NEWS

လျှပ်စစ်မီးပြတ်တောက်မှုပိုများလာတာကြောင့်စက်မှု လက်မှု နှင့် တစ်နိုင်တပိုင်လုပ်ငန်းများရပ်တည်ရန်ခက်ခဲလာ

CoverLogo
555 Views

ပြည်တွင်းမှာလျှပ်စစ်မီးရရှိချိန်ဟာအရင်ကထက်ပိုနည်းလာတာကြောင့် စက်မှု လက်မှု နှင့် တစ်နိုင်တပိုင်လုပ်ငန်းငယ်တွေရပ်တည်ဖို့ခက်ခဲလာတယ်လို့လုပ်ကိုင်သူတွေကပြောပါတယ်။

၂၀၁၉ ခုနှစ်စာရင်းအရ တနိုင်ငံလုံး အတိုင်းအတာရဲ့ ၅၀ ရာခိုင်နှုန်းက လျှပ်စစ်ဖူလုံစွာရရှိခဲ့တာဖြစ်ပြီး ၂၀၂၁ အာဏာသိမ်းပြီးနောက်ပိုင်း လျှပ်စစ်မီးရရှိမှုက ယခင်ထက်ပိုမိုလျော့ကျကာ အချိန်မှန် မီးပေးနိုင်ခြင်းမရှိတော့ဘဲ  လျှပ်စစ်မီးလာချိန်ဟာမြို့နယ်တစ်ချို့မှာအချိန်နာရီနဲ့သတ်မှတ်ပေးနေတာဖြစ်ပါတယ်။

လက်ရှိမှာတော့တစ်ရက်ကိုလျှပ်စစ်မီးရရှိချိန်ဟာ(၅)နာရီဝန်းကျင်သာရရှိနေတာဖြစ်ပါတယ်။

"မီးကနေ့ကောညပါမလာတာ။နွေရာသီမှာအအေးတို့၊ရေခဲချောင်းရေခဲမုန့်တို့နောက်ပြီးရေသန့်အေးတာလေးတွေအားပြုရောင်းရတာအခုကျ။ရေခဲသေတ္တာကအေးချိန်ကိုမရဘူး။အချိန်ပြည့်မီးပျက်တယ်။မီးလာတော့လည်းမီးအားကျတယ်။ဘာမှရောင်းစားမရဘူး။ဆိုင်ဆိုတာကညဖက်မီးလေးလင်းမှလူကလာတာ။အခုကျအားပြန်သွင်းဖို့ကိုအချိန်မရတာ။ရေရှည်တော့တကယ်မလွယ်ဘူး။လျှပ်စစ်မီးကိုအားပြုလုပ်ရတဲ့အလုပ်တွေအကုန်ရပ်ကုန်မှာ"လို့တစ်နိုင်တပိုင်လုပ်ငန်းရှင်တစ်ဦးကပြောပါတယ်။

စက်မှုဇုန်တွေရှိတဲ့မြို့နယ်တွေမှာတော့မီးလာချိန်ကိုသတ်မှတ်နိုင်တဲ့အခြေအနေတောင်မရှိပါဘူး။

"တစ်နိုင်တပိုင်ရုံလေးနဲ့ချုပ်တာပါ။မီးမလာတော့မီးစက်ပဲအားစိုက်သုံးရတယ်။ဒီ‌ တော့ စက်သုံးဆီဖိုးကအပိုကုန်ရတယ်။အဲဒါထက်ဆိုးတာဆီဝယ်မရတာ။ဆီဝယ်ဖို့‌ ထောက်ခံစာ‌ တောင်းတာပဲ။အဲဒီလိုမျိုးဆိုတကယ်ကိုဆက်မလုပ်ချင်‌ တော့ဘူး။‌ နောက်ပြီးဒီကာလမှာကိုယ်ကတော့ရုံကကလေးတွေဆိုစက်ရုံမှာရတာထက်နိုင်သလောက်ပိုပေးတယ်။ကြာလာတော့ကိုယ်ဖို့ကမကျန်တော့ဘူး။ အခုကတော့စပြီးသားမလို့မရပ်ဘဲတင်းခံနေတာ။ရေရှည်ဒီထက်ဆိုးလာရင်တော့အကုန်ရပ်ပစ်ရမှာပဲ"လို့အသေးစားအထည်ချုပ်လုပ်ငန်းလုပ်ကိုင်သူတစ်ဦးကပြောပါတယ်။

လက်ရှိမှာလျှပ်စစ်မီးပြတ်တောက်မှုကြောင့်စီးပွားရေးလုပ်ကိုင်သူတွေအခက်တွေ့နေရသလိုပြည်သူတွေလည်းနေထိုင်စားသောက်ရေးအခက်အခဲဖြစ်လာပါတယ်။


Related posts

Cover
အဝေးပြေးကားလက်မှတ်ဈေးနှစ်ဆကျော် မြင့်တက် သင်္ကြန်အတွက် ကြိုဖြတ်ထားသည့် လက်မှတ်များ ဆီပြတ်ပါက ငွေပြန်အမ်းမည်ဟုဆို
Mar 23, 2026
Cover
လေယာဉ်ဆီ အခက်ခဲကြောင့် ပြည်တွင်း လေကြောင်းလိုင်း ခရီးစဉ်အချို့ ဖျက်သိမ်း
Mar 23, 2026
Cover
စက်သုံးဆီဈေး တစ်လီတာ ကျပ် ၇၀၀ကျော် မှ ၁၀၀၀ကျော်အထိ ဈေးထပ်မြင့်တတ်
Mar 22, 2026
Cover
အလှည့်ကျ မီးပေးစနစ် ပြန်စမည်ဟု စစ်ကော်မရှင် ထုတ်ပြန်
Mar 22, 2026
Cover
အများဆုံးထောင်ဒဏ် ၅နှစ်ကနေ ငွေဒဏ်၁၅သိန်းအထိ ချမှတ်နိုင်တဲ့ မြန်မာနိုင်ငံကူးလက်မှတ်ဆိုင်ရာဥပဒေထုတ်ပြန်
Mar 22, 2026
Cover
စက်သုံးဆီဝယ်ယူမရ၍ ရန်ကုန်က ဆိုင်ကယ်နှင့်ဘေးတွဲဆိုင်ကယ်မောင်းသူများ အခက်ကြုံနေ
Mar 22, 2026
Cover
စက်သုံးဆီအခက်အခဲကြောင့် အိမ်အရောက်ပို့ ဆန်ရောင်းချမှု ယာယီရပ်နားဟု MRF ကြေညာ
Mar 22, 2026
Cover
စုံ /မ စနစ် ယာဉ်မောင်းခွင့် မလိုက်နာသူများကို စတင်အရေးယူ ဒဏ်ငွေကျပ် သုံးသောင်းပေးဆောင် ခိုင်း
Mar 18, 2026