NEWS

ရာအိမ်မှူးများမှ တဆင့် အကျဉ်းသားမိသားစုဝင်များအား ငွေကြေးလိမ်လည်မှုများရှိနေ

CoverLogo
484 Views
 
 
ငွေကြေးလိမ်လည်သူတွေက ရာအိမ်မှူးတွေဆီ ဖုန်းနဲ့ဆက်သွယ်ပြီး အကျဉ်းသားမိသားစုတွေဆီ ပြန်လည်ဆက်သွယ်ဖိုပြောဆိုကာ ငွေကြေး လိမ်လည် တောင်းခံတာတွေရှိနေတယ်လို့ အကျဉ်းသား မိသားစုဝင်တွေက ပြောပါတယ်။
 
“ညီမတိုဘက်ကတော့ ရာအိမ်မှူးက အိမ်လာတယ်။ ဖုန်းနံပါတ်တစ်ခုပေးပြီး အဲဒီနံပါတ်က အကျဉ်းထောင်ကလို့ ပြောတယ်။ အုပ်ချုပ်ရေးမှုးက ဖုန်းနံပါတ်ပေးပြီး လိုက်ပြောခိုင်းလို့ ရပ်ကွက်ထဲက ထောင်ကျ နေတဲ့သူတွေရှိတဲ့ အိမ်တွေကို သူလိုက် လိုက်ပြောပေးတာပါလို့ ပြောတယ်။ ညီမတို့ ရာအိမ်မှူးကတော့ သတိထားဖို၊ ငွေတောင်းရင် တန်းမယုံဖို့ သတိပေးပါတယ်။” လို့ မိသားစုဝင်တဦးက ပြောပါတယ်။
 
အကြောင်းအမျိုးမျိုးနဲ့ အကျဉ်းကျနေသူတွေ ပြန်လည်လွတ်မြောက်ဖိုအတွက် ငွေကြေးလိမ်လည် တောင်းခံ တာတွေက ပုံစံအမျိုးမျိုးနဲ့ ရှိနေပြီး လက်ရှိ ပိုမိုဆိုးရွားလာတာပဲ ဖြစ်ပါတယ်။ ဒီလို လိမ်လည်မှုတွေကြောင့် ငွေကြေးဆုံးရှုးသူတွေလည်း ရှိနေတယ်လို အကျဉ်းသားမိသားစုဝင်တစ်ဦးက ပြောပါတယ်။
 
“ရပ်ကွက်ထဲက တစ်ယောက်ကတော့ ဖုန်းဆက်ပြီး သူယောင်္ကျားလွှတ်ဖို သိန်း (၂၀) တောင်းတယ်။ သူက မတက်နိုင်ဘူး ပြောလိုက်တာ။ ထောင်ဝန်ထမ်းတွေဆီ စုံစမ်းကြည့်တော့ အဲဒီလို မရှိဘူး။ လိမ်နေတာကို သိရတာ”လို အကျဉ်းသားမိသားစုဝင်တစ်ဦးက ပြောပါတယ်။
 
အများအားဖြစ် မြန်မာနှစ်ဆန်းတရက်မှာ လွှတ်ငြိမ်းချမ်းသာခွင့်ပေးလေ့ရှိတာကြောင့် ဒီအခြေအနေကို အသုံးချပြီး ငွေကြေးလိမ်လည်သူတွေက 
မိသားစုဝင်တွေကို ပုံစံအမျိုးမျိုးနဲ့ ဆက်သွယ်နေတာဖြစ်တယ်လို့ အကျဉ်းသား မိသားစုဝင်တဦးက ပြောပါတယ်။
 
“ဟိုးအရင်ကတော့ ထောင်ဝန်ထမ်းဘာညာဆိုပြီး ကိုယ့်ကိုင်တဲ့ဖုန်းတွေကို ဆက်လာတာတွေ ရှိပါတယ်။ ဒါပေ မယ့် အချင်းချင်း အသိပေးတာတွေ၊ အကျဉ်းထောင်ထဲကစာတွေဖတ်ထားတော့ တန်းသိတယ်။ ဒါပေမယ့် ရာအိမ်မှူးတွေကတစ်ဆင့်လိုက်ပြောရင်တော့ ရုတ်တရက်ဆို ကိုယ်လည်းယုံမှာပဲ။ ဒီအချိန်မှာ အလိမ်ခံရရင်တော့ မရှိတဲ့မိသားစုတွေအတွက် ဒုက္ခတွေပိုရောက်သွားမှာလို”လို လစဉ်ထောင်ဝင်စာပေးပိုနေသူတစ်ဦးက ပြောပါတယ်။
 
လက်ရှိ ငွေကြေးလိမ်လည်တာတွေနဲ့ ပတ်သက်ပြီး အင်းစိန်အကျဉ်းဦးစီးမှာတော့ အသိပေးချက်တွေ ကပ်ထားပြီး ဝန်ထမ်းတွေက ပြောဆိုသတိပေးတာတွေလည်း ရှိနေပါတယ်။ စစ်ကောင်စီက အာဏာသိမ်းပြီး နောက်မှာ ပုဒ်မအမျိုးမျိုးနဲ့ မတရား ဖမ်းဆီးအကျဉ်းချထားသူတွေ အများအပြားရှိနေသလို ထောင်ဝင်စာ ပေးပို့တဲ မိသားစုတိုင်း အခက်အခဲတွေနဲ့ ရင်ဆိုင်နေပါတယ်။

Related posts

Cover
စုံ /မ စနစ် ယာဉ်မောင်းခွင့် မလိုက်နာသူများကို စတင်အရေးယူ ဒဏ်ငွေကျပ် သုံးသောင်းပေးဆောင် ခိုင်း
Mar 18, 2026
Cover
CNG သုံး Taxiယာဉ်များ ငှားရမ်းခ တိုးမြှင့်တောင်းခံပါက တိုင်ကြားနိုင်ဟုဆို
Mar 18, 2026
Cover
ရွှေလက်ဝတ်ရတနာ ပြုလုပ်ရာတွင် အလျော့တွက်လက်ခ ကို ပစ္စည်းတန်ဖိုး၏ ထက်ဝက်ခန့် ကောက်ခံမည်ဟု YGEA ထုတ်ပြန်
Mar 16, 2026
Cover
စက်သုံးဆီ ဝယ်ယူခွင့် ကန့်သတ်ခံရပြီးနောက် တစ်လီတာ ကျပ် ၃၀၀ မှ ၆၀၀ကျော် ဈေးမြင့်တတ်
Mar 14, 2026
Cover
အကျဉ်းထောင်အတွင်းအခက်ခဲများကို ICRC ထံတင်ပြသည့် နိုင်ငံရေးအကျဉ်းသားကို ရိုက်နှက်ပြီး တိုက်ပိတ်ခံရ
Mar 14, 2026
Cover
စက်သုံးဆီ ဝယ်ယူခွင့် QR Code စနစ် ဖြင့် ပြုလုပ်ပြီး တစ်ရက်တစ်ကြိမ်သာ ဝယ်ခွင့်ပြုမည်ဟု စစ်ကော်မရှင်ကြေညာ
Mar 12, 2026
Cover
စုံ/မ ရက် ကားမောင်းစနစ် ချိုးဖောက်ပါက အလုပ်မဲ့ထောင်ဒဏ် ၁လ နှင့် ဒဏ်ငွေကျပ် ၂သောင်း ချမှတ်နိုင်ဟုဆို
Mar 07, 2026
Cover
ဧပြီ ၁ ရက်မှ စ၍ မှတ်ပုံတင်မထားသော မိုဘိုင်းလက်ကိုင်ဖုန်းများ ကျသင့်အခွန်နှင့်ဒဏ်ကြေးပေးရမည်ဟု စစ်ကော်မရှင် ကြေညာ
Mar 07, 2026