NEWS

ရန်ကုန်တိုင်းအတွက် စစ်မှုထမ်းရန် လှိုင်သာယာတွင်အဓိကလူစုဆောင်းခံနေရ

CoverLogo
21 Views

​ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ် (အရှေ့ပိုင်းနှင့် အနောက်ပိုင်း) သည် စစ်မှုထမ်းရန်အတွက် အဓိက လူဦးရေစုဆောင်းခံရသည့် နေရာဖြစ်လာပြီး၊ မြို့နယ်အတွင်း ပေါ်တာဆွဲခံရမှုနှင့် လူပျောက်ဆုံးမှုဖြစ်စဉ်များ ဆက်တိုက်ဖြစ်ပွားနေကြောင်း  ဒေသခံများထံမှ သိရပါတယ်။ 


​စက်မှုဇုန်များနှင့် စက်ရုံလုပ်သား အများအပြားရှိပြီး အခြေခံလူတန်းစား အများဆုံးနေထိုင်ရာ လှိုင်သာယာမြို့နယ်အတွင်း လူငယ်၊ လူရွယ်များ ပျောက်ဆုံးမှု ပိုမိုမြင့်တက်လာကာ အများစုမှာ စစ်မှုထမ်းရန် အဓမ္မခေါ်ဆောင်ခံရခြင်းဖြစ်ကြောင်း ဒေသခံများက ပြောဆိုပါတယ်။ 


​“လှိုင်သာယာမှာက အလုပ်သမားတွေများတော့ လုပ်ခလစာ မက်လုံးပေးပြီး အလုပ်ရမယ်  ညာခေါ်သွားပြီး တပ်ထဲရောင်းစားတာမျိုးတွေ ရှိတယ်။ တချို့ကျတော့လည်း အလုပ်ကအပြန် ညဘက် လမ်းမှာတင် ဆွဲခေါ်ခံရတာ။ အုပ်ချုပ်ရေးပိုင်းတွေက အဆောင်တွေကို ဧည့်စာရင်းစစ်တဲ့အခါ လူငယ်တွေတွေ့ရင် မသင်္ကာလို့ဆိုပြီး ခေါ်သွားရာကနေ စစ်မှုထမ်းထဲ ပါသွားကြတာများတယ်။ မိဘတွေက ငွေနဲ့လိုက်ရွေးနိုင်ရင် ပြန်လွတ်လာပြီး၊ မရွေးနိုင်တဲ့သူတွေကတော့ ပါသွားတာပဲ” လို့  လှိုင်သာယာမြို့နယ် ဒေသခံတစ်ဦးက ပြောပါတယ်။ 


​လက်ရှိတွင် စစ်မှုထမ်းရန် ငြင်းဆန်လိုသူများအတွက် လူစားထိုးလဲလှယ်ရန် ရှာဖွေရာ၌ ပေးရသည့် ပေါက်ကြေးမှာ မြန်မာငွေကျပ်သိန်း ၁၀၀ နီးပါးအထိ မြင့်တက်နေခြင်းကြောင့် အသက် ၃၅ နှစ်အထက် အမျိုးသားများကိုပါ ပေါ်တာဆွဲတဲ့ အခြေအနေများ ရှိလာတယ်လို့ သိရပါတယ်။ 


​လတ်တလောတွင် လည်း လှိုင်သာယာမြို့နယ် ၉ ရပ်ကွက်မှ အသက် ၃၂ နှစ်အရွယ် အမျိုးသားတစ်ဦးမှာ ဇွန်လ ၁၈ရက်က လူတစ်ဦးမှ အလုပ်ရှာပေးမည်ဟုဆိုကာ ခေါ်ဆောင်သွားပြီးနောက် ပျောက်ဆုံးနေကြောင်းနှင့် ၎င်းဇွန်လ၁၈ရက် ညပိုင်းမှာ လည်း လှိုင်သာယာမြို့နယ်နေထိုင်သူ အသက် ၄၀ ကျော်အရွယ် အမျိုးသား တစ်ဦးလည်း ထပ်မံပျောက်ဆုံးနေတဲ့အတွက်  မိသားစုဝင်များက လူမှုကွန်ရက်စာမျက်နှာများတွင် ကြေညာပြီး လိုက်လံရှာဖွေလျက်ရှိကြောင်း သိရပါတယ်။ 


​အခုလို စစ်မှုထမ်းရန် ပေါ်တာဆွဲတာတွေ များလာတဲ့ အတွက် ဒေသခံတွေအနေနဲ့ ညဘက်အပြင် သွားလာမှု တွေလျော့နည်းလာသလို အလုပ်အကိုင် ကမ်းလှမ်းမှုများနဲ့  ပတ်သက်၍လည်း အထူးသတိပြု ဆင်ခြင်လာကြတယ်လို့ သိရပါတယ်။ 

Photo_


Related posts

Cover
စစ်ကောင်စီက အလုပ်သမားအဖွဲ့ချုပ် CTUM နဲ့ သမဂ္ဂ အတုအယောင်တွေ ဖွဲ့စည်းထားဟုဆို
Jun 07, 2026
Cover
ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်သန်မှုတိကျစွာသိရဖို့နဲ့ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး CTUM တိုက်တွန်း
Jun 07, 2026
Cover
စစ်မှုထမ်းရန် အဓမ္မခိုင်းစေခြင်း ( သို့) ပေါ်တာဆွဲခံရပါက တိုင်ကြားနိုင်
May 31, 2026
Cover
အမှောင်ထုတွင်းမှ ရေတွက်ရသော နေ့ရက်များ
May 26, 2026
Cover
အမျိုးသမီးများကို ​ငွေ​ကြေးနှင့် စည်းရုံးပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်ခဲ့သူ ၂ ဦးကို ထောင် ၁၅ နှစ်စီချ
May 25, 2026
Cover
လူ ၄ ဦးတွင် ၁ဦးဆာလောင်မွတ်သိပ်နေဟု WFP ထုတ်ပြန်
May 19, 2026
Cover
မူဆယ်တွင် လစာကောင်းသည့် အလုပ်ရမည်ဆိုသဖြင့်ရောက် သွားသည့် ၁၇ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး ပျောက်ဆုံးနေ
May 19, 2026
Cover
လ၀က ဝန်ထမ်းများ ငွေကြေးယူပါက အထောက်အထားအပြည့်စုံဖြင့် တိုင်လျှင် ထိရောက်စွာ အရေးယူမည်ဟု ကြေညာ
May 19, 2026