NEWS

အခေါက်ရွှေ ၁ ကျပ်သား ၅၃ သိန်းအထက်သို့စံချိန်တင်မြင့်တက်လာ

CoverLogo
1K Views

ဒီကနေ့ မေလ ၂၇ ရက်နေ့ ညနေပိုင်း မြန်မာ့ရွှေဈေးနှုန်းမှာ အခေါက်ရွှေတစ်ကျပ်သားလျှင် ငွေကျပ် ၅၃သိန်းအထက်သို့ ဆက်လက် မြင့်တက်လာတယ်လို့ ရန်ကုန်ရွှေကုန်သည်များထံမှ စုံစမ်းသိရှိရပါတယ်။

"ရွှေစျေးကကြောက်စရာကြီး နေ့ခင်း၁နာရီကတောင် ၅၂သိန်းရှိနေသေးတယ်။ ခုညနေ၄ခွဲတော့ ၅၃သိန်းကျော်အထိတောင်ရောက်သွားပြီ။ ညနေလေးတင် ၁သိန်းအထိတက်လာတယ်။ ကမ္ဘာ့ရွှေစျေးကကျသလိုလိုပေမဲ့ ဒေါ်လာစျေးကတော့အတက်ဘက်ပဲဆိုတော့ ထပ်တက်နေအုံးမလားဘဲ ကျမှုတော့မလွယ်သေးဘူးထင်တာပဲ။ ကျွန်တော့အမြင်ပါ"လို့ ဈေးကွက်လေ့လာသူတစ်ဦးကဆိုပါတယ်။ 

ပြီးခဲ့တဲ့ရက်ပိုင်း မေ၂၀ရက်နေ့က ကမ္ဘာ့ ရွှေတစ်အောင်စလျှင် ၂၄၄၂ကျပ်ဖြစ်ခဲ့ပြီး မြန်မာ့ရွှေတစ်ကျပ်သားလျှင် ကျပ်၅၁သိန်းအထက်သို့ရောက်ရှိလာခဲ့ခြင်းဖြစ်ပြီး   မေ၂၅ ရက်နေ့ညနေမှာတော့ ကမ်ဘာ့ရွှေတစ်အောင်စလျှင် ၂၃၃၄ ဖြစ်ကာ  မြန်မာ့ရွှေဈေးကတော့  အခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ်၅၂ သိန်း၄သောင်းအထိဖြစ်ပြီး မေလ ၂၆ ရက်နေ့မှာလည်း ၅၂ သိန်း၃သောင်းရှိကာ  မေ၂၇ရက်နေ့ ညနေပိုင်းမှာတော့ ၅၃သိန်းကျော်အထိစံချိန်တင်မြင့်တက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ 

အဲဒီလိုအမြင့်ဈေးတန်းမှာရှိနေခဲ့တာကြောင့်  ပြည်တွင်းရွှေဈေးကွက်အရ ရွှေထုတ်လုပ်ရေး လုပ်ငန်းအများစုဟာ အတုံးအခဲရောင်းဝယ်များစတင်ရပ်နားထားတာတွေလည်းရှိသလို  လက်ရှိစျေးကွက်မှာလည်း အရောင်းအဝယ်ငြိမ်နေတယ်လို့သိရပါတယ်။ 

ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်အသင်းရဲ့  ၂၀၂၄ ခုနှစ်၊ မေလ ၂၇ရက်နေ့ညနေပိုင်း အကယ်ဒမီ မီးလင်းရွှေဈေးကွက် အပိတ် ဈေးနှုန်းဟာ ၃,၉၉၉,၃၀၀(၃၉သိန်း၉သောင်းကျော်)ဖြစ်တယ်လို့ ယခင်ရက်ပိုင်းထက်အကျ​စျေးဖြင့်သတ်မှတ်ကြေငြာထားပြီး ပြင်ပအခေါက်ရွှေပေါက်ဈေးမှာကျပ်သိန်း၅၃သိန်းငါးထောင်ဖြစ်ကာ ပြင်ပနိုင်ငံခြားငွေလဲလှယ်နှုန်းအရ အမေရိကန်ဒေါ်လာဈေးနှုန်းမှာမူ အမေရိကန်တစ်ဒေါ်လာလျှင် မြန်မာကျပ်ငွေ ၄၂၀၀ ကျပ်နှင့် ၄၃၀၀အထိ ပေါက်ဈေးရှိပြီး အရောင်းအ၀ယ်ဖြစ်နေတယ်လို့ သိရှိရပါတယ်။

 


Related posts

Cover
လူ ၄ ဦးတွင် ၁ဦးဆာလောင်မွတ်သိပ်နေဟု WFP ထုတ်ပြန်
May 19, 2026
Cover
မူဆယ်တွင် လစာကောင်းသည့် အလုပ်ရမည်ဆိုသဖြင့်ရောက် သွားသည့် ၁၇ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး ပျောက်ဆုံးနေ
May 19, 2026
Cover
လ၀က ဝန်ထမ်းများ ငွေကြေးယူပါက အထောက်အထားအပြည့်စုံဖြင့် တိုင်လျှင် ထိရောက်စွာ အရေးယူမည်ဟု ကြေညာ
May 19, 2026
Cover
ရွှေဈေးပြန်ကျ စက်သုံးဆီ စားသုံးဆီနဲ့ နိုင်ငံခြားငွေဈေး အကျမရှိအတက်ဈေးနဲ့ငြိမ်နေ
May 17, 2026
Cover
မေလ ၁ ရက်နေ့ကစပြီး ပြည်တွင်းအခွန်တိုးမြှင့်ကောက်မယ့်ကြေညာချက်ကြောင့် ကုန်ဈေးနှုန်းတွေပိုတက်လာနိုင်၊ တရက်အခြေခံလုပ်အားခကျပ် ၄၈၀၀ မှာသာရှိနေဆဲ
Apr 24, 2026
Cover
ထန်းတပင်မြို့နယ် ကျေးရွာများတွင် စစ်မှုထမ်းကြေး လစဉ် ကောက်ခံနေ
Mar 31, 2026
Cover
တစ်လအတွင်း စက်သုံးဆီ တစ်လီတာကျပ်၂၀၀၀ မှ ၃၀၀၀ ကျော်အထိ ဈေးတက်
Mar 27, 2026
Cover
မြန်မာအပါအဝင်ရွှေ့ပြောင်းလုပ်သားတွေ အတွက် ထိုင်းမှာ သင်္ကြန်ကာလအသိပေးချက်ထုတ်
Mar 27, 2026