NEWS

သွေးလွန်တုပ်ကွေးကြောင့် လူသေဆုံးသူရှိနေသလို ရေကြီးနှစ်မြုပ်မှုတွေအပြီး ပြည်သူလူထုဂရုပြုသင့်တဲ့ရောဂါထဲသွေးလွန်တုပ်ကွေးလည်းပါဝင်နေ

CoverLogo
353 Views
၂၀၂၄ ခုနှစ်ရဲ့ ဇန်နဝါရီလ ကနေ ပြီးခဲ့တဲ့ဇွန်လ အလယ် ၁၅ ရက်အထိ သွေးလွန်တုပ်ကွေးရောဂါကြောင့် သေဆုံးသွားရသူ ၃ ဦးရှိလာပြီး ရောဂါဖြစ်ပွားသူအရေအတွက်မှာလည်း ၁၃၀၉ ယောက်အထိရှိခဲ့ရာမြန်မာနိုင်ငံက ပြည်သူတွေအနေနဲ့လက်ရှိ မိုးတွင်းကာလ ရေကြီးနှစ်မြုပ်မှုတွေဖြစ်ပေါ်နေမှုအပြီး ဂရုပြုသင့်တဲ့ကူးစက်ရောဂါတွေထဲ သွေးလွန်တုပ်ကွေးရောဂါလည်း ပါဝင်နေတယ်လို့ ရောဂါကုသရေးလုပ်ဆောင်နေသူတွေထံကသိရပါတယ်။
မြန်မာနိုင်ငံအတွင်းလတ်တလောကာလမှာ မြစ်နဲ့ချောင်းရေများ ရေလျှံလာမှုတွေကြောင့် ဒေသအချို့တွင်ရေကြီးနှစ်မြုပ်ကာ ရေဘေးရှောင်ရှားရမှုတွေရှိနေတာကြောင့် ရေကြီးတာတွေအပြီးတွင် သွေးလွန်တုပ်ကွေးနဲ့ဝမ်းရောဂါများဖြစ်ပွားတတ်တာကြောင့်ယင်းကူးစက်ရောဂါများ ကိုဂရုပြုသင့်ကာ ကြိုတင်ကာကွယ်မှုတွေဆောင်ရွက်ထားသင့်တယ်လို့ဆိုပါတယ်။
"အခု၂၀၂၄ခုနှစ်မှာ သွေးလွန်တုပ်ကွေးဖြစ်ပွားမှုက ယခင်၂၀၂၃ခုနှစ်ကထက် ဖြစ်ပွားနှုန်း၅ဆလောက်လျော့ကျလာပါတယ်။ အများဆုံးဖြစ်ပွားတာက ကျေးလက်ထက် မြို့ပြမှာပိုဖြစ်တာဖြစ်ပြီး ရန်ကုန်တိုင်းမှာ ရောဂါဖြစ်ပွားနှုန်းအများဆုံးရှိနေတာပါ"လို့ ကျန်းမာရေးဌာနက တာဝန်ရှိသူကပြောပါတယ်။
သွေးလွန်တုပ်ကွေးရောဂါက အသက် ၅နှစ်ကနေ ၉နှစ်အရွယ်ကလေးတွေအများဆုံးဖြစ်ပွားလေ့ရှိပြီး အသက်ကြီးမှ ရောဂါဖြစ်သူတွေအနေနဲ့ရောဂါရဲ့ပြင်းထန်မှုဒဏ်ကို ပိုခံစားရလေ့ရှိကာ ယခုနှစ်ရဲ့ရောဂါဖြစ်နှုန်းမှာ ကျေးလက်ဒေသတွင်၄၇ရာခိုင်နှုန်းနဲ့ မြို့ပြဒေသမှာ၅၃ရာခိုင်နှုန်းဖြစ်ပွားတာကြောင့် ယခင်နှစ်နဲ့နှိုင်းယှဉ်ပါက သွေးလွန်တုပ်ကွေးရောဂါပြင်းထန်ဖြစ်ပွားနှုန်းက၁၀ပုံ ၁ပုံသာရှိတယ်လို့သိရပါတယ်။
မိုးတွင်းကာလ မိုးရွာသွန်းမှုပိုများလာတိုင်း ခြင်ပေါက်ပွားမှုပိုများကာ သွေးလွန်တုပ်ကွေးရောဂါဖြစ်နှုန်းမြင့်တက်လာမြဲဖြစ်ရာယခုနှစ်အတွင်းမှာပဲ ပြီးခဲ့တဲ့မေလအထိ ရောဂါဖြစ်ပွားသူအရေအတွက်၃၇၀ကျော်နဲ့သေဆုံးသူ၁ဦးနှုန်းသာရှိခဲ့ရာကနေ ယခု ဇွန်လအထိ ၁လကြာအတွင်းရောဂါဖြစ်သူအရေအတွက်၉၀၀ကျော်ထပ်မံတိုးလာပြီး နဂိုဖြစ်ပွားသူ၃၀၀ကျော်အရေအတွက်နဲ့ပေါင်းပါက ဖြစ်ပွားသူ ထောင်ချီရှိလာကာသေဆုံးသူ၃ဦးအထိရှိလာတဲ့အတွက် မပေါ့ဆထားသင့်ပဲဂရုပြုကာကွယ်သင့်တဲ့ရောဂါထဲ သွေးလွန်တုပ်ကွေးရောဂါလည်းပါဝင်နေကြောင်း ကျန်းမာရေးအသိုင်းအဝိုင်းကနေသိရှိရပါတယ်။
 
Gmail Link- myanmarlabournews@gmail.com

Related posts

Cover
စက်သုံးဆီ ဝယ်ယူခွင့် ကန့်သတ်ခံရပြီးနောက် တစ်လီတာ ကျပ် ၃၀၀ မှ ၆၀၀ကျော် ဈေးမြင့်တတ်
Mar 14, 2026
Cover
အကျဉ်းထောင်အတွင်းအခက်ခဲများကို ICRC ထံတင်ပြသည့် နိုင်ငံရေးအကျဉ်းသားကို ရိုက်နှက်ပြီး တိုက်ပိတ်ခံရ
Mar 14, 2026
Cover
စက်သုံးဆီ ဝယ်ယူခွင့် QR Code စနစ် ဖြင့် ပြုလုပ်ပြီး တစ်ရက်တစ်ကြိမ်သာ ဝယ်ခွင့်ပြုမည်ဟု စစ်ကော်မရှင်ကြေညာ
Mar 12, 2026
Cover
စုံ/မ ရက် ကားမောင်းစနစ် ချိုးဖောက်ပါက အလုပ်မဲ့ထောင်ဒဏ် ၁လ နှင့် ဒဏ်ငွေကျပ် ၂သောင်း ချမှတ်နိုင်ဟုဆို
Mar 07, 2026
Cover
ဧပြီ ၁ ရက်မှ စ၍ မှတ်ပုံတင်မထားသော မိုဘိုင်းလက်ကိုင်ဖုန်းများ ကျသင့်အခွန်နှင့်ဒဏ်ကြေးပေးရမည်ဟု စစ်ကော်မရှင် ကြေညာ
Mar 07, 2026
Cover
နိုင်ငံရေး အကျဉ်းသား ၃၆၀၀ ကျော်သာ ပြန်လွတ်သေးဟု PPNMထုတ်ပြန်
Mar 03, 2026
Cover
လုပ်သက်၁၀နှစ်နှင့်အထက် စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များကို အထူးထောက်ပံကြေးပေး လစဉ်ပေးမည်ဟုဆို
Mar 03, 2026
Cover
စက်မှုလုပ်ငန်းတွေ ၁ ယူနစ် ၉၀၀ကျပ်နှုန်း နဲ့ ၂၄နာရီမီးသုံးနိုင်ဖို့ လျှောက်ထားနိုင်ပြီလို့ ကြေညာ
Mar 02, 2026