NEWS

အသက် ၁၈ မှ၂၄ နှစ် ကြားရှိ လူငယ်ငါးသန်းကျော် ပညာသင်ယူမှုနယ်ပယ် တွင်မရှိတော့ဟုဆို

CoverLogo
455 Views
 
ပြည်တွင်းရှိ အသက် ၁၈ နှစ်မှ ၂၄ နှစ်ကြားရှိ လေးယောက်မှာ ၃ ယောက်နှုန်း(လူငယ် ငါးသန်းကျော်)ဟာပညာသင်ယူမှုနယ်ပယ်မှာ မရှိတော့ဘူးလို့ ကုလသမဂ္ဂဖွံဖြိုးမှုအစီစဉ် (UNDP Manmar )ကအောက်တိုဘာ ၆ ရက်မှာ ထုတ်ပြန်ပါတယ်။
 
အသက် ၁၈ နှစ်မှ ၂၄နှစ်ကြားရှိ လူငယ်လေးဦးမှာသုံးဦးဟာ ပညာရေးသို့မဟုတ် သင်တန်းတစ်ခုခုမှာ တတ်ရောက်နေခြင်းမရှိတော့ဘဲ အထူးသဖြင့် ကျေးလက်နေပြည်သူတွေမှာ အတားအဆီးအမျိုးမျိုးနဲ့ ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။
တနင်္သာရီ ၊ချင်း၊ ကရင်နှင့် စစ်ကိုင်းတို့မှာကျောင်းထွက်နှုန်းအမြင့်ဆုံးဖြစ်နေပြီး အခုလို လူငယ်တွေ ပညာရေးနယ်ပယ်မှာ မရှိတော့တာကြောင့် အရည်အချင်းတိုးတက်လာဖို့နဲ့ အခွင့်အလမ်းတွေ ရရှိလာဖို့ လမ်းကြောင်းတွေလည်း ပြတ်တောက်နေတယ်လို့ ထုတ်ပြန်ချက်မှာဖေါ်ပြထားပါတယ်။
 
စီးပွားရေးဆိုင်ရာ လိုအပ်ချက် တွေ ပဋိပက္ခတွေ နဲ့ လူမှုရေးဆိုင်ရာ စံနှုန်းတွေဟာ ပညာရေးရဲ့ အလားလားကိုဖျက်ဆီးနေပြီး အခုအခြေနေဟာ ရေရှည်ဖွံ့ဖြိုးမှုကို နောက်ပြန်ဆွဲမယ့်အန္တရာယ်လည်းရှိနေတယ်လို့ အသိပေးထားပါတယ်။
ဒါ့အပြင် တက္ကသိုလ်ဘွဲ့ရရှိသူလူငယ်တွေဟာမူလတန်းပညာအဆင့်အောက် ရှိသူတွေထက် ဝင်ငွေ ၅၀ ရာခိုင်နှုန်း ပိုမိုရပေမယ့် အလုပ်ရရှိမှုနှုန်း ကတော့ နည်းပါးနေတယ်လို့ ဆိုပါတယ်။
 
ဘွဲ့ရပညာတတ်များကြားအလုပ်ရရှိမှုနည်းပါးမှုဟာ အမျိုးသမီးတွေကြား ပိုမို သိသာကာ အထက်တန်းပညာပြီးဆုံးတဲ့ အမျိုးသမီး ၄၀ ရာခိုင်နူန်းဟာ အလုပ်မရှိဖြစ်နေပြီးမူလတန်းပညာအဆင့်ရှိတဲ့ အမျိုးသမီး၂၇ ရာခိုင်နှုန်းသာအလုပ်မရှိမှုနဲ့ကြုံနေရတယ်လို့ အစီရင်ခံစာမှာဖေါ်ပြထားပါတယ်။
 
ယခုအစီရင်ခံစာကို “လမ်းပျောက်နေသော မျိုးဆက်- မြန်မာလူငယ် အလုပ်အကိုင်နှင့် ပညာရေး” ဟု အမည်ပေးထားပြီး 
Myanmar Youth Seriesရဲ့ ဒုတိယ အစီရင်ခံစာဖြစ် ကာ တနိုင်ငံလုံးရှိ လူငယ် ၇၀၀၀ ကျော်ရဲ့ အသံတွေကို စုစည်း ထားတာ ဖြစ်ပါတယ်။

Related posts

Cover
အမျိုးသမီးများကို ​ငွေ​ကြေးနှင့် စည်းရုံးပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်ခဲ့သူ ၂ ဦးကို ထောင် ၁၅ နှစ်စီချ
May 25, 2026
Cover
လူ ၄ ဦးတွင် ၁ဦးဆာလောင်မွတ်သိပ်နေဟု WFP ထုတ်ပြန်
May 19, 2026
Cover
မူဆယ်တွင် လစာကောင်းသည့် အလုပ်ရမည်ဆိုသဖြင့်ရောက် သွားသည့် ၁၇ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး ပျောက်ဆုံးနေ
May 19, 2026
Cover
လ၀က ဝန်ထမ်းများ ငွေကြေးယူပါက အထောက်အထားအပြည့်စုံဖြင့် တိုင်လျှင် ထိရောက်စွာ အရေးယူမည်ဟု ကြေညာ
May 19, 2026
Cover
ရွှေဈေးပြန်ကျ စက်သုံးဆီ စားသုံးဆီနဲ့ နိုင်ငံခြားငွေဈေး အကျမရှိအတက်ဈေးနဲ့ငြိမ်နေ
May 17, 2026
Cover
မေလ ၁ ရက်နေ့ကစပြီး ပြည်တွင်းအခွန်တိုးမြှင့်ကောက်မယ့်ကြေညာချက်ကြောင့် ကုန်ဈေးနှုန်းတွေပိုတက်လာနိုင်၊ တရက်အခြေခံလုပ်အားခကျပ် ၄၈၀၀ မှာသာရှိနေဆဲ
Apr 24, 2026
Cover
ထန်းတပင်မြို့နယ် ကျေးရွာများတွင် စစ်မှုထမ်းကြေး လစဉ် ကောက်ခံနေ
Mar 31, 2026
Cover
တစ်လအတွင်း စက်သုံးဆီ တစ်လီတာကျပ်၂၀၀၀ မှ ၃၀၀၀ ကျော်အထိ ဈေးတက်
Mar 27, 2026