NEWS

လ၀က ဝန်ထမ်းများ ငွေကြေးယူပါက အထောက်အထားအပြည့်စုံဖြင့် တိုင်လျှင် ထိရောက်စွာ အရေးယူမည်ဟု ကြေညာ

CoverLogo
38 Views
 
စစ်အစိုးရ လက်အောက်ခံ ဝန်ကြီးဌာန မှ ဝန်ထမ်းများ အနေနဲ့ ဥပဒေ လုပ်ထုံး လုပ်နည်းများကို ကျော်လွန် ကာ ငွေကြေးယူကြောင်း အထောက်အထား အပြည့်စုံနဲ့ တိုင်ကြားလျှင် ထိရောက်စွာ အရေးယူပေးမယ်လို့ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန က စစ်အစိုးရလက်အောက်ခံ သတင်းဌာန ကနေ အသိပေးကြေညာပါတယ်။
 
စစ်အစိုးရရဲ့ ရက် ၁၀၀ စီမံချက် တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန အနေနဲ့ "လမင်းစီမံချက်" ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား၊ အိမ်ထောင်စုစာရင်းလုပ်ဆောင်ပေးလျက်ရှိရာ မှာ သက်ဆိုင်ရာ ဝန်ထမ်းတွေအနေနဲ့ ဥပဒေထက်ကျော်ထွန် လုပ်ဆောင်ပြီး ငွေကြေးယူပါက တိုင်ကြားနိုင်တယ်လို့ အသိပေးထားတာဖြစ်ပါတယ်။
 
၎င်းအသိပေး ထုတ်ပြန်ချက်တွင် ဝန်ကြီးဌာနအနေနဲ့ နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စု လူဦးရေစာရင်း ဆောင်ရွက်ရမယ့် လုပ်ထုံးလုပ်နည်းနှင့် မူဝါဒများကို တိကျစွာ ထုတ်ပြန်ထားပြီး မည်သို့ ပြုလုပ်ရမည်ကိုသိရှိရန် သက်ဆိုင်ရာရုံးများ၌ ဗီနိုင်း ချိတ်ဆွဲခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်းတို့ ပြုလုပ်ထားပေးတယ်လို့ဆိုပါတယ်။
 
သို့ပေမယ့်အချို့ရုံးတွေမှာ ပြည်သူတွေ က ကိုယ်တိုင်ဆောင်ရွက်ခြင်း မရှိဘဲ ပွဲစားနဲ့ ချိတ်ဆက်ဆောင်ရွက် တဲ့ အတွက် မလိုလားအပ်တဲ့ ဖြစ်စဉ်တွေ ဖြစ်ပွားခဲ့တာကြောင့် ၎င်းကိစ္စနဲ့ ပက်သက်ပြီး ပွဲစားတွေနဲ့ ပါဝင်ပက်သက်ခဲ့တဲ့ ဝန်ထမ်း တွေကို ထိရောက်စွာအရေးယူဆောင်ရွက် နေတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
 
""တကယ်အရေးယူမယ်ဆိုရင် ပြည်သူ တိုင်ကြားမှ အရေးယူပေးတာထက် မကြာခဏစစ်ဆေး တာမျိုး အသွင်ယူစစ်ဆေးတာမျိုးလုပ်ရမှာအခုက လ၀က ရုံးကို မှတ်ပုံတင် ကိုယ်တိုင် သွားလျှောက်ရင် ဝန်ထမ်းတွေက အကြောင်းအမျိုးမျိုးနဲ့ ပညာပြတာမျိုးတွေ လူကြီး အစည်းဝေးရှိလို့ လက်မှတ်မထိုးရသေးလို့ ဟိုနေ့ဒီနေ့ မှရမယ်ဖြစ်တာ ပွဲစား ကြားခံပြီး ငွေပေးလိုက်ရင် လိုချင်တဲ့နေ့ရတယ် အကုန်အဆင်ပြေတဲ့ အခြေနေတွေ ဖြစ်နေတာ""လို့ ပြည်သူ တစ်ဦးကပြောပါတယ်။
 
ဝန်ကြီးဌာနရဲ့ အသိပေးချက်မှာတော့ ဝန်ထမ်းများ ဥပဒေလုပ်ထုံးလုပ်နည်းများကို ကျော်လွန်ဆောင်ရွက်ပါက အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်နှင့် ဝန်ကြီးဌာနသို့ အထောက်အထားနဲ့ တိုင်ကြားပါက အရေးယူသွားမည်ဖြစ်ကြောင်း တကယ်လို့ သတင်း ခိုင်လုံမှုမရှိဘဲ အွန်လိုင်းမှ ပြောဆိုမှုများကို လည်း တည်ဆဲဥပဒေနှင့် အရေးယူဆောင်ရွက်သွားမှာ ဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။
 
လက်ရှိ မှာလည်း အွန်လိုင်းမှ အကောင့်ဖွင့် ကြေညာပြီး တရားမဝင် အခကြေးငွေရယူကာ ပွဲစားအဖြစ်ဆောင်ရွက်နေသူတွေအပြင် ပြည်သူအား အထင်အမြင်မှားစေတဲ့ ပြောဆိုရေးသားထားသူတချို့ကိုလည်း ရက် ၁၀၀ လမင်းစီမံချက်ကို ထိခိုက်တဲ့အတွက် အရေးယူထားကြောင်း ထုတ်ပြန်မှုအရသိရပါတယ်။

Related posts

Cover
လူ ၄ ဦးတွင် ၁ဦးဆာလောင်မွတ်သိပ်နေဟု WFP ထုတ်ပြန်
May 19, 2026
Cover
မူဆယ်တွင် လစာကောင်းသည့် အလုပ်ရမည်ဆိုသဖြင့်ရောက် သွားသည့် ၁၇ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး ပျောက်ဆုံးနေ
May 19, 2026
Cover
ရွှေဈေးပြန်ကျ စက်သုံးဆီ စားသုံးဆီနဲ့ နိုင်ငံခြားငွေဈေး အကျမရှိအတက်ဈေးနဲ့ငြိမ်နေ
May 17, 2026
Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
မေလ ၁ ရက်နေ့ကစပြီး ပြည်တွင်းအခွန်တိုးမြှင့်ကောက်မယ့်ကြေညာချက်ကြောင့် ကုန်ဈေးနှုန်းတွေပိုတက်လာနိုင်၊ တရက်အခြေခံလုပ်အားခကျပ် ၄၈၀၀ မှာသာရှိနေဆဲ
Apr 24, 2026
Cover
ရက်မှန်ကြေး၊ ဂရိတ်ကြေး တိုးပေးဖို့ Sunrise Myanmar အထည်ချုပ်အလုပ်သမားတွေ တောင်းဆိုမှုပြုလုပ်  စက်ရုံသို့ ရဲနှင့်စစ်သားများရောက်ရှိလာဟုဆို
Apr 24, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026