NEWS

သင်္ကြန်ကို သီဆိုကခုန်မှုမပါဘဲ ကျင်းပ မည်ဟုစစ်ကောင်စီကြေညာ

CoverLogo
337 Views
 
ယခုနှစ် မြန်မာ့ရိုးရာသင်္ကြန်ကို အပျော်အပါး သီဆိုကခုန်မှု တွေ မပါဝင်ဘဲ ကျင်းပ သွားမယ်လို့ ဧပြီ ၁ရက် ညပိုင်းမှာ စစ်ကောင်စီ က ထုတ်ပြန်ကြေညာပါတယ်။
လက်ရှိကြုံတွေ့​​နေရတဲ့ ပြင်းထန်တဲ့ ငလျင်​​ဘေးအန္တရာယ်ကြောင့် နေပြည်တော်ကောင်စီ နယ်မြေ ၊ စစ်ကိုင်းတိုင်း ၊ ပဲခူးတိုင်း ၊ မကွေးတိုင်း ၊ မန္တလေးတိုင်းဒေသကြီးနဲ့ ရှမ်းပြည်နယ်တို့အတွင်း ပြည်သူတချို့ သေဆုံး ၊ ဒဏ်ရာရ ၊ ထိခိုက်နစ်နာဆုံးရှုံးမှုများ ကြုံတွေ့နေရကြောင်း သတင်းထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။
ဒါကြောင့် တနိုင်ငံလုံး ဝမ်းနည်းကြေကွဲနေရတဲ့ ကာလ ဖြစ်တဲ့ အတွက် မြန်မာ့ရိုးရာသင်္ကြန်ကို အပျော်အပါး သီဆိုကခုန်မှု တွေ မပါဘဲ ရိုးရာယဉ်ကျေးမှုနဲ့ အညီ ကျင်းပသွားမယ်လို့ ဆိုပါတယ်။
ပဲခူးမြို့မှာ လည်း ယခုနှစ် သင်္ကြန် ကို ဗဟိုမဏ္ဍပ် ပြုလုပ်ကျင်းပတော့မည်မဟုတ်ဘဲ နှစ်ဦးဓမ္မသဘင်သာ ဆင်ယင်ကျင်းပမှာဖြစ်ကာ ဌာနဆိုင်ရာရုံးများနှင့် ရပ်ကွက်များတွင်သာ အုန်းလက်မဏ္ဍပ်ဖြင့် ရိုးရာယဉ်ကျေးမှုနှင့်အညီ စတုဒီသာ​ကျွေး​မွေးခြင်းစသဖြင့် ကျင်းပသွားမယ် လို့ ဌာနဆိုင်ရာ ဝန်ထမ်း တွေထံ က သိရပါတယ်။
ဒါ့အပြင် ပဲခူးမြို့ရှိ ရွှေမော်ဓောဘုရားပွဲတော်ကြီးတွင်လည်း ဇာတ်ပွဲများ၊ ပျော်ပွဲရွှင်ပွဲများ ထည့်သွင်းကျင်းပမည်မဟုတ်တော့ဘဲ ဘုရားပွဲစျေးဆိုင်များနှင့် ကလေးကစားကွင်းများသာ ပါရှိတော့မယ်လို့ သိရပါတယ်။
နိုင်ငံ အတွင်း လူပေါင်းထောင်ချီ သေဆုံးနေတဲ့ ငလျင်ဒဏ်ကြောင့် တနိုင်ငံလုံး ဝမ်းနည်းကြေကွဲနေရတဲ့ ကာလ ဖြစ်တဲ့ အတွက် အထူးဒေသ၄မိုင်းလား ၊အထူးဒေသ ၁ကိုးကန့် (MNDAA)နဲ့ TNLA တို့ကလည်း ၎င်းတို့ဒေသ တွင် သင်္ကြန်ပွဲတော်ကို မကျင်းပတော့ဘဲ ယခင်စီစဉ်ထားတာတွေ ဖျက်သိမ်းကြောင်း ကြေညာထားပါတယ်။

Related posts

Cover
ထန်းတပင်မြို့နယ် ကျေးရွာများတွင် စစ်မှုထမ်းကြေး လစဉ် ကောက်ခံနေ
Mar 31, 2026
Cover
တစ်လအတွင်း စက်သုံးဆီ တစ်လီတာကျပ်၂၀၀၀ မှ ၃၀၀၀ ကျော်အထိ ဈေးတက်
Mar 27, 2026
Cover
မြန်မာအပါအဝင်ရွှေ့ပြောင်းလုပ်သားတွေ အတွက် ထိုင်းမှာ သင်္ကြန်ကာလအသိပေးချက်ထုတ်
Mar 27, 2026
Cover
လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသူများ လွတ်လပ်စွာ လှုပ်ရှားသွားလာခွင့် ကန့်သတ်ခံထားရ
Mar 26, 2026
Cover
ပဲခူးမြို့နယ် အတွင်း စက်သုံးဆီ ထုတ်ယူခွင့်စာအုပ်ပြုလုပ်ပေးဖို့ဆိုကာ အုပ်ချုပ်ရေးမှူးရုံးများတွင်စာရင်းပေးသွင်းခိုင်း
Mar 24, 2026
Cover
တရုတ်ဇနီးမယား ပြုလုပ်ရန်ငွေဖြင့် စည်းရုံး ပို့​ဆောင်သူအား ထောင် ၁၀ နှစ်ချ
Mar 24, 2026
Cover
အဝေးပြေးကားလက်မှတ်ဈေးနှစ်ဆကျော် မြင့်တက် သင်္ကြန်အတွက် ကြိုဖြတ်ထားသည့် လက်မှတ်များ ဆီပြတ်ပါက ငွေပြန်အမ်းမည်ဟုဆို
Mar 23, 2026
Cover
လေယာဉ်ဆီ အခက်ခဲကြောင့် ပြည်တွင်း လေကြောင်းလိုင်း ခရီးစဉ်အချို့ ဖျက်သိမ်း
Mar 23, 2026