြီး နှစ်ဘက်သဘောတူစာချုပ် ချုပ်ဆိုင်နိုင်ခဲ့ကြတယ်လို့ STUM က ထုတ်ပြန်ပါတယ်။
 
နှစ်ဘက်သဘောတူညီစာချုပ်ပါ အချက်များမှာ Guohua Glory CO., LTD စက်ရုံမှ ဝန်ထမ်းများသည် Day ကြေး (၁၂၀၀၀)ကျပ် အချိန်ပိုကြေး ၁ နာရီ (၂၃၀ဝ)ကျပ် တိုးပေးရန် တောင်းဆိုမှုနှင့်ပတ်သက်၍ (၂၆.၅.၂၀၂၅) ရက်နေ့တွင် အလုပ်သမားရေးရာ မြို့နယ် ပေါင်းစပ် အဖွဲ့မှ အလုပ်ရှင် ကိုယ်စားလှယ်များနှင့် အလုပ်သမားကိုယ်စားလှယ် များအား ညှိနှိုင်းမူအရ သဘောတူညီမူရခဲ့ကြောင်း ဆိုပါတယ်။
 
သဘောတူညီ ပထမ အချက်အရ အလုပ်ရှင်မှ ယခင် ပေးချေသော ဒေးကြေး ၅၈၀၀ ကျပ်+ ထောက်ပံ့ကြေး ၃၂ဝဝကျပ် မှ ယခုအခါဒေးကြေး ၅၈၀၀ကျပ်+ ထောက်ပံ့ကြေး ၅၇၀၀ကျပ် ဖြင့် စုစုပေါင်း ၁၁၅၀၀ ကျပ်နှင့် အချိန်ပို ကြေးအား ယခင်ကပေးချေသော တစ်နာရီလျှင် ၂၀၀ဝကျပ် အား တစ်နာရီလျှင် ၂၁၀၀ကျပ်ဖြင့်ပေးချေမှာကို သဘောတူထားတယ်လို့ ဆိုပါတယ်။
 
တောင်းဆို ခဲ့တဲ့ (၂၆.၅.၂၀၂၅) ရက်နေ့ကို မည်သည့်အကျိုးခံစား ခွင့်မှ မရှိဘဲ လစာ ဖြတ်တောက်မည်ဖြစ်ကြောင်းအား ဝန်ထမ်းများမှ သဘောတူညီထားကြောင်း ဖော်ပြထားပါတယ်။
 

Related posts

Cover
New plus စက်ရုံ အလုပ်သမားများ ပေးစာ
Dec 24, 2025
Cover
onhnson Company limited စက်ရုံက မတရားမှု လုပ်နေလို့ပါ
Dec 24, 2025
Cover
Myanto Industrial အထည်ချုပ်စက်ရုံ အထည်ခိုးယူသည်ဟု အတင်းအကျပ် ဝန်ခံခိုင်းပြီး အလုပ်ထုတ်
Dec 24, 2025
Cover
CYKK အထည်ချုပ်စက်ရုံ အချိန်ပိုကြေး မပေးဘဲ ခိုင်းစေ
Dec 23, 2025
Cover
Myanmar Sport စက်ရုံက တရားဝင်ရုံးပိတ် မပိတ်ဟု လိမ်လည် အလုပ်ဆင်းခိုင်း
Dec 22, 2025
Cover
သာဓုကန်စက်မှုဇုန် ရှိ Bontech အထည်ချုပ်စက်ရုံ တွင် အလုပ်သမားသမဂ္ဂဖြိုခွဲရန် ဖိအားပေးမှုများ ဖြစ်ပွား
Dec 18, 2025
Cover
Tianjin fashion Milestone အထည်ချုပ် QC မစစ်ဘဲ ကွန်တိန်နာတင်
Dec 18, 2025
Cover
Haejii (Myanmar) apparel (အထည်ချုပ်) စက်ရုံ ခွင့်ရက်နှင့် ခွင့်ခံစားခွင့် မပေးဘဲ လစာဖြတ်နေ
Dec 18, 2025