NEWS

သင်္ကြန်ကို သီဆိုကခုန်မှုမပါဘဲ ကျင်းပ မည်ဟုစစ်ကောင်စီကြေညာ

CoverLogo
208 Views
 
ယခုနှစ် မြန်မာ့ရိုးရာသင်္ကြန်ကို အပျော်အပါး သီဆိုကခုန်မှု တွေ မပါဝင်ဘဲ ကျင်းပ သွားမယ်လို့ ဧပြီ ၁ရက် ညပိုင်းမှာ စစ်ကောင်စီ က ထုတ်ပြန်ကြေညာပါတယ်။
လက်ရှိကြုံတွေ့​​နေရတဲ့ ပြင်းထန်တဲ့ ငလျင်​​ဘေးအန္တရာယ်ကြောင့် နေပြည်တော်ကောင်စီ နယ်မြေ ၊ စစ်ကိုင်းတိုင်း ၊ ပဲခူးတိုင်း ၊ မကွေးတိုင်း ၊ မန္တလေးတိုင်းဒေသကြီးနဲ့ ရှမ်းပြည်နယ်တို့အတွင်း ပြည်သူတချို့ သေဆုံး ၊ ဒဏ်ရာရ ၊ ထိခိုက်နစ်နာဆုံးရှုံးမှုများ ကြုံတွေ့နေရကြောင်း သတင်းထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။
ဒါကြောင့် တနိုင်ငံလုံး ဝမ်းနည်းကြေကွဲနေရတဲ့ ကာလ ဖြစ်တဲ့ အတွက် မြန်မာ့ရိုးရာသင်္ကြန်ကို အပျော်အပါး သီဆိုကခုန်မှု တွေ မပါဘဲ ရိုးရာယဉ်ကျေးမှုနဲ့ အညီ ကျင်းပသွားမယ်လို့ ဆိုပါတယ်။
ပဲခူးမြို့မှာ လည်း ယခုနှစ် သင်္ကြန် ကို ဗဟိုမဏ္ဍပ် ပြုလုပ်ကျင်းပတော့မည်မဟုတ်ဘဲ နှစ်ဦးဓမ္မသဘင်သာ ဆင်ယင်ကျင်းပမှာဖြစ်ကာ ဌာနဆိုင်ရာရုံးများနှင့် ရပ်ကွက်များတွင်သာ အုန်းလက်မဏ္ဍပ်ဖြင့် ရိုးရာယဉ်ကျေးမှုနှင့်အညီ စတုဒီသာ​ကျွေး​မွေးခြင်းစသဖြင့် ကျင်းပသွားမယ် လို့ ဌာနဆိုင်ရာ ဝန်ထမ်း တွေထံ က သိရပါတယ်။
ဒါ့အပြင် ပဲခူးမြို့ရှိ ရွှေမော်ဓောဘုရားပွဲတော်ကြီးတွင်လည်း ဇာတ်ပွဲများ၊ ပျော်ပွဲရွှင်ပွဲများ ထည့်သွင်းကျင်းပမည်မဟုတ်တော့ဘဲ ဘုရားပွဲစျေးဆိုင်များနှင့် ကလေးကစားကွင်းများသာ ပါရှိတော့မယ်လို့ သိရပါတယ်။
နိုင်ငံ အတွင်း လူပေါင်းထောင်ချီ သေဆုံးနေတဲ့ ငလျင်ဒဏ်ကြောင့် တနိုင်ငံလုံး ဝမ်းနည်းကြေကွဲနေရတဲ့ ကာလ ဖြစ်တဲ့ အတွက် အထူးဒေသ၄မိုင်းလား ၊အထူးဒေသ ၁ကိုးကန့် (MNDAA)နဲ့ TNLA တို့ကလည်း ၎င်းတို့ဒေသ တွင် သင်္ကြန်ပွဲတော်ကို မကျင်းပတော့ဘဲ ယခင်စီစဉ်ထားတာတွေ ဖျက်သိမ်းကြောင်း ကြေညာထားပါတယ်။

Related posts

Cover
ရွေးကောက်ပွဲကို ဒီဇင်ဘာ ၂၈ မှ စပြီး အပိုင်း လိုက် ကျင်းပမည်ဟု စစ်ကော်မရှင် ကြေညာ
Aug 18, 2025
Cover
တက္ကသိုလ်ဝင်စာမေးပွဲ အမှတ်စာရင်းကို တိုကင်စနစ် ဖြင့် ထုတ်ပေးမည်ဟုဆို
Aug 17, 2025
Cover
နိုင်ငံကူးလက်မှတ်ပြုလုပ်သူ နည်းလာ
Aug 14, 2025
Cover
လွတ်ရက်စေ့ပြီး ထောင်ဗူး၀တွင် ပြန်အဖမ်းခံရသည့် နိုင်ကျဉ်း ၇၄ ဦး အထိ ရှိလာ
Aug 11, 2025
Cover
လာမည့် ၁၀ရက် အတွင်း မြစ်ရေများ လက်ရှိရေအမှတ်ထက် ၁ ပေမှ ၅ ပေအထိ မြင့်တက်မည်
Aug 11, 2025
Cover
နိုင်ငံကူးလက်မှတ် PJ အမျိုးအစား မှ PE အမျိုးအစား သို့ ပြောင်းလဲ ပြုလုပ်ခွင့် ပိတ်ပင်ခံရ
Aug 11, 2025
Cover
တစ်နိုင်တပိုင်လုပ်ငန်းငယ်တွေ အလုပ်သမားခေါ်ဖို့အခက်တွေ့လာ
Aug 11, 2025
Cover
ဆာဗာချိုယွင်းမှုကြောင့်ဆိုကာ တက္ကသိုလ်ဝင်စာမေးပွဲ အမှတ်စာရင်း ထုတ်ပေးမှု ယာယီရပ်ဆိုင်း
Aug 05, 2025