NEWS

ရွေးကောက်ပွဲ အပိုင်း ၂ကို ဇန်နဝါရီ ၁၁ ရက်တွင် မြို့နယ် ၁၀၀ မှာ ပြုလုပ်မည်ဟု စစ်ကော်မရှင်ကြေညာ

CoverLogo
645 Views
 
ရွေးကောက်ပွဲ အပိုင်း ၂ ကို လာမယ့် ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၁ ရက်နေ့မှာ မြို့နယ် ၁၀၀ မှာ ပြုလုပ်မယ်လို့ စစ်ကော်မရှင်ရဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် က အောက်တိုဘာ၂၈ရက်မှာ ကြေညာလိုက်ပါတယ်။
 
၂၀၂၅ခုနှစ် ဒီဇင်ဘာ ၂၈ရက်မှာ ရွေးကောက်ပွဲ အပိုင်း၁ကို မြို့နယ် ၁၀၂မြို့နယ် မှာ ပြုလုပ်မယ်လို့ ဩဂုတ်လ ၂၀ရက်က ကြေညာခဲ့ပြီး အပိုင်း၂ အတွက် ထပ်မံ ကြေညာတာ ဖြစ်ပါတယ်။
 
ရွေးကောက်ပွဲအပိုင်း၂ အတွက် ပြုလုပ်မယ့် မြို့နယ် တွေ ကို ပါ ကြေညာပေးထားပြီး ပြည်နယ်နဲ့ တိုင်းဒေသကြီး၁၂ခု ကမြို့နယ် တွေ ပါဝင်တာတွေ့ရပါတယ်။
 
စစ်ကော်မရှင်ရဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် က ရွေးကောက်ပွဲအတွက် ဝင်ရောက်ယှဉ်ပြိုင်မယ့်ပါတီတွေ မဲဆွယ်စည်းရုံးခွင့်ကို၂၀၂၅ခုနှစ် အောက်တိုဘာ၂၈ရက်မှ ရက်ပေါင်း၆၀ခွင့်ပြုပေးထားပါတယ်။
 
စစ်ကော်မရှင် အနေနဲ့ ရွေးကောက်ပွဲ ကို အင်းတိုက်အားတိုက်ပြုလုပ်နေပေမယ့် ပြည်သူတွေအနေနဲ့ စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲ ကို စိတ်ဝင်စားမှု အလွန်နည်းကာ ထောက်ခံမှုမရှိသလို ပြည်ပရောက်မြန်မာနိုင်ငံသားများနဲ့ လူမှုအဖွဲ့စည်းတွေကကန့်ကွက်ဆန္ဒပြတာတွေရှိနေပြီး အတုအယောင် ရွေးကောက်ပွဲ ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တော်လှန်ရေး အင်အားစုတွေကလည်း ထုတ်ပြန်ထားပါတယ်။

Related posts

Cover
စစ်ရေးပဋိပက္ခပြင်းထန်ရာဒေသများတွင် အမျိုးသမီးများ၏ အလုပ်အကိုင်ရရှိမှု ၆၂ ရာခိုင်နှုန်းထိကျဆင်း
Aug 10, 2026
Cover
စားအုန်းဆီဖြန့်ဝေမှုကန့်သတ်လိုက်လို့ ပြည်သူတွေ ဆီဈေးကြီးလာတဲ့ဒဏ်ခံနေရ
Aug 07, 2026
Cover
စက်သုံးဆီဈေး အကျဘက်ရောက်နေပေမယ့် ဆီဝယ်မရတဲ့ပြဿနာကြုံ​နေရ
Aug 07, 2026
Cover
ရန်ကုန်တိုင်းအတွက် စစ်မှုထမ်းရန် လှိုင်သာယာတွင်အဓိကလူစုဆောင်းခံနေရ
Jun 25, 2026
Cover
အမျိုးသမီးများကို ​ငွေ​ကြေးနှင့် စည်းရုံးပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်ခဲ့သူ ၂ ဦးကို ထောင် ၁၅ နှစ်စီချ
May 25, 2026
Cover
လူ ၄ ဦးတွင် ၁ဦးဆာလောင်မွတ်သိပ်နေဟု WFP ထုတ်ပြန်
May 19, 2026
Cover
မူဆယ်တွင် လစာကောင်းသည့် အလုပ်ရမည်ဆိုသဖြင့်ရောက် သွားသည့် ၁၇ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး ပျောက်ဆုံးနေ
May 19, 2026
Cover
လ၀က ဝန်ထမ်းများ ငွေကြေးယူပါက အထောက်အထားအပြည့်စုံဖြင့် တိုင်လျှင် ထိရောက်စွာ အရေးယူမည်ဟု ကြေညာ
May 19, 2026