NEWS

အဝေးပြေးကားလက်မှတ်ဈေးနှစ်ဆကျော် မြင့်တက် သင်္ကြန်အတွက် ကြိုဖြတ်ထားသည့် လက်မှတ်များ ဆီပြတ်ပါက ငွေပြန်အမ်းမည်ဟုဆို

CoverLogo
347 Views
 
စက်သုံးဆီ ဝယ်ယူခက်ခဲခြင်းနှင့်ဈေးနှုန်းမြင့်တတ်ခြင်းကြောင့် အဝေးပြေးကားလက်မှတ်တွေဟာ ယခင်ထက် ဈေးနှစ်ဆကျော်မြင့်တတ်သွားသလို သင်္ကြန်ကာလ ရုံးပိတ်ရက်အတွက် ကြိုတင်ဖြတ်ထားတဲ့ လက်မှတ်တွေကိုလည်း ဆီပြတ်လပ်ပါက ငွေပြန်အမ်းမယ်လို့ ယာဉ်လိုင်းများက ကြိုတင်အသိပေးထားကြောင်း သိရပါတယ်။
 
ယခင်က ရန်ကုန်-မန္တလေး ကားခ မှာ ၂သောင်းကျပ်ဝန်းကျင်သာရှိခဲ့ရာမှယခု တွင် ၅သောင်းကျပ်ဝန်းကျင်အထိဈေးမြင့်လာသလို ရန်ကုန်-နေပြည်တော် ကားခ မှာလည်း ၂သောင်းကျော်ကနေ အခု ၄သောင်းဝန်းကျင် ကို ဈေးတိုးမြင့်သွားကာ အခြား နေရာဒေသအလိုက် အဝေးပြေးယာဉ်စီးခ တွေ ဈေးမြင့်တတ်လာကြောင်းသိရပါတယ်။
 
"ပြီးခဲ့တဲ့ အပတ်ကမှ ရန်ကုန်ဆေးခန်း လာပြတာ ကားခ ၁၅၀၀၀ကျပ်ကနေ အခု၂၆၀၀၀ကျပ် ဖြစ်သွားပြီး သူတို့ဘက်က လည်း ဆီဈေးတတ်လို့ ဝယ်ရခက်လို့ ဈေးတတ်တယ်ဆိုပေမယ့် ထက်ဝက်နီးပါး ဈေးမြှင့်လိုက်တော့ ခရီးသွားတွေဘက်မှာ ကုန်ကျစရိတ်များပြီး အခက်ခဲဖြစ်ကုန်တာပေါ့"လို့ ဖြူးမြို့နယ် အနီး နေထိုင်သူတစ်ဦးကပြောပါတယ်။
 
လက်ရှိ အခြေနေအရ စက်သုံးဆီ ဒီဇယ်တစ်လီတာ ၄၃၉၀ကျပ်ရှိပြီး ပရီမီယံဒီဇယ်တစ်လီတာ ၄၈၂၀ ကျပ် ဖြစ်နေတဲ့ အပြင် အလွယ်တကူ မရတာကြောင့် ယာဉ်ပိုင်ရှင်တွေမှာ အခက်ခဲများဖြစ်နေတယ်လို့ သိရပါတယ်။
 
"ခရီးသည်တွေဘက်ကကြည့်ရင်လည်း စရိတ်တွေပိုကုန်သွားတော့ အဆင်မပြေဘူး ယာဉ်ပိုင်ရှင်တွေဘက်ကလည်း ခရီးဝေးရင်ဝေးသလောက် ဆီလုံလောက်ပါ့မလား အလွယ်ကူဝယ်ရပါ့မလား မရရင် အဆင်ပြေသလိုဝယ်ရမှာတွေနဲ့ အခက်ခဲတွေဖြစ်နေတာ အခု ကားခတွေဈေးတတ်တော့ ခရီးသွားတွေနည်းသွားတယ်""လို့ အဝေးပြေးကားလက်မှတ်ရောင်းသူတစ်ဦးကပြောပါတယ်။
 
ဒါ့ပြင် လာမယ့် ဧပြီလမှာ သင်္ကြန်ရက်ရှည်ပိတ်ရက်များ တွင် ခွင့်ဖြင့်အိမ်ပြန်မည့်သူများ က ယာဉ်လက်မှတ်ကြိုတင်ဝယ်ယူထားတာကြောင့် အဆိုပါကာလမှာ ဆီပြတ်လပ်မှုဖြစ်ပေါ်ခဲ့ပါက ငွေပြန်အမ်းပေးမယ့်အကြောင်း ယာဉ်လိုင်းများက ကြေငြာထားတာလည်းတွေ့ရပါတယ်။
 
စက်သုံးဆီ အခက်ခဲကြောင့် ကုန်စည်သယ်ယူစရိတ်တွေဈေးမြင့်လာပြီးစားသောက်ကုန်ဈေးနူန်းတွေလည်း မြင့်တတ်လာတယ်လို့ ဈေးရောင်းချသူတွေထံမှ သိရပါတယ်။
HTH

Related posts

Cover
စစ်ရေးပဋိပက္ခပြင်းထန်ရာဒေသများတွင် အမျိုးသမီးများ၏ အလုပ်အကိုင်ရရှိမှု ၆၂ ရာခိုင်နှုန်းထိကျဆင်း
Aug 10, 2026
Cover
စားအုန်းဆီဖြန့်ဝေမှုကန့်သတ်လိုက်လို့ ပြည်သူတွေ ဆီဈေးကြီးလာတဲ့ဒဏ်ခံနေရ
Aug 07, 2026
Cover
စက်သုံးဆီဈေး အကျဘက်ရောက်နေပေမယ့် ဆီဝယ်မရတဲ့ပြဿနာကြုံ​နေရ
Aug 07, 2026
Cover
ရန်ကုန်တိုင်းအတွက် စစ်မှုထမ်းရန် လှိုင်သာယာတွင်အဓိကလူစုဆောင်းခံနေရ
Jun 25, 2026
Cover
အမျိုးသမီးများကို ​ငွေ​ကြေးနှင့် စည်းရုံးပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်ခဲ့သူ ၂ ဦးကို ထောင် ၁၅ နှစ်စီချ
May 25, 2026
Cover
လူ ၄ ဦးတွင် ၁ဦးဆာလောင်မွတ်သိပ်နေဟု WFP ထုတ်ပြန်
May 19, 2026
Cover
မူဆယ်တွင် လစာကောင်းသည့် အလုပ်ရမည်ဆိုသဖြင့်ရောက် သွားသည့် ၁၇ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး ပျောက်ဆုံးနေ
May 19, 2026
Cover
လ၀က ဝန်ထမ်းများ ငွေကြေးယူပါက အထောက်အထားအပြည့်စုံဖြင့် တိုင်လျှင် ထိရောက်စွာ အရေးယူမည်ဟု ကြေညာ
May 19, 2026