NEWS

လုပ်ခတိုးပေးဖို့ တောင်းဆိုတဲ့ အလုပ်သမားသမဂ္ဂ  ဖျက်သိမ်းဖို့ဖိအားပေးခံရ

CoverLogo
768 Views

ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ ဝါးတစ်ရာစက်မှုဇုန်၊ မဟာမြိုင်လမ်း၊ အမှတ် --- မှာ  ဖွင့်လှစ်ထားတဲ့  True Green City ကော်စေ့စက်ရုံ ပိုင်ရှင်က  စက်ရုံအတွင်း ဖွဲ့စည်းထားတဲ့ အလုပ်သမား သမဂ္ဂအဖွဲ့ကို  ဖျက်သိမ်းဖို့ ဖိအားပေး ခြိမ်းခြောက်ခံရတယ်လို့ သိရပါတယ်။  

 

အဆိုပါကော်စေ့စက်ရုံ အလုပ်သမားတွေဟာ ဒေးကြေး ၆၈၀၀ ကျပ်အစား ဒေးကြေး ၁၀၀၀၀ ကျပ်သို့ တိုးမြှင့်ပေးဖို့တောင်းဆိုရာ စက်ရုံတွင်းသမဂ္ဂအနေဖြင့်ဦးဆောင်တောင်းဆိုခဲ့လို့  စက်ရုံပိုင်ရှင်က သမဂ္ဂအဖွဲ့ကို ဖျက်သိမ်းပေးဖို့နဲ့   သမဂ္ဂကို ဖျက်သိမ်းပေးမှသာ ဒေးကြေးတိုးပေးမှာလို့ပြောဆိုခဲ့တာ လို့သိရပါတယ်။  

 

ဒါ့အပြင်စက်ရုံအတွင်းဖွဲ့စည်းထားတဲ့ သမဂ္ဂကို  မပျက်ပျက်အောင် ဖျက်မယ်လို့ပါ ထည့်သွင်းပြောဆိုခဲ့တာလို့လည်း  သိရပါတယ်။  

 

"သမဂ္ဂအဖွဲ့ကို ဖျက်ပေး၊ မင်းတို့ဖျက်ပေးရင် ဒေးကြေးမကဘူး။ ဘာမဆိုလုပ်ပေးမယ်။သမဂ္ဂရှိနေရင် ဘာမှမလုပ်ပေးနိုင်ဘူး။အစိုးရပေးခိုင်းတိုင်းလည်း ငါတို့မပေးနိုင်ဘူး။ရုံးကိုသွားတိုင်ရင်လည်း ဂရုမစိုက်ဘူး။အစိုးရက ငါတို့စက်ရုံမှာ ရင်းနှီးမြှုပ်နှံထားတာမရှိဘူး။မင်းတို့သမဂ္ဂအဖွဲ့စည်း ဖျက်မယ်ဆိုရင် ဘယ်လောက်ပေးရပေးရ။ငါတို့ကို လျှော့မတွက်နဲ့ မင်းတို့အဖွဲ့အစည်းကို မပျက်ပျက်အောင် ဖျက်မှာ"လို့ ခြိမ်းခြောက်ပြောဆိုခဲ့တယ်လို့ သိရပါတယ်။  

 

မြန်မာနိုင်ငံ အလုပ်သမားများသမဂ္ဂဥပဒေ(၂၀၁၁) အရ အလုပ်သမားတွေဟာ တရားဝင်သမဂ္ဂများဖွဲ့စည်းခွင့်၊ အဖွဲ့ဝင်ခွင့်နဲ့  သမဂ္ဂဆိုင်ရာလှုပ်ရှားမှုတွေတရားဝင်ပြုလုပ်ခွင့်ရှိသော်လည်း True Green စက်ရုံပိုင်ရှင်ကတော့   အလုပ်သမားတွေရဲ့ဥပဒေပါအခွင့်အရေးတွေကို ပိတ်ပင်တဲ့အပြင်  သမဂ္ဂကို ဖြိုခွင်းဖို့ကိုပါ  ခြိမ်းခြောက်မှုတွေ ပြုလုပ်နေတာဖြစ်ပါတယ်။  

 

အဆိုပါ True Green ကော်စေ့စက်ရုံပိုင်ရှင်ရဲ့  ယခုကဲ့သို့ သမဂ္ဂဖြိုခွင်းရန်ခြိမ်းခြောက် ကြိုးပမ်းလာမှုအပေါ် STUM အနေဖြင့် ပြင်းထန်စွာရှုတ်ချသလို  စက်ရုံရဲဲ့ လုပ်ရပ်များကို မှတ်တမ်းတင်စောင့်ကြည့်သွားမယ်လို့လည်း ဆိုပါတယ်။ 

 


Related posts

Cover
လုပ်ငန်းခွင်ဆိုင်ရာ ညှိနှိုင်းရေးကော်မတီကို ပွင့်လင်းမြင်သာစွာ ပြန်လည်ဖွဲ့စည်းပေးဖို့ INNOVATION FOOD Co.,Ltd အလုပ်သမားတွေလိုလားနေ
Apr 26, 2026
Cover
မေလ ၁ ရက်နေ့ကစပြီး ပြည်တွင်းအခွန်တိုးမြှင့်ကောက်မယ့်ကြေညာချက်ကြောင့် ကုန်ဈေးနှုန်းတွေပိုတက်လာနိုင်၊ တရက်အခြေခံလုပ်အားခကျပ် ၄၈၀၀ မှာသာရှိနေဆဲ
Apr 24, 2026
Cover
ရက်မှန်ကြေး၊ ဂရိတ်ကြေး တိုးပေးဖို့ Sunrise Myanmar အထည်ချုပ်အလုပ်သမားတွေ တောင်းဆိုမှုပြုလုပ်  စက်ရုံသို့ ရဲနှင့်စစ်သားများရောက်ရှိလာဟုဆို
Apr 24, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026
Cover
ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသား အားလုံး လွတ်မြောက်ရေး နိုင်ငံတကာ ဖိအားပေးရန် အဖွဲ့အစည်း ၅၈ ဖွဲ့တောင်းဆို
Apr 21, 2026
Cover
"ယိုးဒယားပြည်သွားတောလား"
Apr 18, 2026