NEWS

အသံတိတ်သပိတ်မှာပါဝင်တယ်ဆိုပြီးပစ်ခတ် ခြိမ်း ခြောက်ပိတ်ခိုင်းခဲ့တဲ့ တွံ့တေးစျေးကိုအဓမ္မပြန်ဖွင့်ခိုင်းနေ

CoverLogo
1K Views

"ခုကျမတို့မြို့ကထွက်မရတော့ဘူး၊ ဘောင်းတော်ချုပ်က စပိတ်လိုက်တာ စျေးလဲနေ့လည်ကစည်ပင်တွေကဖွင့်ရပြီဆိုပြီးလိုက်အော်နေတာအမှန်ဒီနေ့ကဥပုပ်နေ့စျေးပိတ်ရက်"

ဒါကတော့မနက်ပိုင်းတွံ့တေးမြို့မစျေးကြီးကိုစစ်ကောင်စီတပ်တွေဝင်ရောက်ပစ်ခတ်ခြိမ်းခြောက်ပြီးနောက်ပိုင်းအခြေအနေကိုဒေသခံတဦးကMyanmar Labour News ကိုပြောပြတာပါ။

အသံတိတ်သပိတ်မှာပါဝင်တယ်ဆိုပြီးပစ်ခတ် ခြိမ်း ခြောက်ပိတ်ခိုင်းခဲ့တဲ့ တွံ့တေးစျေးကိုအဓမ္မပြန်ဖွင့်ခိုင်းနေပြန်တယ်လို့ဆိုပါတယ်။

ပြီးခဲ့တဲ့ဒီဇင်ဘာ ၁၀ ရက်နေ့ ကမ္ဘာ့လူ့အခွင့်အရေးနေ့လှုပ်ရှားမှု့အဖြစ်မြန်မာနိုင်ငံကပြည်သူတွေပြုလုပ်တဲ့စစ်အာဏာရှင်ဆန့်ကျင်ရေးအသံတိတ်သပိတ်မှာပါဝင်ပြီးဆိုင်တွေပိတ်ခဲ့တယ်ဆိုပြီးစစ်ကောင်စီတပ်သားတွေကဒီကနေ့ဒီဇင်ဘာ၁၁ရက်မနက်လင်အားကြီးမှာပဲတွံ့တေးမြို့မစျေးကိုဝင်ရောက်ပစ်ခတ်ဆဲဆိုတာတွေပြုလုပ်ခဲ့တယ်လို့သိရပါတယ်။

တွံ့တေးမြို့မစျေးအရှေ့ဖက်တန်းကဖွင့်ထားတဲ့လဖ္ဘက်ရည်ဆိုင်တွေကိုပစ်ခတ်ခဲ့တဲ့အပြင်စျေးခင်းဖို့လာတဲ့သူတွေကိုလဲ ခြိမ်းခြောက်နှင်ထုတ်တာတွေရှိခဲ့တယ်လို့ဒေသခံတွေကအတည်ပြုပါတယ်။

"မနက် ၅နာရီ၄၀ လောက်မှာ စစ်သားတွေက သေနတ်ဖောက်ပြီး ဖွင့်တဲ့လက်ဖက်ရည်ဆိုင်တွေကို အကုန်လိုက်ပိတ်ခိုင်းပါတယ် လမ်းဘေးစျေးသည်တွေကို သိမ်းခိုင်းတယ် စျေးကိုပိတ်ပြီး စောင့်နေပါတယ် လူတွေကိုလည်း ပြန်လှည့်ခိုင်းတယ်. ၆ခွဲလောက် လူတွေ ထွက်လာတော့ ဟေ့ရောင်တွေ မနေ့ကလိုပဲ မင်းတို့ပိတ်လေ ပိတ်ထားကြ... ဘယ်မှမထွက်နဲ့ဆိုပြီး သေနတ်တကားကားနဲ့ လိုက်ဖြဲခြောက်နေပါတယ်.... အိမ်ပြင်မှာထွက်ထိုင်လို့မရဘူး အိမ်တံခါးဖွင့်ထားလို့မရဘူးလို့ လိုက်အော်နေပါတယ်"လို့တွံ့တေးဒေသခံတဦးကပြောပါတယ်။

အဆိုပါမနက်ပိုင်းဖြစ်စဥ်တွေဖြစ်ခဲ့ပြီးနောက်​ြပည်တွင်းသတင်းဌာနတွေမှာသတင်းတွေထွက်ပေါ်လာပြီးနောက်ပိုင်းယခုနေ့လည်ခင်း၁၂နာရီဝန်းကျင်မှာမြို့မစေတးထဲကဆိုင်ခန်းတွေကိုဖွင့်လို့ရတယ်ဆိုပြီးစည်ပင်ကလော်နဲ့လိုက်အော်နေပြန်တယ်လို့ဆိုပါတယ်။

"နေ့လည်ကစည်ပင်တွေကဖွင့်လို့ရပြီဆိုပြီးလိုက်အော်တယ်ဓါတ်ပုံရိုက်မလို့လဲပြောတယ် ဒါပေမယ့်အပြင်တန်းတွေကပဲဖွင့်တာစျေးကြီးကဒီနေ့ကဥပုဥ်နေ့ အရင်ထဲကပိတ်တာ တချို့ကြတော့လဲကြောက်လို့တံခါးတချပ်လှပ်ထားတာလောက်တော့ရှိတာပေါ့"လို့တွံ့တေးဒေသခံတဦးကပြောပါတယ်။

တွံ့တေးမြို့မစျေးကိုအဓမ္မပြန်မဖွင့်ခိုင်းနေတဲ့အပြင်တွံ့တေးမြို့အထွက်ကိုစစ်ကောင်စီကပိတ်ချလိုက်ပြီးဒေသခံတွေကိုရန်ကုန်ဖက်ကိုပေးမထွက်တော့ဘူးလို့လဲသိရပါတယ်။

ယမန်နေ့မြန်မာပြည်သူတွေအနေနဲ့လူထုကိုဖမ်းဆီးသတ်ဖြတ်ပြီးလူ့အခွင့်အရေးချိုးဖောက်နေတဲ့အာဏာသိမ်းစစ်တပ်ကိုအသံတိတ်ဆန့်ကျင်ဆန္ဒပြတာတွေပြုလုပ်ခဲ့ပြီးစစ်ကောင်စီဖက်ကလဲအကြမ်းဖက်တုံ့ပြန်တာတွေရှိလာခဲ့ပြီးစျေးဆိုင်တွေကိုဖျက်ဆီးတာလူတွေကိုပါးရိုက်တာတွေအထိရှိခဲ့တယ်လို့လဲထွက်ပေါ်လာတဲ့အတည်ပြုသတင်းတွေအရသိရပါတယ်။


Related posts

Cover
ထန်းတပင်မြို့နယ် ကျေးရွာများတွင် စစ်မှုထမ်းကြေး လစဉ် ကောက်ခံနေ
Mar 31, 2026
Cover
တစ်လအတွင်း စက်သုံးဆီ တစ်လီတာကျပ်၂၀၀၀ မှ ၃၀၀၀ ကျော်အထိ ဈေးတက်
Mar 27, 2026
Cover
မြန်မာအပါအဝင်ရွှေ့ပြောင်းလုပ်သားတွေ အတွက် ထိုင်းမှာ သင်္ကြန်ကာလအသိပေးချက်ထုတ်
Mar 27, 2026
Cover
လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသူများ လွတ်လပ်စွာ လှုပ်ရှားသွားလာခွင့် ကန့်သတ်ခံထားရ
Mar 26, 2026
Cover
ပဲခူးမြို့နယ် အတွင်း စက်သုံးဆီ ထုတ်ယူခွင့်စာအုပ်ပြုလုပ်ပေးဖို့ဆိုကာ အုပ်ချုပ်ရေးမှူးရုံးများတွင်စာရင်းပေးသွင်းခိုင်း
Mar 24, 2026
Cover
တရုတ်ဇနီးမယား ပြုလုပ်ရန်ငွေဖြင့် စည်းရုံး ပို့​ဆောင်သူအား ထောင် ၁၀ နှစ်ချ
Mar 24, 2026
Cover
အဝေးပြေးကားလက်မှတ်ဈေးနှစ်ဆကျော် မြင့်တက် သင်္ကြန်အတွက် ကြိုဖြတ်ထားသည့် လက်မှတ်များ ဆီပြတ်ပါက ငွေပြန်အမ်းမည်ဟုဆို
Mar 23, 2026
Cover
လေယာဉ်ဆီ အခက်ခဲကြောင့် ပြည်တွင်း လေကြောင်းလိုင်း ခရီးစဉ်အချို့ ဖျက်သိမ်း
Mar 23, 2026