NEWS

ရန်ကုန်မှာ တိုက်ခန်းဝယ်ယူခွင့် စာရွက်စာတမ်းအတုနဲ့ လိမ်လည်မှုတွေရှိလာ

CoverLogo
257 Views
 
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့်အိမ်ရာဖွံဖြိုးရေးဦးစီးဌာန ရဲ့ အခန်းဝယ်ယူခွင့် ပြုတဲ့ အကြောင်း ကြားစာ ကို အတုအပ ပြုလုပ်ပြီး ငွေကြေး လိမ်လည်တာတွေ ပြုလုပ်နေတယ်လို့ စစ်ကော်မရှင် ရဲ့ မြို့ပြနှင့်အိမ်ရာဖွံဖြိုးရေးဦးစီးဌာန သတိပေးထုတ်ပြန်ချက်အရသိရပါတယ်။
 
မြို့ပြနှင့်အိမ်ရာဖွံဖြိုးရေးဦးစီးဌာန ထံ မှ တိုက်ခန်းဝယ်ယူလိုသူတွေ ထံ ကို ဆက်သွယ်ပြီး အခန်းဝယ်ယူခွင့် ပြုကြောင်း အကြောင်းကြားစာကို အတုအပ ပြုလုပ်၍လည်းကောင်း email account အတု ဖွင့်၍ လည်းကောင်း လိမ်လည် ပြီး တိုက်ခန်းရောင်းချကာ ငွေ လွှဲခိုင်းတာတွေ ပြုလုပ်နေတယ်လို သိရပါတယ်။
 
အခုလိုဌာနဆိုင်ရာ ရဲ့ စာရွက်စာတမ်း အတု တွေ ပြုလုပ်ပြီး လိမ်လည်တာတွေကြောင့် နစ်နာဆုံးရှုံးရသူတွေ လည်း များစွာ ရှိနေတယ်လို့ သိရပါတယ်။
 
"တန်ဖိုးနည်းအိမ်ရာ၊ တန်ဖိုးသင့်အိမ်ရာတွေ ဝယ်ဖို့ လျှောက်ထားရတာက လူများတော့ ဝယ်ခွင့်ကိုယ့်အလှည့်ရဖို စောင့်ရတာအတော်လေးကြာတယ် ဒါကို အခွင့်ကောင်းယူပြီး လိမ်ကြတာ အိမ်ရာလျှောက်ထားသူတွေရဲ့အချက်အလက်တွေသိပြီး ဌာနဆိုင်ရာရဲ့စာရွက်စာတမ်းအတု တွေသုံးပြီး လိမ်တာ ဆိုတော့ ကျားဖြန့်လိမ်နည်းတွေ လို့ထင်တယ် တချိုကျတော့လည်း ပိုင်ရှင်မဟုတ်ဘဲ ပွဲစားတွေနဲ့ ပေါင်းပြီး စာရွက်စာတမ်းအတုလုပ် အရစ်ကျတွေရောင်းပြီး လိမ်ခံရတာတွေလည်း ရှိတယ် ဒါကြောင့် တိုက်ခန်း ဝယ်မယ်ဆိုရင် အိုးအိမ်မှာ စာရွက်စာတမ်းအတုအစစ်သေချာစစ်ပြီးမှဝယ်သင့်တယ်""လို့အိမ်ခြံမြေအကျိုးဆောင်လုပ်သူတစ်ဦးကပြောပါတယ်။
 
ရန်ကုန်လိုမြို့ကြီးတွေမှာ အိမ်လခ ဈေးနှုန်းကြီးမြင့်မှုကြောင့် တိုက်ခန်းဝယ်ယူလိုသူများစွာရှိနေပြီး အိုးအိမ်က တည်ဆောက်တဲ့ တန်ဖိုးနည်း၊ တန်ဖိုးလတ်၊ တန်ဖိုးသင့် အိမ်ရာတွေကို ဝယ်ယူလိုသူများစွာရှိနေပြီး ယင်းတို့ကို ဦးတည်ပစ်မှတ်ထားတာ လိမ်လည်လာတာဖြစ်တယ်လို့ သိရပါတယ်။
 
အခုလို လိမ်လည်ငွေကြေးတောင်းခံရာမှာ သက်ဆိုင်ရာ အိမ်ရာဖွံ့ဖြိုးရေးဌာနခွဲ တာဝန်ရှိသူရဲ့ လက်မှတ် နဲ့တကွ တိုက်ခန်းတန်ဖိုးရဲ့ ၃၀ ရာခိုင်နှုန်းကို လွှဲပို့ရမယ့် ဘဏ်စာရင်းကိုပါ တပါးတည်းထည့်သွင်းဖော်ပြထားပါတယ်။
 
စစ်ကော်မရှင်ရဲ့ ဆောက်လုပ်‌ရေးဝန်ကြီး ဌာန၊ မြို့ပြနှင့်အိမ်ရာဖွံဖြိုးရေးမှုဦးစီးဌာနကလည်း အခုလို လိမ်ခံရတာတွေမရှိအောင် သိရှိလိုတာတွေ ကို ဌာနသို လူကိုယ်တိုင် လာရောက်ဆက်သွယ်မေးမြန်းနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။
 
 

Related posts

Cover
စစ်အာဏာသိမ်းမှု ၅နှစ်ပြည့် အတွက်မော်လိုက်အကျဉ်းထောင် တွင် ငြိမ်းချမ်းစွာဆန္ဒပြသည့် အကျဉ်းသူများ တိုက်ပိတ်ခံရ
Feb 02, 2026
Cover
ကုသကာကွယ်ဆေးမရှိသေးတဲ့ ကူးစက်မြန် နီပါဗိုင်းရပ်စ်အတွက် ကာကွယ်ရေးနဲ့ထိန်းချုပ်ရေး အစီစဉ်တွေထုတ်ပြန်လာ
Jan 29, 2026
Cover
လုပ်သား ၃၃၀၀ကျော် အလုပ်အကိုင် ရရှိမည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းသစ် ၂၀ ခု ကို စစ်ကော်မရှင်ခွင့်ပြု
Jan 28, 2026
Cover
ဒိုက်ဦးအကျဉ်းထောင်တွင် ကျန်းမာရေးထိခိုက်စေသည့် အစားသောက်များ ကျွေးပြီး ဆေးဝါးပစ္စည်း ပါဆယ် ပို့မှုကို ပိတ်ပင်နေဟုဆို
Jan 28, 2026
Cover
အဆိုတော်ရှင်မင်းမြတ်ကို ပွဲငှားသယောင် မူဆယ်သို့လိမ်ခေါ်ပြီး ကျားဖြန့်မှ ပြန်ပေးဆွဲကာ ငွေကျပ် သိန်းထောင်ချီတောင်းယူမှုဖြစ်ပွား
Jan 16, 2026
Cover
ပြည်တွင်းရွှေစျေး ကျပ်သိန်း ၁၀၀ ဝန်းကျင်အထိ စံချိန်တင်မြင့်တက်လာ
Jan 14, 2026
Cover
မကွေးအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသား ၃၅ဦးကို ရိုက်နှက်ပြီး ၁လ နီးပါး တိုက်ပိတ်ထား ဟု PPNM ထုတ်ပြန်
Jan 10, 2026
Cover
စစ်ကော်မရှင်မှ အကျဉ်းထောင်နှင့်အချုပ်ထောင်အသီးသီးမှ အကျဉ်းသား ၆၀၀၀ ကျော်ကို လွတ်ငြိမ်းသက်သာခွင့်ပေး
Jan 09, 2026