NEWS

ဥရောပသမဂ္ဂမှ မြန်မာ စစ်ဘေးဒဏ်ခံစားနေရသူတွေအတွက်ယူရိုငွေ ၃၃ သန်းထောက်ပံ့မည်

CoverLogo
287 Views
 
မြန်မာပြည်တွင်း ပဋိပက္ခတွေကြောင့် ထိခိုက်ခံစားနေရတဲ့ စစ်ဘေးဒဏ်သင့်ပြည်သူ တွေကိုဥရောပသမဂ္ဂကနေယူရို ငွေ၃၃ သန်းထောက်ပံ့ပေးမယ်လို့ ကြေညာလိုက်ပါတယ်။
ဥရောပသမဂ္ဂအနေနဲ့ ‌လူသားချင်းစာနာထောက်ထားမှုအကူအညီအရ မြန်မာပြည်က စစ်ဘေးဒုက္ခခံစားရသူများအတွက်ငွေကြေးအထောက်အပံ့ပြုဖို့မတ်လ၇ရက် မှာ အသိ‌ပေးလိုက်တာလို့သိရပါတယ်။
တောင်အာရှနဲ့ အရှေ့တောင်အာရှရှိ အကျပ်အတည်း တွေကြောင့် ထိခိုက်ခံစားရသူ တွေအတွက် လူသားချင်းစာနာထောက်ထားမှုအကူအညီ အရ ဥရောပသမဂ္ဂမှ ယူရိုငွေ ၇၆ သန်း ခွဲဝေချထားပေးရာအဲ့ဒီ့ထဲက တချို့ကို မြန်မာပြည်သူတွေအတွက်ခွဲဝေထောက်ပံ့တာဖြစ်ကြောင်းဖော်ပြထားပါတယ်။
မြန်မာနိုင်ငံအတွင်းစစ်ရေးပဋိပက္ခတွေ ဖြစ်ပွားနေမှုဟာ တစ်နိုင်ငံလုံးရဲ့နေရာအနှံ့အပြားမှာဖြစ်နေတာဖြစ်ပြီး စစ်ဘေးရှောင်အရေအတွက်ဟာ ၃ ဒဿမ၅သန်းခန့်ရှိနေရာအဲ့ဒီထဲမှာ အမျိုးသမီးနဲ့ကလေးအရေအတွက်က ပိုများတယ်လို့ ကမ္ဘာကုလသမဂ္ဂ ရဲ့အဖွဲ့အစည်း‌ တွေဖြစ်တဲ့ ယူနီဆက်နဲ့ UNOCHA တို့ရဲ့စာရင်းထုတ်ပြန်ချက်အရသိရပါတယ်။
ဥရောပသမဂ္ဂ(EU)အနေဖြင့် အလိုအပ်ဆုံးသောသူ တွေထံ ရောက်ရှိစေရန်နဲ့ နောက်ထပ်သေချာတဲ့ရန်ပုံငွေများ ရရှိရန် မိတ်ဖက်များဖြင့် လုပ်ဆောင်လျက်ရှိကြောင်း ‌အသိပေးထားတာလည်းရှိနေပါတယ်။

Related posts

Cover
ရန်ကုန်တိုင်း အတွင်းရှိ မြို့နယ် ၄၄ မြို့နယ် ကို 'ည' မထွက်ရ အမိန့် ပြန်ရုပ်သိမ်း
Dec 26, 2025
Cover
ရန်ကုန်တွင် ဘွဲ့ရသူ စာရင်းကောက်ယူနေ၍ ပြည်သူတွေစိုးရိမ်နေ
Dec 23, 2025
Cover
အမျိုးသမီး ၉ ဦးကို ပြည့်တန်ဆာ အဖြစ် ခိုင်းစေကာ ငွေကြေးအကျိုးမြတ် ခေါင်းပုံဖြတ်သူများကို လူကုန်တားဥပဒေဖြင့် အရေးယူ
Dec 18, 2025
Cover
NUG အလုပ်သမားဝန်ကြီးဌာန အပါ ဝန်ကြီးဌာန ၃ ခုကို ပေါင်းစည်းဖွဲ့မည်
Nov 30, 2025
Cover
စစ်ကော်မရှင်ရဲ့ အလုပ်သမားဝန်ကြီးဦးအောင်ကျော်ဟိုး လှိုင်သာယာမြို့နယ်ပြည်သူ့လွှတ် တော်နေရာ အတွက် ရွေးကောက်ပွဲဝင်ပြိုင်
Nov 30, 2025
Cover
နိုင်ငံခြားသားနှင့် ထိမ်းမြားလက်ထပ်ကျမ်းကျိန်လွှာပြုလုပ်မှု စိစစ်တင်းကြပ်
Nov 30, 2025
Cover
ဂျပန်၊ ကိုရီးယားနှင့် တရုတ်နိုင်ငံ မကာအိုဒေသမှ လာရောက်သည့် ကမ္ဘာလှည့်ခရီးသည်များအတွက် ကမ္ဘာလှည့်ဆိုက်ရောက်ဗီဇာ ၁ နှစ် ထပ်မံ သက်တမ်းတိုးခွင့်ပြု
Nov 21, 2025
Cover
၂ နှစ်ကျော်အတွင်း ပြည်တွင်းသို့ တရားမဝင် ဝင်ရောက်သည့် နိုင်ငံခြားသား ၇၀၀၀၀ ခန့် ရှိဟုဆို
Nov 15, 2025