NEWS

အောင်သပြေနဲ့ကြိုဆိုခံရတဲ့ ပြည်သူ့ကာကွယ်ရေးတပ်နှင့် သစ္စာဆိုတုန်းဗုံးသီးမှန်ပြီးသေခဲ့ရတဲ့ရဲတပ်ဖွဲ့၀င်များ(တနေ့တာသတင်းအကျဥ်းချုပ်)

CoverLogo
5.1K Views
  • ပြည်တွင်းခုခံတော်လှန်တိုက်ခိုက်မှု့

ဒီကနေ့အဖြစ်ကတော့မနေ့ကနဲ့မတူလို့ဆိုရမလိုပါပဲ။

ဒီကနေ့သတင်းတွေကတော့မနက်အစောပိုင်းရန်ကုန်လှိုင်သာယာမြို့နယ်ထဲက သောင်ကြီးရဲစခန်းဖြစ်ရပ်နဲ့စပါ့မယ်။

ဖြစ်ပုံကဒီလိုပါ။

မနက် ၇ နာရီခွဲလောက်မှာသောင်ကြီးရဲစခန်းထဲမှာရှိတဲ့ရဲတွေထွက်ပြီးတန်းစီပါတယ်။

တန်းစီလူစစ်ပြီး သစ္စာဘာညာဆိုနေတုန်းလှိုင်သာယာပြည်သူ့ကာကွယ်ရေး(LPDF)ကဗုံးပစ်လောင်ချာ ၄၀မမ နဲ့ပစ်လိုက်ပါတယ်။
တန်းစီချိန်ဆိုတော့ အထိနာသွားနိုင်တယ်လို့ ခန့်မှန်းနိုင်ပါတယ်။

ရန်ကုန်မှာကြမ်းသလိုစစ်ကိုင်းမှာလဲကြမ်းပါတယ်။စစ်​​ကောင်စီဖက်ကတော့အသေကြမ်းသလို ဒေသခံကာကွယ်ရေးတပ်တွေဖက်ကလဲကြမ်းပါတယ်။

ဒီနေ့မနက်မှာပဲစစ်ကိုင်းမုံရွာလမ်းမှာ မိုင်းလာရှင်းတဲ့စကစကားကို ယင်းမာပင် PDF ကအဝေးထိန်းမိုင်းနဲ့သမလို့ ကားပေါ်ပါတဲ့တအုပ်တမကြီးထိချက်ပြင်းတယ်လို့ဆိုပါတယ်။

တန့်ဆည်မှာတော့တန့်ဆည်ပြည်သူ့ကာကွယ်ရေးတပ်နဲ့ ပျူစောထီးစကစပူးပေါင်းအဖွဲ့တွေတိုက်ပွဲဖြစ်ပါတယ်။

တိုက်ပွဲဖြစ်တော့ထုံးစံအတိုင်းစစ်ကူလာပါတယ်။စစ်ကူလာတဲ့ကားလဲမိုင်းဆွဲခံလိုက်ရလို့မုန့်ဟင်းခါးလေးပွဲထွက်သွားတယ်လို့သိရပါတယ်။

မြောင်မြို့နယ်ထဲမှာလဲစကစကားမိုင်းဆွဲခံရလို့ကားပေါ်ပါတဲ့စကစတပ်တွေအကုန်နီးပါးမလှုပ်နိုင်ပဲသေသွားပါတယ်။

မုန်းကိုးဘက်မှာတော့ MNDAA နဲ့စကစတပ်တွေထုံးစံအတိုင်းတိုက်ပွဲပြင်းထန်နေဆဲပါ။

လက်နက်ကြီးတွေနဲ့ပါဗရမ်းဗဒါထုနေလို့ လူနေထိုင်တဲ့ကျေးရွာတွေပါလက်နက်ကြီးထိနေတာတွေရှိနေပါတယ်။ဒီကနေ့မှာပဲလက်နက်ကြီးထိမှန်လို့ ကချင်အမျိုးသမီးတဦးလဲသေဆုံးသွားတယ်လို့သိရပါတယ်။

ဒီကနေ့အားလုံးအတွက် အထူးသတင်းတခုကတော့မကွေးမှစစ်ကောင်စီတပ်တွေကို ခုခံတော်လှန်စစ်ဆင်ပြီး ပြည်တော်ဝင်လာတဲ့ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေကို ပြည်သူတွေကအောင်သပြေတွေနဲ့ အပြေးကြိုခဲ့ကြတယ်ဆိုတဲ့သတင်းပါ။

ပျိုပျိုအိုအို ကလေးလူကြီးမကျန်ထွက်ကြိုခဲ့ကြတဲ့မြင်ကွင်းကပြည်သူတွေအတွက်တကယ်ကိုအားတက်စရာမြင်ကွင်းပါ။

KNDF ကတော့ကရင်နီပြည်နယ်ထဲလာရောင်းတဲ့စစ်တပ်ပိုင်မိုင်တဲဆင်းကဒ်သိန်း၂၅၀ဖိုးလောက်ကိုမီးတင်ရှိူ့လိုက်ပါတယ်။လာရောင်းတဲ့ဝန်ထမ်း၅ဦးကိုတော့ပြန်လွှတ်ပေးလိုက်တယ်လို့ဆိုပါတယ်။

ယမန်နေ့ကတော့မကွေးတိုင်း ဆောမြို့နယ် ကျင်းလိန်ရွာနားမှာစစ်ကောင်စီတပ်ရဲ့ရဟတ်ယဥ်တစီးကျည်ထိမှန်ပြီးမီးခိုးတလူလူနဲ့လာရာလမ်းကိုပြန်သွားရတယ်လို့ဆောပြည်သူ့ကာကွယ်ရေးတပ်ကဆိုပါတယ်။

  • ပြည်တွင်းစစ်အာရှင်ဖြုတ်ချရေးသပိတ်

ဒီကနေ့ကတော့တနေ့ထဲရန်ကုန်မှာသပိတ်နှစ်ခုထွက်ပါတယ်။တခုကဗကသကျောင်းသားလူငယ်တွေစုပြီးတိုက်တဲ့သပိတ်တိုက်ပွဲပါ။နောက်တခုကတော့လိင်စိတ်ကွဲပြားသူတွေတိုက်တဲ့သပိတ်တိုက်ပွဲပါ။နှစ်ခုလုံးကစကစတွေတပ်စွဲထားတဲ့နေရာအနီးမှာပဲသပိတ်မှောက်တာပါ။

မန္တလေးကတော့ထုံးစံအတိုင်းမန္တလေးသပိတ်အင်အားစုရဲ့စည်းလုံးမှု့နဲ့အတူနေ့စဥ်နဲ့အမျှသပိတ်တိုက်ပွဲတွေဆင်နွှဲနေဆဲပါ။မုံရွာအနောက်ဖက်အခြမ်းဆားလင်းကြီးဖက်တွေမှာတော့ရွာလုံးကျွတ်သပိတ်တွေကနေ့စဥ်နဲ့အမျှရှိနေဆဲပါ။

  • မြန်မာ့အရေးနိုင်ငံတကာလှုပ်ရှားမှု့အခြေအနေ

အမေရိကန် ဗဟိုထောက်လှမ်းရေးအေဂျင်စီ (CIA) ၏ လက်ထောက်ညွှန်ကြားရေးမှူး David Cohen သည် နိုဝင်ဘာလ ၁၉ ရက်နေ့တွင် ၀န်ကြီးချုပ် ပရာယွတ်ချန်အိုချာနှင့်တံခါးပိတ်တွေ့ဆုံဆွေးနွေးခဲ့ပြီး  တွေ့ဆုံဆွေးနွေးမှုများတွင် မြန်မာ့အရေး ပါဝင်ကြောင်းဘန်ကောက်ပို့စ်သတင်းဌာနအပါအဝင် ထိုင်းသတင်းတွေ ဖော်ပြထားပါတယ်။

နိုဝင်ဘာလ ၁၉ ရက်နေ့ နံနက် ၉ နာရီ ၃၀ တွင် စတင်ခဲ့သော တရားဝင်ထုတ်ပြန် အသိပေးခြင်းမရှိသည့် တွေ့ဆုံဆွေးနွေးမှုတွင် ထိုင်းဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးဟောင်း ပရာယွတ်သည် ၄၅ မိနစ်ခန့်ကြာ CIA လက်ထောက်ညွှန်ကြားရေးမှူးနှင့် အစိုးရအိမ်တော်တွင်  တွေ့ဆုံခဲ့ကြကြောင်း၊ အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ မီဒီယာများ တက်ရောက်ခွင့် ပိတ်ပင်ခဲ့တယ်လို့ဆိုပါတယ်။

ဒါကတော့ဒီကနေ့သတင်းများအကျဥ်းချုပ်ဖြစ်ပါတယ်။


Related posts

Cover
မြန်မာစစ်တပ်ရဲ့အဆက်အနွယ်တရုတ်စစ်လေယာဉ်ထုတ်ကုမ္ပဏီနဲ့ဥရောပ AIRBUS SE လေကြောင်း ကုမ္ပဏီ လက်တွဲဖြုတ်
Jun 22, 2025
Cover
၄၈ နာရီ အတွင်း ပဲခူးမြစ်နှင့်ချင်းတွင်းမြစ်ရေ စိုးရိမ်ရေမှတ် ရောက်ရှိနိုင်ဟု မိုးဇလ သတိပေး
Jun 22, 2025
Cover
တစ်ပတ်အတွင်း ကိုဗစ်-၁၉ လူနာ ၅၀ ကျော် တွေ့ရှိ
Jun 18, 2025
Cover
လိုင်စင်မရသည့် နိုင်ငံခြား ငွေ ဝယ်ရောင်းများအား အရေးယူမည်ဟု ဗဟိုဘဏ်ကြေညာ
Jun 17, 2025
Cover
ရွှေဆိုင်တွေ လိုင်စင်မလုပ်ထားပါက အရေးယူခံရတော့မယ်လို့ ရွှေအသင်းအသိပေးလာ
Jun 14, 2025
Cover
အမျိုးသမီးငယ်အား ငွေကြေးမက်လုံးပေးပြီး တရုတ်မယားအဖြစ် ရောင်းစားရန် လုပ်ဆောင်သူများကို ထောင်ဒဏ်နှစ်၂၀စီ ချမှတ်
Jun 11, 2025
Cover
၂၄ နာရီ အတွင်း ပဲခူးမြစ်ရေ ၅ ပေကျော်ထိ မြင့်လာမည်ဟု မိုးဇလထုတ်ပြန်
Jun 10, 2025
Cover
၅နှစ် သက်တမ်း ဗီဇာ စိစစ်ခွင့်ပြုမည်ဟု တရုတ်သံရုံး အသိပေး
Jun 08, 2025