NEWS

ဥရောပသမဂ္ဂမှ မြန်မာ စစ်ဘေးဒဏ်ခံစားနေရသူတွေအတွက်ယူရိုငွေ ၃၃ သန်းထောက်ပံ့မည်

CoverLogo
313 Views
 
မြန်မာပြည်တွင်း ပဋိပက္ခတွေကြောင့် ထိခိုက်ခံစားနေရတဲ့ စစ်ဘေးဒဏ်သင့်ပြည်သူ တွေကိုဥရောပသမဂ္ဂကနေယူရို ငွေ၃၃ သန်းထောက်ပံ့ပေးမယ်လို့ ကြေညာလိုက်ပါတယ်။
ဥရောပသမဂ္ဂအနေနဲ့ ‌လူသားချင်းစာနာထောက်ထားမှုအကူအညီအရ မြန်မာပြည်က စစ်ဘေးဒုက္ခခံစားရသူများအတွက်ငွေကြေးအထောက်အပံ့ပြုဖို့မတ်လ၇ရက် မှာ အသိ‌ပေးလိုက်တာလို့သိရပါတယ်။
တောင်အာရှနဲ့ အရှေ့တောင်အာရှရှိ အကျပ်အတည်း တွေကြောင့် ထိခိုက်ခံစားရသူ တွေအတွက် လူသားချင်းစာနာထောက်ထားမှုအကူအညီ အရ ဥရောပသမဂ္ဂမှ ယူရိုငွေ ၇၆ သန်း ခွဲဝေချထားပေးရာအဲ့ဒီ့ထဲက တချို့ကို မြန်မာပြည်သူတွေအတွက်ခွဲဝေထောက်ပံ့တာဖြစ်ကြောင်းဖော်ပြထားပါတယ်။
မြန်မာနိုင်ငံအတွင်းစစ်ရေးပဋိပက္ခတွေ ဖြစ်ပွားနေမှုဟာ တစ်နိုင်ငံလုံးရဲ့နေရာအနှံ့အပြားမှာဖြစ်နေတာဖြစ်ပြီး စစ်ဘေးရှောင်အရေအတွက်ဟာ ၃ ဒဿမ၅သန်းခန့်ရှိနေရာအဲ့ဒီထဲမှာ အမျိုးသမီးနဲ့ကလေးအရေအတွက်က ပိုများတယ်လို့ ကမ္ဘာကုလသမဂ္ဂ ရဲ့အဖွဲ့အစည်း‌ တွေဖြစ်တဲ့ ယူနီဆက်နဲ့ UNOCHA တို့ရဲ့စာရင်းထုတ်ပြန်ချက်အရသိရပါတယ်။
ဥရောပသမဂ္ဂ(EU)အနေဖြင့် အလိုအပ်ဆုံးသောသူ တွေထံ ရောက်ရှိစေရန်နဲ့ နောက်ထပ်သေချာတဲ့ရန်ပုံငွေများ ရရှိရန် မိတ်ဖက်များဖြင့် လုပ်ဆောင်လျက်ရှိကြောင်း ‌အသိပေးထားတာလည်းရှိနေပါတယ်။

Related posts

Cover
ရန်ကုန်ရှိ ဖင်လန်သံရုံး ဖေဖေါ်ဝါရီ ၂၈ ရက်မှ စတင်ပိတ်သိမ်းမည်။
Feb 25, 2026
Cover
မှတ်ပုံတင်အတု ဖြင့် နိုင်ငံကူးလက်မှတ်သက်တမ်းတိုးလျှောက်ထားမှုများရှိနေဟုဆို
Feb 21, 2026
Cover
အငှားအိမ်ရာ တိုက်ခန်း များ အား ပြန်လည် ငှားရမ်း၊ရောင်းချသူများကိုနေထိုင်ခွင့်ပယ်ဖျက်ပြီး ထောင်ဒဏ်တစ်နှစ် ပြစ်ဒဏ်ချမှတ်
Feb 21, 2026
Cover
အကျဉ်းထောင်များအတွင်း နိုင်ငံရေးအကျဉ်းသူများ လစဉ်ဓမ္မတာ ဆိုင်ရာ ကျန်းမာရေး ပြသာနာများ ရင်ဆိုင်နေရ
Feb 20, 2026
Cover
စစ်အာဏာသိမ်းမှု ၅နှစ်ပြည့် အတွက်မော်လိုက်အကျဉ်းထောင် တွင် ငြိမ်းချမ်းစွာဆန္ဒပြသည့် အကျဉ်းသူများ တိုက်ပိတ်ခံရ
Feb 02, 2026
Cover
ကုသကာကွယ်ဆေးမရှိသေးတဲ့ ကူးစက်မြန် နီပါဗိုင်းရပ်စ်အတွက် ကာကွယ်ရေးနဲ့ထိန်းချုပ်ရေး အစီစဉ်တွေထုတ်ပြန်လာ
Jan 29, 2026
Cover
လုပ်သား ၃၃၀၀ကျော် အလုပ်အကိုင် ရရှိမည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းသစ် ၂၀ ခု ကို စစ်ကော်မရှင်ခွင့်ပြု
Jan 28, 2026
Cover
ဒိုက်ဦးအကျဉ်းထောင်တွင် ကျန်းမာရေးထိခိုက်စေသည့် အစားသောက်များ ကျွေးပြီး ဆေးဝါးပစ္စည်း ပါဆယ် ပို့မှုကို ပိတ်ပင်နေဟုဆို
Jan 28, 2026