NEWS

ဝန်အားမနိုင်မနင်း ဖြစ်လို့ဟုဆိုကာ ရန်ကုန်တိုင်းအတွင်း မီးပျက်ချိန် ၄ နာရီ ထပ်တိုး

CoverLogo
735 Views

ရန်ကုန်တိုင်းဒေသကြီး အတွင်း ဓါတ်အားစနစ်အတွင်းဝန်အားမနိုင်နင်းမှု​ကြောင့် ဆိုကာ အလှည့်ကျမီးပျက်ချိန်  ၄ နာရီ ထပ်တိုးလိုက်တယ်လို့ ဒီဇင်ဘာ ၁၉ ရက် မှာ မြို့နယ်လျှပ်စစ်ရုံး အချို့က ထုတ်ပြန်လိုက်ပါတယ်။

ည ၉ နာရီမှ နံနက် ၁ နာရီ အထိ တစ်ချိန်ထပ်တိုး၍ အလှည့်ကျဝန်အား​​ လျှော့ခြင်း​ဆောင်ရွက်သွားမယ်လို့အသိ​ပေး​ကြေညာထားပါတယ်။

သာကေတမြို့နယ် လျှပ်စစ်ရုံးရဲ့ ကြေညာချက်မှာတော့ အများပြည်သူအား ဓာတ်အားပေးနေတဲ့ Group A and B အား မနက် ၅ နာရီမှ မနက် ၉ နာရီအထိ Group A ဓာတ်အားပိတ်ပြီးမနက် ၉ နာရီမှ နေ့လည် ၁ နာရီအထိ Group. B ဓာတ်အားပိတ်မယ်လို့ဆိုပါတယ်။

နေ့လည် ၁ နာရီမှ ညနေ ၅ နာရီအထိ Group A ဓာတ်အားပိတ်ပြီး ညနေ ၅ နာရီမှ ည ၉ နာရီအထိ Group B ဓာတ်အားပိတ် မှာဖြစ်ကာည ၉ နာရီမှ နောက်နေ့မနက် ၁ နာရီအထိ Group A ဓာတ်အားပိတ်ပါမယ်လို့ သိရပါတယ်။

မနက် ၁ နာရီမှ မနက် ၅ နာရီအထိကိုတော့  Group A and B နှစ်စုလုံးအား ဓာတ်အားပေးထားမယ်လို့ ကြေညာထားပါတယ်။

အခုလိုဓါတ်အားဖြတ်တောက်ချိန် တိုးလိုက်တဲ့ အတွက် ယခင်က ရန်ကုန်တိုင်းအတွင်း အုပ်စုAနဲ့အုပ်စုB နှစ်စု ခွဲပြီး တစ်ရက်ကို ၈နာရီ ဓါတ်အားဖြတ်တောက် ရာ ကနေ လက်ရှိမှာ ၄ နာရီ အချိန် ထပ်တိုး တဲ့ အတွက် တစ်ရက်လျှင် ၁၂နာရီကြာ မီးပျက်တော့မှာ ဖြစ်တယ်လို့ သိရပါတယ်။

#MyanmarLabourNews


Related posts

Cover
ထန်းတပင်မြို့နယ် ကျေးရွာများတွင် စစ်မှုထမ်းကြေး လစဉ် ကောက်ခံနေ
Mar 31, 2026
Cover
တစ်လအတွင်း စက်သုံးဆီ တစ်လီတာကျပ်၂၀၀၀ မှ ၃၀၀၀ ကျော်အထိ ဈေးတက်
Mar 27, 2026
Cover
မြန်မာအပါအဝင်ရွှေ့ပြောင်းလုပ်သားတွေ အတွက် ထိုင်းမှာ သင်္ကြန်ကာလအသိပေးချက်ထုတ်
Mar 27, 2026
Cover
လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသူများ လွတ်လပ်စွာ လှုပ်ရှားသွားလာခွင့် ကန့်သတ်ခံထားရ
Mar 26, 2026
Cover
ပဲခူးမြို့နယ် အတွင်း စက်သုံးဆီ ထုတ်ယူခွင့်စာအုပ်ပြုလုပ်ပေးဖို့ဆိုကာ အုပ်ချုပ်ရေးမှူးရုံးများတွင်စာရင်းပေးသွင်းခိုင်း
Mar 24, 2026
Cover
တရုတ်ဇနီးမယား ပြုလုပ်ရန်ငွေဖြင့် စည်းရုံး ပို့​ဆောင်သူအား ထောင် ၁၀ နှစ်ချ
Mar 24, 2026
Cover
အဝေးပြေးကားလက်မှတ်ဈေးနှစ်ဆကျော် မြင့်တက် သင်္ကြန်အတွက် ကြိုဖြတ်ထားသည့် လက်မှတ်များ ဆီပြတ်ပါက ငွေပြန်အမ်းမည်ဟုဆို
Mar 23, 2026
Cover
လေယာဉ်ဆီ အခက်ခဲကြောင့် ပြည်တွင်း လေကြောင်းလိုင်း ခရီးစဉ်အချို့ ဖျက်သိမ်း
Mar 23, 2026