NEWS

လုပ်ငန်းခွင်ဝင် ကျောင်းသားများ တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေရန် ခက်ခဲမှာ အုပ်ထိန်းသူများ စိုးရိမ်

CoverLogo
669 Views
 
စစ်ကောင်စီက ပြန်လည်ဖြေဆိုဖို့ ကြေညာထားတဲ့ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အတွက် လုပ်ငန်းခွင် အတွင်း ရောက်ရှိနေတဲ့ ကျောင်းသားတွေအတွက် အခက်အခဲ ဖြစ်မှာ အုပ်ထိန်းသူတွေက စိုးရိမ်နေတယ်လို့ ပြောပါတယ်။ ငလျင်လှုပ်ခတ်မှုအတွင်း တက္ကသိုလ်ဝင်တန်းစာမေးပွဲအဖြေလွှာတွေက မီးလောင်ပျက်စီးခဲ့တာကြောင့် ပြန်လည်ဖြေဆိုဖို့ အချိန်ဇယား တွေကို စစ်ကောင်စီ ပညာရေးဝန်ကြီးဌာနက ဧပြီ ၂၁ ရက်က ထုတ်ပြန်လိုက်တာပါ။
“ခက်ခက်ခဲခဲကျောင်းထားခဲ့ရတာ။ သူတို့သိတတ်မှုနနဲ့ အခု လုပ်ငန်းခွင်တွေထဲ ရောက်နေကြပြီ။ တခြား နေရာ တွေ သွားပြီး အလုပ်လုပ်တဲ့ ကလေးတွေလည်း တွေ့ရတယ်။ သူတို့ဆို ပြန်ဖြေဖို့ ခက်ခဲမယ်။ သွားရလာရနဲ့ ဆို စစ်မှုထမ်းဆိုတာက ရှိသေးတယ်။ မဖြေဖြစ်ရင် နောက်တနှစ်ဆိုတာ သိပ်မလွယ်ဘူး။” လို မန္တလေးမြို့ ဒေသခံတဦးက ပြောပါတယ်။
မတ်လ ၂၈ ရက်မှာ စစ်ကိုင်းမြို့အနီး ဗဟိုပြု လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ကြောင့် မန္တလေးတက္ကသိုလ်မှာ သိမ်းဆည်းထားတဲ့ တက္ကသိုလ်ဝင်တန်းအဖြေလွှာတွေ မီးလောင်ပျက်စီးခဲ့ရပါတယ်။ အဲဒီထဲမှာ မန္တလေးတိုင်း၊ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ နေပြည်တော်ဒေသက တက္ကသိုလ်ဝင်စာမေးပွဲ အဖြေလွှာတွေ ပါဝင်ခဲ့တာကြောင့် အခုလို ပြန်လည်ဖြေဆိုဖို စစ်ကောင်စီက စီစဉ်ခဲ့တာဖြစ်ပါတယ်။ ပြန်လည် ဖြေဆိုရမဲ့ စာမေးပွဲကို ဇွန် ၁၆ ရက်ကနေ ဇွန် ၂၁ ရက်အထိ ကျင်းပမှာ ဖြစ်တယ်လို့ စစ်ကောင်စီ ပညာရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။
“ဝမ်းကွဲညီမက ရန်ကုန်မှာ အလုပ်လုပ်နေပြီ။ ပြီးတဲ့စာမေးပွဲအတွက် အတော်လေး ရုန်းကန်ပြီး ကျောင်းထားခဲ့ ရတာ။ ဖြေပြီး တစ်ပတ်လောက်မှာ အလုပ်လုပ် ဖို့ထွက်သွားတာ။ အလုပ်က ရစ ရှိသေးတယ်။ စစ်ကိုင်းအထိ ဆိုတော့ ပြန်ဖြေ ပါ့မလား မသိဘူး။ မဖြေရင်တော့ ဒုက္ခပဲ။” လို့ စစ်ကိုင်းတိုင်းအတွင်းက ဒေသခံတဦးက ပြောပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီးအတွင်းက အထက(မင်းကင်း)၊ အထက(ပန်ဆက်)၊ အထက(၁)တမူး၊ အထက(၂) ရွှေဘို၊ အထက(၁)ရေဦး၊ အထက(ဗန်းမောက်) ၊ အထက (ဝန်းသို) ၊ အထက(မော်လိုက်)၊ အထက(ကင်းတပ်) နဲ့ အထက (အရာတော်) စာစစ်ဌာနမှာဖြေဆိုခဲ့ကြသူတွေကတော့ ပြန်လည်ဖြေဆိုဖိုမလိုဘူးလိုလည်း ကြေငြာချက် အရ သိရပါတယ်။
စာမေးပွဲ ဖြေဆိုရမဲ့သူတွေဟာ သက်ဆိုင်ရာ ဖြေဆိုခွင့်ကတ်တွေကို တက္ကသိုလ်ဝင်စာမေးပွဲ ကြီးကြပ်ရေးမှူးများ ထံတွင် ဇွန် ၁ ရက်မှ ၁၅ ရက်အတွင်း ထုတ်ယူရမည်ဖြစ်တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

Related posts

Cover
စစ်အာဏာသိမ်းမှု ၅နှစ်ပြည့် အတွက်မော်လိုက်အကျဉ်းထောင် တွင် ငြိမ်းချမ်းစွာဆန္ဒပြသည့် အကျဉ်းသူများ တိုက်ပိတ်ခံရ
Feb 02, 2026
Cover
ကုသကာကွယ်ဆေးမရှိသေးတဲ့ ကူးစက်မြန် နီပါဗိုင်းရပ်စ်အတွက် ကာကွယ်ရေးနဲ့ထိန်းချုပ်ရေး အစီစဉ်တွေထုတ်ပြန်လာ
Jan 29, 2026
Cover
လုပ်သား ၃၃၀၀ကျော် အလုပ်အကိုင် ရရှိမည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းသစ် ၂၀ ခု ကို စစ်ကော်မရှင်ခွင့်ပြု
Jan 28, 2026
Cover
ဒိုက်ဦးအကျဉ်းထောင်တွင် ကျန်းမာရေးထိခိုက်စေသည့် အစားသောက်များ ကျွေးပြီး ဆေးဝါးပစ္စည်း ပါဆယ် ပို့မှုကို ပိတ်ပင်နေဟုဆို
Jan 28, 2026
Cover
အဆိုတော်ရှင်မင်းမြတ်ကို ပွဲငှားသယောင် မူဆယ်သို့လိမ်ခေါ်ပြီး ကျားဖြန့်မှ ပြန်ပေးဆွဲကာ ငွေကျပ် သိန်းထောင်ချီတောင်းယူမှုဖြစ်ပွား
Jan 16, 2026
Cover
ပြည်တွင်းရွှေစျေး ကျပ်သိန်း ၁၀၀ ဝန်းကျင်အထိ စံချိန်တင်မြင့်တက်လာ
Jan 14, 2026
Cover
မကွေးအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသား ၃၅ဦးကို ရိုက်နှက်ပြီး ၁လ နီးပါး တိုက်ပိတ်ထား ဟု PPNM ထုတ်ပြန်
Jan 10, 2026
Cover
စစ်ကော်မရှင်မှ အကျဉ်းထောင်နှင့်အချုပ်ထောင်အသီးသီးမှ အကျဉ်းသား ၆၀၀၀ ကျော်ကို လွတ်ငြိမ်းသက်သာခွင့်ပေး
Jan 09, 2026