NEWS

S.H အထည်ချုပ်စက်ရုံ အောစူပါများ ရိုင်းစိုင်းစွာပြောဆို ခိုင်း တပတ် နာရီ ၂၀ ကျော် အချိန်ပိုခေါ်ခိုင်းနေ

CoverLogo
830 Views
 
S.H COMPANY LIMITED အထည်ချုပ်စက်ရုံ လုပ်သားတွေကို အောစူပါတွေက ရိုင်းစိုင်းစွာပြောဆို ခိုင်းစေပြီး တပတ် နာရီ ၃၀ နီးပါး အချိန်ပိုလုပ်ကိုင်နေရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
နေ့စဉ့် ၂ နာရီ အချိန်ပိုလုပ်ကိုင်ပေးရတဲ့အပြင် စနေ၊ တနင်္ဂနွေ ရက်တွေမှာပါ လုပ်ကိုင်နေရတယ်လို့ မြန်မာနိုင်ငံကုန်ထုတ်နှင့် စက်မှုလက်မှု အလုပ်သမားများအဖွဲ့ချုပ် IWFM ကို အလုပ်သမားတွေက ပြောပါတယ်။
 
“နေတိုင်း အိုတီအပါ အလုပ်ချိန် နံနက်၈နာရီကနေ ညနေ၆ခွဲအထိ၊ စနေနေ့ဆို အိုတီကို ည ၈ခွဲ၊ ၉ခွဲ ထိလုပ်ပေးရတယ်။ တနင်္ဂနွေနေ့လည်း အပတ်တိုင်း ည ၈ခွဲ ၊ ၆ခွဲတွေ ခေါ်နေတာ။ မဆင်းရင်လည်းမရဘူး။” လို့ အလုပ်သမားတွေက ပြောပါတယ်။
 
အချိန်ပိုမဆင်းတဲ့ အလုပ်သမားတွေကို စက်ရုံ အောစူပါနဲ့ လိုင်းခေါင်းဆောင်တွေက ခွဲခြားဆက်ဆံ ဆဲဆိုတဲ့ အပြင် အချိန်လုပ်ခတွေကို ရက်အတန်ကြာမှ ရှင်းပေးတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ အချိန်ပိုခိုင်းစေရာမှာ ကိုယ်ဝန်ဆောင် လုပ်သားတွေပါ နားရက်မရှိ ဖိအားပေး ဆင်းခိုင်းခဲ့တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
“ကိုယ်ဝန်သည်တွေကို တနင်္ဂနွေနေ့ အချိန်ပို အိုတီကို အတင်းဆင်းခိုင်းတယ်၊ မဆင်းရင် ဆဲတာ။ သင်္ကြန်ရက် မတိုင်မီကဆို တနင်္ဂနွေနေ့တွေ ဆက်တိုင်းဆင်းခဲ့ရတယ်။ စက်လိုင်းခေါင်းဆောင်တွေက နိုင်ငံခြားသားတွေ ခိုင်းတဲ့ အကုန်ပြန်ခိုင်းတာ၊ လုပ်နိုင်မ လုပ်နိုင် မစဉ်းစားတော့ဘူး။ ကိုယ်ဝန်သည်ဆိုတာလည်း ခေါင်းထဲမရှိတော့ဘူး။ အသာကုန် ဆဲဆို ခိုင်းတာ။ ဒီကြားထဲ စက်ချုပ်တဲ့ မိန်းကလေးတွေကို အောစူပါတွေက “နင်တို့လင်စက်ရုံ မဟုတ်ဘူး၊ နင်တို့ပထွေး စက်ရုံမဟုတ်ဘူး” ဆိုပြီး ရိုင်းစိုင်းစွာ အပြောခံရပါ တယ်။” လို့ အလုပ်သမားတွေက ပြောပါတယ်။
 
အလုပ်သမားတွေမှာ အချိန်ပို မနားမနေ လုပ်ကိုင်ပေးရလို့ ကျန်းမာရေး ထိခိုက်ခိုက်ရသလို အချိန်ပိုဆင်းဖို့ ညနေ ၄ နာရီလောက်မှ ပြောဆိုတဲ့အပြင် လာရောက်စစ်ဆေးတဲ့အဖွဲ့အစည်းတွေကို လိမ်လည်ဖြေကြားဖို့ အောစူပါတွေက ကြိုတင် သင်ကြားထားတယ်လို့ ပြောပါတယ်။
 
“အချိန်ပိုအိုတီခေါ်ရင်လည် ညနေ၄နာရီခွဲမှ ကပ်ပြောတာ။ အချိန်ပိုအိုတီမဆင်းနိုင်လို့ ပြန်မယ်ပြောလည်း မရဘူး။ အလုပ်ပြီးမှ ပြန်ရမယ်လို့ပြောပြီး ဆက်ခိုင်းတော့တာ။ အချိန်ပို မတရားဆင်းရလို့ အတိုင်ခံရလို့ ဧည့်သည်တွေလာရင် သူတို့က စာရွက်ကြီးနဲ့ တစ်ခုချင်း ဆီကို သင်ထားတာ။ အထည်စံချိန်လည်း တအား မတောင်းဘူး၊ ၁၈ နှစ်မပြည့်တဲ့သူ မရှိဘူး။ ဗိုက်ကြီးသည်တွေ အရမ်းမခိုင်းဘူး။ သူတို့က မမိုက်ရိုင်းဘူးဆို ပြီး ကြိုသင်ထားတယ်။ “ လို့ အလုပ်သမားတစ်ဦးက ပြောပါတယ်။
 
၄၅ ယောက်ရှိတဲ့ စက်လိုင်းတလိုင်းကို အထည်စံချိန် ၁၀၀၀ ကျော် တောင်းတာကြောင့် အလုပ်သမား တယောက်ကို ငါးပွိုင့်လောက်ချုပ်နေရတယ်လို့ ဆိုပါတယ်။ ဒါကြောင့် စံချိန်ပြည့်ဖို့ ခက်ခဲသလို အထည်ပုံစံ အသစ် စချုပ်တဲ့နေ့က စပြီး ဖိအားပေးခိုင်းစေတာကြောင့် အမှားအယွင်းတွေရှိတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
“အော်ဒါအသစ်တောင် မစရသေးဘူး ဘယ်နေ့အပြီးပေးရမယ်ဆိုတာက အရင် မေးတာ။အထည် ၁၀၀၀ကျော်တောင်းပြီး ရက်ရက်စက်စက် ချုပ်ခိုင်းတယ်။ စတိုလ်အသစ်မလို့ နည်းနည်းလေးများ အမှားလုပ်ရင် လက်ညိုးငေါက် ငေါက်ထိုးပြီး ပြောတယ်။” လို့ ပြောပါတယ်။
 
အလုပ်သမားတွေ ရက်မှန်ကြေး ကျပ် ၅၅၀၀၀ ရရှိပေမဲ့ အလုပ်တစ်ရက်ပျက်ပါက ကျပ် ၂၀၀၀၀ အဖြတ်ခံရပြီး သုံးရက်ပျက်ခဲ့ပါက ရက်မှန်ကြေး လုံးဝ မရရှိတော့ဘူးလို့ အလုပ်သမားတွေက ပြောပါတယ်။ဒါ့အပြင် လုပ်ငန်းခွင်ထဲမှာ ၁၄၊၁၅၊၁၆နှစ်အရွယ် လူငယ်၊လူရွယ်အများအပြားကို ဆရာဝန် ထောက်ခံချက်လဲမပါဘဲ လုပ်ငန်းခွင်ထဲခိုင်းစေနေတယ်လည်း ပြောထားပါတယ်။
 
S.H COMPANY LIMITED စက်ရုံက ရန်ကုန်မြို့ ၊ လှိုင်သာယာမြို့နယ်၊ စက်မှုဇုန်(၂)၊ မက္ခရာမင်းသားကြီးလမ်းမောင်ပျိုးလမ်းမှာ ဖွင့်လှစ်ထားတဲ့ တရုတ်နိုင်သားပိုင် စက်ရုံဖြစ်ပါတယ်။ အလုပ်သမားများ ၁၀၀၀ကျော်လုပ်ကိုင်နေပြီး CARS JEANS၊ LCW MODEST တံဆိပ် ဝယ်လွန် ဂျာကင်အရှည် ၊ ဘောင်းဘီ၊ တရုတ်ဂါဝန်ပုံစံအင်္ကျီ၊ ကလေးဝတ်တွေ ချုပ်လုပ်နေတယ်လို့ သိထားပါတယ်။

Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026
Cover
Best-A Garment Co.,Ltd စက်ရုံ စက်ပြင် နှင့် လုံခြုံရေး ခြိမ်းခြောက်မှု တိုင်းကြားမရလို အမျိုးသမီးများ လုံခြုံမှုမရှိဖြစ်နေ
Aug 10, 2026