NEWS

လာမယ့် ၁၀ ရက်အတွင်း တိုင်းဒေသကြီးနှင့် ပြည်နယ် များမှာ မိုးထစ်ချုန်းရွာသွန်းပြီး မြစ်ရေများဆက်လက်မြင့်တက်လာနိုင်

CoverLogo
414 Views

ဇူလိုင်လ တတိယ ၁၀ ရက်အတွက် မိုးလေဝသခန့်မှန်းချက်နဲ့မြစ်ရေအခြေနေခန့်မှန်းချက်တွေမှာ
တိုင်းဒေသကြီး နဲ့ ပြည်နယ်တွေမှာ  မိုးထစ်ချုန်းရွာသွန်းပြီး နိုင်ငံအတွင်းရှိမြို့ ကြီး အများစု မှာ မြစ်ရေတွေ 
ယခုရောက်နေတဲ့ ရေအမှတ်ထက် ဆက်လက်မြင့်တတ်လာနိုင်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာ ရဲ့ ဇူလိုင်၂၁ ရက်က ထုတ်ပြန်ချက်အရသိရပါတယ်။

မိုးရွာသွန်းမှုအခြေအနေမှာ နေပြည်တော်၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း)၊ ဧရာဝတီတိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် ရွာသွန်းမြဲထက် ပိုနိုင်ပြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး(အရှေ့ပိုင်း)၊ ရန်ကုန် တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင် ပြည်နယ်နှင့် မွန်ပြည်နယ်တို့မှာ ရွာသွန်းမြဲခန့် မိုးထစ်ချုန်းရွာနိုင်တယ်လို့ဆိုပါတယ်။

ဒါ့အပြင် နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်း ဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့ မှာ ၇ ရက်မှ ၁၀ ရက်ခန့် စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနဲ့  ကယား ပြည်နယ်တို့တွင် ၄ ရက်မှ ၆ ရက်ခန့်အထိ  မိုးထစ်ချုန်းရွာနိုင်တယ်လို့ ထုတ်ပြန်ကြေညာထားပါတယ်။

မြစ်ရေအခြေနေ ခန့်မှန်း ချက်မှာတော့ ဧရာဝတီ မြစ်ရေဟာ မြစ်ကြီးနားမြို့၊ ဗန်းမော်မြို့  ၊ရွှေကူမြို့နဲ့ ကသာမြို့တို့မှာ ၁ ပေမှ ၅ပေအထိ လက်ရှိ ရေမှတ်ထက် မြင့်တတ်လာနိုင်တယ်လို့ဆိုပါတယ်။

ဒုဌဝတီ မြစ်ရေဟာ သီပေါမြို့နဲ့ရွှေစာရံမြို့တို့မှာ ၁ပေမှ ၂ပေခွဲခန့်၊ စစ်တောင်းမြစ်ရေဟာ တောင်ငူမြို့နဲ့မဒေါက်မြို့တို့မှာ ၃ပေမှ ၄ပေခန့် ၊ ရွှေကျင်မြစ်ရေဟာ ရွှေကျင်မြို့မှာ ၃ပေ ခန့် မြင့်တတ်လာမယ်လို့ သိရပါတယ်။

ဒါ့အပြင် ပဲခူးမြစ်ရေဟာ ပဲခူးမြို့နဲ့ ဇောင်းတူမြို့တို့မှာ  ၂ပေမှ ၃ပေခန့်၊ သံလွင်မြစ်ရေဟာ ဘားအံမြို့မှာ ၂ပေခန့်၊သောင်းရင်းမြစ်ရေဟာ မြဝတီမြို့ မှာ ၃ပေခန့်၊ ငဝန်မြစ်ရေဟာ ပုသိမ်မြို့ မှာပေဝက်ခန့်နဲ့ ဘီးလင်းမြစ်ရေဟာ  ဘီးလင်းမြို့မှာ ၄ပေခန့် အထိ လက်ရှိ ရေမှတ်ထက်ဆက်လက်မြင့်တတ်လာနိုင်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။

 


Related posts

Cover
ရန်ကုန်တိုင်းအတွက် စစ်မှုထမ်းရန် လှိုင်သာယာတွင်အဓိကလူစုဆောင်းခံနေရ
Jun 25, 2026
Cover
အမျိုးသမီးများကို ​ငွေ​ကြေးနှင့် စည်းရုံးပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်ခဲ့သူ ၂ ဦးကို ထောင် ၁၅ နှစ်စီချ
May 25, 2026
Cover
လူ ၄ ဦးတွင် ၁ဦးဆာလောင်မွတ်သိပ်နေဟု WFP ထုတ်ပြန်
May 19, 2026
Cover
မူဆယ်တွင် လစာကောင်းသည့် အလုပ်ရမည်ဆိုသဖြင့်ရောက် သွားသည့် ၁၇ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး ပျောက်ဆုံးနေ
May 19, 2026
Cover
လ၀က ဝန်ထမ်းများ ငွေကြေးယူပါက အထောက်အထားအပြည့်စုံဖြင့် တိုင်လျှင် ထိရောက်စွာ အရေးယူမည်ဟု ကြေညာ
May 19, 2026
Cover
ရွှေဈေးပြန်ကျ စက်သုံးဆီ စားသုံးဆီနဲ့ နိုင်ငံခြားငွေဈေး အကျမရှိအတက်ဈေးနဲ့ငြိမ်နေ
May 17, 2026
Cover
မေလ ၁ ရက်နေ့ကစပြီး ပြည်တွင်းအခွန်တိုးမြှင့်ကောက်မယ့်ကြေညာချက်ကြောင့် ကုန်ဈေးနှုန်းတွေပိုတက်လာနိုင်၊ တရက်အခြေခံလုပ်အားခကျပ် ၄၈၀၀ မှာသာရှိနေဆဲ
Apr 24, 2026
Cover
ထန်းတပင်မြို့နယ် ကျေးရွာများတွင် စစ်မှုထမ်းကြေး လစဉ် ကောက်ခံနေ
Mar 31, 2026