NEWS

ရန်ကုန်လေဆိပ်အခွန် ငါးဆနီးပါး တိုးမြှင့်ကောက်ခံ

CoverLogo
560 Views
 
ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်အခွန် (PSC) ကို လာမယ့် မေလ၁၂ရက်ကစပြီး တိုးမြှင့်ကောက်ယူမယ်လို Yangon International Airport (YIA) က ထုတ်ပြန် လိုက်ပါတယ်။ အဲ့လေဆိပ်ခွန်ကို လေယာဉ်လက်မှတ် ဈေးနှုန်းထဲမှာ တစ်ပါတည်း ထည့်သွင်းရောင်းချပြီး လက်ရှိ ပြည်ပ ခရီးစဉ်အတွက် ၂၅ ဒေါ်လာ၊ ပြည်တွင်း ခရီးစဉ်အတွက် ကျပ်တစ်သောင်းခွဲ အထိ တိုးမြှင့် ကောက်ခံမှာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ တနှစ်ကာလက ပြည်တွင်း ခရီးစဉ်အတွက် ရန်ကုန်လေဆိပ်ခွန်က ကျပ် ၃၀၀၀ ဝန်းကျင်သာ ရှိခဲ့တာ ကြောင့် ငါးဆနီးပါး တိုးမြှင့်ကောက်ခံတာလို့ နားလည်ရပါတယ်။
Passenger Service Charge (PSC) ဆို တာ လေဆိပ် ဒါမှ မဟုတ် လေယာဉ်ကွင်းတွေမှာ ခရီးသည်တွေကို ဆောင်ရွက်ပေးတဲ့ ဝန်ဆောင်မှုအတွက် ကောက်ခံတဲ့ အခကြေးငွေဖြစ်ပြီး Airport Tax (လေဆိပ်အခွန်)လိုလည်း ခေါ်ဆိုတယ်လို့ သိရပါတယ်။
တိုးမြှင့်လိုက်တဲ့ လေဆိပ်အခွန်ကို မေလ ၁၂ ရက် နဲ့ မေလ၁၂ရက်နောက်ပိုင်း ခရီးသွားဖို လေယာဉ်လက်မှတ် ကြိုတင် ဝယ်ယူထားသူတွေလည်း ပေးဆောင်ရမယ်ဆိုတာကြောင့် သက်ဆိုင်ရာ လေကြောင်းလိုင်းတွေ ဒါမှမဟုတ် ခရီးသွားအေဂျင်စီတွေဆီ ဆက်သွယ်ပြီး ထပ်မံ ပေးဆောင်ရမယ်လို Yangon International Airport ရဲ့ Website မှာ ထုတ်ပြန်ထားပါတယ်။

Related posts

Cover
စက်သုံးဆီ ဝယ်ယူခွင့် ကန့်သတ်ခံရပြီးနောက် တစ်လီတာ ကျပ် ၃၀၀ မှ ၆၀၀ကျော် ဈေးမြင့်တတ်
Mar 14, 2026
Cover
အကျဉ်းထောင်အတွင်းအခက်ခဲများကို ICRC ထံတင်ပြသည့် နိုင်ငံရေးအကျဉ်းသားကို ရိုက်နှက်ပြီး တိုက်ပိတ်ခံရ
Mar 14, 2026
Cover
စက်သုံးဆီ ဝယ်ယူခွင့် QR Code စနစ် ဖြင့် ပြုလုပ်ပြီး တစ်ရက်တစ်ကြိမ်သာ ဝယ်ခွင့်ပြုမည်ဟု စစ်ကော်မရှင်ကြေညာ
Mar 12, 2026
Cover
စုံ/မ ရက် ကားမောင်းစနစ် ချိုးဖောက်ပါက အလုပ်မဲ့ထောင်ဒဏ် ၁လ နှင့် ဒဏ်ငွေကျပ် ၂သောင်း ချမှတ်နိုင်ဟုဆို
Mar 07, 2026
Cover
ဧပြီ ၁ ရက်မှ စ၍ မှတ်ပုံတင်မထားသော မိုဘိုင်းလက်ကိုင်ဖုန်းများ ကျသင့်အခွန်နှင့်ဒဏ်ကြေးပေးရမည်ဟု စစ်ကော်မရှင် ကြေညာ
Mar 07, 2026
Cover
နိုင်ငံရေး အကျဉ်းသား ၃၆၀၀ ကျော်သာ ပြန်လွတ်သေးဟု PPNMထုတ်ပြန်
Mar 03, 2026
Cover
လုပ်သက်၁၀နှစ်နှင့်အထက် စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များကို အထူးထောက်ပံကြေးပေး လစဉ်ပေးမည်ဟုဆို
Mar 03, 2026
Cover
စက်မှုလုပ်ငန်းတွေ ၁ ယူနစ် ၉၀၀ကျပ်နှုန်း နဲ့ ၂၄နာရီမီးသုံးနိုင်ဖို့ လျှောက်ထားနိုင်ပြီလို့ ကြေညာ
Mar 02, 2026