NEWS

အမျိုးသမီးများကို ​ငွေ​ကြေးနှင့် စည်းရုံးပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်ခဲ့သူ ၂ ဦးကို ထောင် ၁၅ နှစ်စီချ

CoverLogo
24 Views
တရုတ်ဇနီးမယား ပြုလုပ်ပါက ကျပ်သိန်း ၁၅၀ ရမယ်လို့ မြန်မာအမျိုးသမီး များကို ပြောဆိုစည်းရုံးပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်ကာငွေကြေးအမြတ်ထုတ်သူ ၂ဦးကို လူကုန်ကူးမှုဖြင့် အလုပ်နှင့် ထောင်ဒဏ် ၁၅ နှစ်စီ ချမှတ်လိုက်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့သတင်းထုတ်ပြန်မှုအရသိရပါတယ်။
 
ဖြစ်စဉ်မှာ ရန်ကုန်မြို့ ဒဂုံမြို့သစ်ဆိတ်ကမ်းမြို့နယ်နဲ့မရမ်းကုန်းမြို့နယ်တို့မှာ နေထိုင်တဲ့ အမျိုးသမီး ၂ ဦး ကို ကချင်ပြည်နယ်နေ မလုတောင်၊ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်နေ မကရင်မ(ခ)မ၀ဝင်းဆန်းနဲ့လိပ်စာတူမခင်သီတာ(ယခုတရုတ်နိုင်ငံတွင်နေထိုင်သူ)တို့ကတရုတ်အမျိုးသားနှင့် တစ်နှစ်ပေါင်းသင်းနေထိုင်ပါက မြန်မာကျပ်ငွေ သိန်း ၁၅၀ ရရှိမည် ဟု စည်းရုံးပြောဆိုခဲ့ပြီး ယာယီနယ်စပ်ဖြတ်သန်းခွင့် အသုံးပြုကာ တရုတ်နိုင်ငံ ရွှေလီမြို့သို့ ပို့ဆောင်ပြီး တရုတ်အမျိုးသားတွေနဲ့ပေါင်းသင်းခိုင်းခဲ့တယ်လို့သိရပါတယ်။
 
ဒါ့အပြင် အမျိုးသမီးတွေကို တရုတ်နိုင်ငံသို့ သွားရောက်ဖို့ နိုင်ငံကူးလက်မှတ်ပြုလုပ်ပေးခြင်း၊ကြိုတင်ငွေ ထုတ်ပေးခြင်းတွေ ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။
 
အခုလို မြန်မာအမျိုးသမီးတွေကို ခေါ်ယူပေးခြင်းအတွက် ပြစ်မှုကျူးလွန်သူတွေဟာ တရုတ်အမျိုးသားများထံမှယွမ်ငွေ ၂၀,၀၀၀ မှ ၁၅၀,၀၀၀ အထိ ရယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့တယ်လို့ သိရပါတယ်။
 
ထို့ကြောင့် အမှတ်၆ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲစု(ရန်ကုန်)မှ တရားလိုပြုတိုင်တန်း အမှုဖွင့်တရားစွဲဆိုခဲ့ပြီးနောက် မေ ၁၉ ရက်တွင် ဒဂုံမြို့သစ်ခရိုင်တရားရုံးက မကရင်မ (ခ) မဝင်းဆန်းနှင့် မလုတောင်တို့အား လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေအရ အလုပ်နှင့် ထောင်ဒဏ် ၁၅ နှစ်စီ ချမှတ်ခဲ့ကာထွက်ပြေးတိမ်းရှောင်နေတဲ့ တရားခံ မခင်သီတာ(ယခုတရုတ်နိုင်ငံတွင်နေထိုင်သူ)ကိုလည်း ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၈၇/၈၈အတည်ပြုထုတ်ဆင့်ခဲ့ကြောင်း သိရပါတယ်။

Related posts

Cover
Eslite Garment အထည်ချုပ်စက်ရုံ အလုပ်နောက်ကျလို့ ရက်မှန်ကြေးဖြတ်
May 25, 2026
Cover
ဟွာဖု (မြန်မာ) အထည်ချုပ် အချိန်ပို အတင်းအကျပ် ဆင်းခိုင်း ၊ သတ်မှတ် အချိန်ပိုကြေး မပေး
May 25, 2026
Cover
Dishang Fashion (Myanmar) အောစူပါမှ ကိုယ်ထိလက်ရောက်ပြုလုပ်တဲ့ အပြင် အလုပ်ပါ အထုတ်ခံရ
May 23, 2026
Cover
T M A အထည်ချုပ် စက်ရုံ အချိန်ပို တပတ် နာရီ ၂၀ ကျော် လုပ်ကိုင်ခိုင်း
May 23, 2026
Cover
Shan Dong Jiayi အထည်ချုပ်စက်ရုံ အချိန်ပို မဆင်းလို့ လုပ်ခ လျှော့ပေး
May 23, 2026
Cover
Peak Outdoor Yangon စက်ရုံ မန်နေဂျာ ဝမ်တိန်အသုံးချ အဓမ္မအလုပ်ထုတ် ပြင်ပဆေးခန်းပြလို့ ဆေးခွင့်မပေးဘဲ ဝမ်တိန်ထိုးခိုင်း
May 21, 2026
Cover
Shwe Myinn Co.,Ltd Washing Fact စက်ရုံ လုပ်သားများအား ဌာနနေရာစုံ လုပ်ကိုင်ခိုင်း
May 21, 2026
Cover
လူ ၄ ဦးတွင် ၁ဦးဆာလောင်မွတ်သိပ်နေဟု WFP ထုတ်ပြန်
May 19, 2026