NEWS

ရန်ကုန်တိုင်းတွင် ဓာတ်ဆီတစ်လီတာကျပ် ၂၁၅ဝနှင့် ငြိမ်သက်ခဲ့ပြီး ဆက်လက်ကျဆင်း

CoverLogo
1.4K Views

ရန်ကုန်တိုင်းတွင် ဓာတ်ဆီတစ်လီတာ ကျပ် ၂၁၅ဝနှင့် ငြိမ်သက်နေခဲ့ပြီး ယနေ့စက်တင်ဘာ၂၇ရက်မှာတော့ ကျပ်၂၀၇၀ သို့ ဆက်လက်ကျဆင်းလာတယ်လို့  စက်သုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီး ကြပ်မှုကော်မတီရဲ့ ရည်ညွှန်းစျေးနှုန်းအရ သိရပါတယ်။

''စက်သုံးဆီက ၂၀၇၀ ဆိုတော့အတော်လေးကျလာတယ်။ နဲနဲအသက်အရှူချောင်သေးတာပေါ့။ အရင်ကကယ်ရီဆွဲရင် ဆီဖိုးငါးထောင်ထည့်ပီး မကျန်တော့ဘူး။ ခုနဲနဲအသက်ရှုချောင်သေးတာပေါ့'' ​လို့ဆိုင်ကယ်ရီမောင်းနှင်သူတစ်ဦးက ဆိုပါတယ်။

စက်တင်ဘာ ၂၆ ရက်​နေ့က စက်သုံးဆီ စျေးနှုန်းများအရ ရန်ကုန်တွင် ၉၂ တစ်လီတာ ကျပ်၂၁၅၀၊ ၉၅ တစ်လီတာ ကျပ်၂၂၂၅၊ ရိုး ရိုးဒီဇယ်တစ်လီတာ ကျပ် ၂၆၄၅၊ ပရီမီယံ ဒီဇယ်တစ်လီတာ၂၇၃၀ ကျပ်ဖြစ်ခဲ့ပြီး အဆိုပါကျစျေးနဲ့ငြိမ်သက်နေခဲ့ရာမှ ယနေ့စက်တင်ဘာ၂၇ရက်နေ့မှာတော့ ၉၂တစ်လီတာ ၂၀၇၀၊ ၉၅တစ်လီတာ ၂၁၉၀ကျပ်သို့ ကျဆင်းလာတာကြောင့်စက်သုံးဆီစျေးနှုန်းတွေဟာ  ၉၂ နှင့် ၉၅ တို့မှာ တစ်လီ တာ ၁၈၅ ကျပ်စီ၊ ရိုးရိုးဒီဇယ်နှင့် ပရီမီယံဒီဇယ် တို့မှာ တစ်လီတာ ၃၅ ကျပ်စီ ကျဆင်းလာတာဖြစ်ပါတယ်။

စစ်​ကောင်စီဗဟိုဘဏ်က ငွေလဲနှုန်း တစ်ဒေါ်လာလျှင် ကျပ် ၂၁၀၀ သို့ တိုးမြှင့်သတ်မှတ်လိုက်ပြီးနောက် စက်သုံးဆီစျေးနှုန်းတွေနဲ့အတူ ကုန်
စျေးနှုန်းတွေဟာ  မြင့်တက်လာခဲ့တာဖြစ်ပါတယ်။

စက်သုံးဆီကို စင် ကာပူနိုင်ငံ၊ မလေးရှားနိုင်ငံနှင့် ကိုရီးယား နိုင်ငံ တို့မှ အဓိကတင်သွင်းနေခြင်း​ဖြစ်ပြီး
လက်ရှိတွင် ရုရှားနိုင်ငံမှ စက်သုံး ဆီများကို တင်သွင်းရန် စီစဉ်လျက်ရှိပြီး ရုရှား ရူဘယ်ငွေကြေးနှင့် ပေးချေရန် စီစဉ်လျက်ရှိတယ်လို့ စစ်ကောင်စီက ပြောထားပါတယ်။

MyanmarLabourNews


Related posts

Cover
အမျိုးသမီးများကို ​ငွေ​ကြေးနှင့် စည်းရုံးပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်ခဲ့သူ ၂ ဦးကို ထောင် ၁၅ နှစ်စီချ
May 25, 2026
Cover
လူ ၄ ဦးတွင် ၁ဦးဆာလောင်မွတ်သိပ်နေဟု WFP ထုတ်ပြန်
May 19, 2026
Cover
မူဆယ်တွင် လစာကောင်းသည့် အလုပ်ရမည်ဆိုသဖြင့်ရောက် သွားသည့် ၁၇ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး ပျောက်ဆုံးနေ
May 19, 2026
Cover
လ၀က ဝန်ထမ်းများ ငွေကြေးယူပါက အထောက်အထားအပြည့်စုံဖြင့် တိုင်လျှင် ထိရောက်စွာ အရေးယူမည်ဟု ကြေညာ
May 19, 2026
Cover
ရွှေဈေးပြန်ကျ စက်သုံးဆီ စားသုံးဆီနဲ့ နိုင်ငံခြားငွေဈေး အကျမရှိအတက်ဈေးနဲ့ငြိမ်နေ
May 17, 2026
Cover
မေလ ၁ ရက်နေ့ကစပြီး ပြည်တွင်းအခွန်တိုးမြှင့်ကောက်မယ့်ကြေညာချက်ကြောင့် ကုန်ဈေးနှုန်းတွေပိုတက်လာနိုင်၊ တရက်အခြေခံလုပ်အားခကျပ် ၄၈၀၀ မှာသာရှိနေဆဲ
Apr 24, 2026
Cover
ထန်းတပင်မြို့နယ် ကျေးရွာများတွင် စစ်မှုထမ်းကြေး လစဉ် ကောက်ခံနေ
Mar 31, 2026