NEWS

ဝမ်းပျက်ဝမ်းလျှော ရောဂါကြောင့် ၉ ရက်အတွင်း ဆေးရုံတက်လူနာ ၆၀၀ ကျော်ရှိပြီး ပြင်းထန် ဝမ်းရောဂါကြောင့်သေဆုံးသူရှိလာ

CoverLogo
525 Views

ရန်ကုန်တိုင်းဒေသကြီး အတွင်း ဇူလိုင် ၆ ရက် မှ ၁၄ ရက် အထိ ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားတဲ့ အတွက် ဆေးရုံ တက်ရောက်ကုသရသူ ၆၀၀ ကျော် ရှိတယ်လို့ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ချက်အရသိရပါတယ်။

ထိုလူနာတွေ ထဲ မှ  ပြင်းထန်ဝမ်းရောဂါ(ကာလဝမ်းရောဂါ) ဖြစ်ပွားသူတွေ လည်း ရှိပြီး  ယင်းရောဂါ ကြောင့် သေဆုံးတာလည်း ရှိတယ်လို့ လူမှုကူညီရေးအသင်းထံက သိရပါတယ်။

ဇူလိုင်လ ၁၃ ရက် က သင်္ဃန်းကျွန်းမြို့နယ်၊ ကြီးပွားရေးရပ်ကွက်နေ အသက် ၅၁ နှစ်အရွယ် အမျိုးသားတဦးမှာ  ကာလဝမ်းရောဂါကြောင့် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါ အမျိုးသား မှာ  ဝမ်းရောဂါကြောင့် သင်္ဃန်းကျွန်းမြို့နယ်၊ စံပြဆေးရုံ မှာ  ဆေးကုသမှုခံယူနေစဉ် ဇူလိုင် ၁၃ ရက် နံနက်  ပိုင်းက သေဆုံးခဲ့တာ ဖြစ်ပြီး  လူမှုကူညီရေးအသင်းတွေ က နေ့ချင်းသင်္ဂြိုဟ်ခဲ့ရတယ်လို့ သိရပါတယ်။

ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာတော့ ဇူလိုင် ၆ ရက်ကနေ ၁၄ ရက်အထိ ဝမ်းပျက် ဝမ်းလျှောရောဂါကြောင့် ဆေးရုံ တက်လူနာ ၆၈၀ ကျော် ရှိခဲ့ပြီး  ပြင်းထန်ဝမ်းရောဂါကြောင့် သေဆုံးလူနာ ရှိတယ်လို့ သတင်းထုတ်ပြန်တာမတွေ့ရှိရပါဘူး။

လတ်တလောမှာ ရန်ကုန်တိုင်း အတွင်း ရှိ မြို့နယ် များ မှာ ဝမ်းပျက်ဝမ်းလျှောရောဂါ  ကာကွယ်ရေး နဲ့ ပက်သက်ပြီး အသိပညာပေး လုပ်ငန်း များ လုပ်ဆောင်ပေးလျက်ရှိပြီး ဖြစ်ပွားမှု များတဲ့ မြို့နယ် တွေ မှာ တော့ လမ်းဘေး အစားသောက်ရောင်းတဲ့ဈေးဆိုင် တွေ ကို ယာယီ ပိတ်ခိုင်း ထားတာတွေရှိတယ်လို့ လည်း သိရပါတယ်။

photo-ဆန်ရေလူမှုကူညီရေးအသင်း

 


Related posts

Cover
စားအုန်းဆီဖြန့်ဝေမှုကန့်သတ်လိုက်လို့ ပြည်သူတွေ ဆီဈေးကြီးလာတဲ့ဒဏ်ခံနေရ
Aug 07, 2026
Cover
စက်သုံးဆီဈေး အကျဘက်ရောက်နေပေမယ့် ဆီဝယ်မရတဲ့ပြဿနာကြုံ​နေရ
Aug 07, 2026
Cover
ရန်ကုန်တိုင်းအတွက် စစ်မှုထမ်းရန် လှိုင်သာယာတွင်အဓိကလူစုဆောင်းခံနေရ
Jun 25, 2026
Cover
အမျိုးသမီးများကို ​ငွေ​ကြေးနှင့် စည်းရုံးပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်ခဲ့သူ ၂ ဦးကို ထောင် ၁၅ နှစ်စီချ
May 25, 2026
Cover
လူ ၄ ဦးတွင် ၁ဦးဆာလောင်မွတ်သိပ်နေဟု WFP ထုတ်ပြန်
May 19, 2026
Cover
မူဆယ်တွင် လစာကောင်းသည့် အလုပ်ရမည်ဆိုသဖြင့်ရောက် သွားသည့် ၁၇ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး ပျောက်ဆုံးနေ
May 19, 2026
Cover
လ၀က ဝန်ထမ်းများ ငွေကြေးယူပါက အထောက်အထားအပြည့်စုံဖြင့် တိုင်လျှင် ထိရောက်စွာ အရေးယူမည်ဟု ကြေညာ
May 19, 2026
Cover
ရွှေဈေးပြန်ကျ စက်သုံးဆီ စားသုံးဆီနဲ့ နိုင်ငံခြားငွေဈေး အကျမရှိအတက်ဈေးနဲ့ငြိမ်နေ
May 17, 2026