NEWS

Suntime Jck အထည်ချုပ်စက်ရုံတွင် အလုပ်ရပ် တောင်းဆိုမှု ပြုလုပ်

CoverLogo
578 Views
 
ရွှေပြည်သာစက်မှုဇုန် ၂ ၊ သံချပ်ဝန်ဦးညွှန်လမ်း၊ Suntime Jck အထည်ချုပ်စက်ရုံမှာ အလုပ်ရပ်တောင်းဆိုမှုတွေ ပြုလုပ်နေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ လုပ်ငန်းခွင်အတွင်း ဖိနှိပ်မှုတွေ ပြုလုပ်နေတဲ့ အောစူပါခန့်ထားမှုကို ကန့်ကွက်ပြီး အလုပ်ရပ် တောင်းဆိုနေတာလို့ အလုပ်သမားတွေက ပြောပါတယ်။
 
“ အောစူပါက လုပ်ငန်းပိုင်းဆိုင်ရာမှာ ဘယ်အရာနဲ့မဆို ပိုက်ဆံနဲ့ပဲ စကားပြောပါတယ် ။ ဘယ်အကြောင်းကိစ္စပဲ ဖြစ်ဖြစ် ဝမ်တိန်ထိုးခိုင်း၊ ဂရိတ်ချမယ်၊ လုပ်ခ ပိုက်ဆံဖြတ်ဆိုတာကြီးပဲ။ စက်လိုင်းထဲမှာ ရေသောက်တာ မြင်ရင်လည်း ဝမ်တိန်ထိုးခိုင်းပါတယ်။ ဒါကြောင့် အောစူပါကို အလုပ်သမားတွေ လက်မခံကြဘူး။ စက်ရုံကိုလည်း ပြန်ပြီး သုံးသပ်နိုင်အောင် အလုပ်ရပ်ထားလိုက်တာပါ.” လို့ အလုပ်သမားတွေက ရှင်းပြပါတယ်။
 
အလုပ်သမားတွေ ကန့်ကွက်နေတဲ့ အောစူပါ ဆိုသူကို စက်ရုံဘက်က လွန်ခဲ့တဲ့ ၃ လလောက်က ကုန်အမှတ်တံဆိပ်ဘက်က အရည်အသွေးစစ်ဆေးသူအဖြစ် အစမ်းခန့်ထားပြီးနောက် စက်ရုံအောစူပါ အဖြစ် ခန့်ထားတာ ဖြစ်တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
“ဒီအောစူပါကို မကြိုက်လို စခန့်ကတည်း စက်ရုံဘက်က ရုံးပိုင်းကို တက်ပြောကြတယ်။ အလုပ်သမားတွေကို တအားဖိနှိပ်တယ်။ ဘာလုပ်လုပ် ဘာကိုင်ကိုင် မျက်စိတောက်ထောက်ပြီး အပြစ်မရှိ အပြစ်ရှာပြီး စားစား ပြန်ပြီ ၊ သွားသွားပြန်ပြီ၊ ပြော ပြောပြန်ပြီ ဆိုတော့ အလုပ်သမားတွေ ဖိအားတအားများတယ်။ ဒါကြောင့် HR ကို တက်ပြောတာ။ စက်ရုံကလက်မခံလို့ စက်လိုင်း ၁၀ လိုင်းလောက် အလုပ်ရပ်ပြီး တောင်းဆိုနေကြတာပါ။” လို့ အလုပ်သမားတွေက ပြောပါတယ်။
 
အလုပ်ရပ်တောင်းဆိုမှုနဲ့ ပတ်သက်ပြီး စက်ရုံဘက် ညှိနှိုင်းဖြေရှင်းတာ မရှိသလို အလုပ်မလုပ်ပါ လုပ်ခလစာ မပေးဘူးဆိုပြီး ပြောဆိုထားတဲ့ အချက်အလက်တချို့ကို Myanmar Labour News က လက်ခံရရှိထားပါတယ်။
 
“၈ ရက်ကတည်းစပြီး ဖြစ်ကြတာ၊ ၉ ရက်မှာတော့ အလုပ်ရပ်ပြီးတောင်းဆိုခဲ့ကြတာပါ။ စက်ရုံဘက်လည်း သူဌေးခန့်ထားတဲ့သူကို မပြောင်းလဲ နိုင်ဘူးလို့ပြောတယ်။ ညီမတို့ အလုပ်ရပ်တောင်းဆိုတာကို အလုပ်မလုပ်ရင် ပိုက်ဆံမရဘူးဆိုပြီး ခြိမ်းခြောက်သလိုလို ပြောတယ်။” လို့ အလုပ်သမားတဦးက ပြောပါတယ်။
 
စက်ရုံ WCC အဖွဲ့ရဲ့ ညှိနှိုင်းမှုတွေက စက်ရုံဘက်က တဘက်သတ်ပြောဆိုတဲ့ အတိုင်း ဖြစ်နေလို့ အလုပ်သမားတွေက လက်မခံနိုင်ဘူးလို့ ပြောပါတယ်။ စက်ရုံ ဒေးကြေးက ၅၈၀၀ ဖြစ်ပြီး တခြားရပိုင်ခွင့်တွေပေါင်းရင်တောင် ကျပ် ၁၀၀၀၀ မပြည့်ဘူးလို့ အလုပ်သမားတွေက ပြောပါတယ်။
 
“ညီမတို့က ဘာမှာ တောင်းဆိုတာလည်း မဟုတ်ဘူး။ တခြားစက်ရုံတွေလို လုပ်ခ တိုးပေးဖို့ တောင်းနေ တာလည်း မဟုတ်ဘူး။ ဒီအောစူပါနဲ့ အဆင်မပြေဘူး။ ဆက်လုပ်ရင် နောက်ဆို လုပ်ငန်းခွင် အခြေအနေက ပိုဆိုးလာ မှာ။ အောစူပါ မဖြစ်ခင်ကတောင် တအားဖိနှိပ်တာ။ ဖြစ်ရင် ညီမတို့ နေစာရာတောင်ရှိမှာ မဟုတ်ဘူး။.” လို့ ပြောပါတယ်။
 
တောင်းဆိုမှုတွေ ပြုလုပ်နေတဲ့ အလုပ်သမားတွေက မြို့နယ်အလုပ်သမားရုံးကို သွားရောက် အကြောင်းကြားပြီး ညှိနှိုင်းဖို့ ကြိုးစားပေမဲ့ စက်ရုံဘက်က တားဆီးနေတယ်လို့ အလုပ်သမားတွေက ပြောဆိုထားပါတယ်။

Related posts

Cover
လှည်းကူးတွင် စက်ရုံဖယ်ရီ နှင့် မီနီဘတ်စ် ယာဉ်တိုက်မှုကြောင့် ၄ ဦး သေ၊ ၃၂ ဦး ဒဏ်ရာရ
Feb 03, 2026
Cover
CDM ဝန်ထမ်းများကို အမည်ပျက်စာရင်းမှ ပယ်ဖျက်ပေးမည်ဟု စစ်ကော်မရှင်ဆို
Feb 02, 2026
Cover
Baisheng ဖိနပ် စက်ရုံ ဖူလုံရေးကြေး ပေးသွင်းခွင့်မပေး၊ ကိုယ်ဝန်ဆောင် အလုပ်သမားများ အခွင့်အရေး ဆုံးရှုံး
Feb 02, 2026
Cover
Dong long အထည်ချုပ်စက်ရုံလုပ်ငန်းခွင်တွင် ခြိမ်းခြောက် ဆဲဆိုမှုများနှင့် ကြုံနေရ
Feb 01, 2026
Cover
Lucky Top Myanmar အထည်ချုပ်စက်ရုံ ဖိအားပေး အချိန်ပို ဆင်းခိုင်း
Feb 01, 2026
Cover
စက်မှုဇုန်များကို လျှပ်စစ်မီတာခ တစ်ယူနစ် ၉၀၀ ကျပ်သို့ တိုးမြှင့်ကောက်မည်
Jan 31, 2026
Cover
ETERNAL FASHION CO.,Ltd အထည်ချုပ်စက်ရုံ ပိတ်သိမ်း
Jan 31, 2026
Cover
LITA MYANMAR အထည်ချုပ် ခွင့်မဲ့ သတ်မှတ် အလုပ်ထုတ်နေ
Jan 31, 2026