NEWS

အမရပူရမြို့ပြဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းမှာ တာကျိုးပေါက်မှုကြောင့် အလုပ်သမား ၇ ဦး ရေနစ်ပျောက်ဆုံးနေ

CoverLogo
251 Views

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ ငယ်တိုးကျေးရွာအုပ်စု၊ ယမ်းပျံ ကျေးရွာထိပ် (အမရပူရမြို့ပြဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း)ရေဆိုးထုတ်မြောင်း ဆောက်လုပ်ရေးဆိုဒ် ဧရိယာအတွင်း ကာရံထားသော တာကျိုးပေါက်မှုဖြစ်ပွားပြီး အလုပ်သမား ၇ ဦး ရေနစ်ပျောက်ဆုံးတယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ ထံ က သိရပါတယ်။

ဇူလိုင်လ ၁၄ ရက် မနက်၈နာရီ၁၅ မိနစ် ခန့်က အမရပူရမြို့ပြဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း)မှာ  
ရေဆိုး ထုတ်ပြွန်တည်ဆောက်ရေး  လုပ်ငန်းဆောင်ရွက်နေစဉ် သဲဖြင့်ကာရံထားတဲ့  တုတ်မှ ရေများဝင်ရောက်လာပြီး လုပ်ငန်းဆောင်ရွက်နေတဲ့ အလုပ်သမား ၁၀ ဦး အနက် မှ ၇ ဦးမှာ ရေနစ် ပျောက်ဆုံးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ယင်း ရေဆိုးထုတ်မြောင်းအတွင်း ပိတ်မိလျက်ရှိတဲ့  (၇)ဦး ကို  မြို့တော်စည်ပင်သာယာရေးဝန်ကြီး၊ တိုင်းဒေသကြီးမီးသတ်ဦးစီးမှူး၊ ခရိုင်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ၊ ခရိုင်ရဲတပ်ဖွဲ့မှူး၊ဒုတိယတိုင်းဒေသကြီးမီးသတ်ဦးစီးမှူး၊ ခရိုင်/မြို့နယ်မီးသတ်ဦးစီးမှူး၊ သန္ဓေ/အရန်မီးသတ်တပ်ဖွဲ့ဝင်များနဲ့ လူမှုကူညီရေးအသင်း အဖွဲ့ဝင်များမှ ကယ်ဆယ်ထုတ်ယူနိုင်ရေး ဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်။

ယခု ဖြစ်စဉ်ဟာ လုပ်ငန်းခွင် သီးသန့် တာရေဝင်ရောက်တာ  ဖြစ်ပြီး အခြားသော လူနေရပ်ကွက်တွေကို ရေဝင်ရောက်မှုမရှိဘူးလို့  သိရပါတယ်။


Related posts

Cover
မြန်မာစစ်တပ်ရဲ့အဆက်အနွယ်တရုတ်စစ်လေယာဉ်ထုတ်ကုမ္ပဏီနဲ့ဥရောပ AIRBUS SE လေကြောင်း ကုမ္ပဏီ လက်တွဲဖြုတ်
Jun 22, 2025
Cover
၄၈ နာရီ အတွင်း ပဲခူးမြစ်နှင့်ချင်းတွင်းမြစ်ရေ စိုးရိမ်ရေမှတ် ရောက်ရှိနိုင်ဟု မိုးဇလ သတိပေး
Jun 22, 2025
Cover
တစ်ပတ်အတွင်း ကိုဗစ်-၁၉ လူနာ ၅၀ ကျော် တွေ့ရှိ
Jun 18, 2025
Cover
လိုင်စင်မရသည့် နိုင်ငံခြား ငွေ ဝယ်ရောင်းများအား အရေးယူမည်ဟု ဗဟိုဘဏ်ကြေညာ
Jun 17, 2025
Cover
ရွှေဆိုင်တွေ လိုင်စင်မလုပ်ထားပါက အရေးယူခံရတော့မယ်လို့ ရွှေအသင်းအသိပေးလာ
Jun 14, 2025
Cover
အမျိုးသမီးငယ်အား ငွေကြေးမက်လုံးပေးပြီး တရုတ်မယားအဖြစ် ရောင်းစားရန် လုပ်ဆောင်သူများကို ထောင်ဒဏ်နှစ်၂၀စီ ချမှတ်
Jun 11, 2025
Cover
၂၄ နာရီ အတွင်း ပဲခူးမြစ်ရေ ၅ ပေကျော်ထိ မြင့်လာမည်ဟု မိုးဇလထုတ်ပြန်
Jun 10, 2025
Cover
၅နှစ် သက်တမ်း ဗီဇာ စိစစ်ခွင့်ပြုမည်ဟု တရုတ်သံရုံး အသိပေး
Jun 08, 2025