NEWS

ရန်ကုန်တိုင်း ဒလ-ကွမ်းခြံကုန်း-ကော့မှူး-တွံ့တေးမြို့အဝင်အထွက်လမ်းကို စစ်တပ်ကပိတ်ဆို့ထားပြီး ရွာအချို့ကိုဝင်ရောက်စီးနင်း နေပြီးဖမ်းဆီး ခံရမှု့များရှိနေ

CoverLogo
1.7K Views

ယမန်​နေ့ကစပြီး မြို့အဝင်အထွက်လမ်းတွေကိုစစ်တပ်ကပိတ်ဆို့ထားတဲ့ ရန်ကုန်တိုင်းထဲက ကွမ်းခြံကုန်း-ကော့မှူးနဲ့တွံတေးမြို့နယ်ထဲကရွာအချို့စီးနင်းခံရပြီး ဖမ်းဆီးခံရသူတွေလဲရှိနေတယ်လို့မြေပြင်သတင်းပေးပို့ချက်တွေအရ MLN ကသိရပါတယ်။

တွံ့တေးမြို့နယ်ထဲကစမ်းရွာကို ဒီကနေ့မနက်ထဲကစစ်ကောင်စီတပ်တွေဝင်ရောက်ပိတ်ချလိုက်ပြီး ဝင်ရောက်စီးနင်းကာအိမ်ပေါက်စေ့ အသက်မပြည့်သေးသူတွေကလွဲရင်ယောကျာ်းလေးတွေနဲ့အမျိုးသမီးတွေကိုပါဆွဲချဖမ်းဆီးနေတာတွေရှိနေတယ်လို့ဆိုပါတယ်။

ဒေသတွင်းသတင်းအချက်အလက်တွေအရ
တွံတေးနယ်၊ ကံဘဲ့ရွာတွင် အခြေချနေသည့် စစ်ကောင်စီတပ်မှ ဗိုလ်မှူးအဆင့်ရှိသူနှင့် တပ်သား ၁၁ ယောက် ကိုင်ဆောင်လက်နက်များနှင့်အတူ နိုဝင်ဘာလ ၂၁ ရက် ယနေ့နံနက်အစောပိုင်းက ထွက်ပြေးမှုဖြစ်ပွားကြောင်း၊၎င်းထွက်ပြေးစစ်သားများနောက်သို့ အပူတပြင်းလိုက်လံရှာဖွေနေကြကာ လက်ရှိ လမ်းပိတ်စစ်ဆေးမှုတွေလည်းပြုလုပ်နေတယ်လို့ ထုတ်ပြန်ပြောဆိုနေတာတွေရှိပေမယ့် MLN ကသီးခြားအတည်ပြုချက်တော့ရယူနိုင်ခြင်းမရှိသေးပါဘူး။

အဆိုပါစမ်းရွာအနီးမှာရှိတဲ့မိုင်တဲတာဝါတိုင်အစောင့် ၂ ယောက်ယမန်နေ့ကပဲပစ်ခတ်ခံရလို့နေရာမှာတင်ပွဲချင်းပြီးသေဆုံးထားပါသေးတယ်။

စစ်ကောင်စီအုပ်ချုပ်ရေးပိုင်းကတော့ဒီလိုပိတ်ဆို့စစ်ဆေးနေတာဟာပြည်သူ့ရာကွယ်ရေးတပ်တွေရှိနေတာကြောင့်လုပ်တာဖြစ်တယ်လို့ရပ်ရွာတွင်းသတင်းတွေထုတ်လွှင့်နေတယ်လို့ဒေသခံတွေကဆိုပါတယ်။


Related posts

Cover
အမျိုးသမီးများကို ​ငွေ​ကြေးနှင့် စည်းရုံးပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်ခဲ့သူ ၂ ဦးကို ထောင် ၁၅ နှစ်စီချ
May 25, 2026
Cover
လူ ၄ ဦးတွင် ၁ဦးဆာလောင်မွတ်သိပ်နေဟု WFP ထုတ်ပြန်
May 19, 2026
Cover
မူဆယ်တွင် လစာကောင်းသည့် အလုပ်ရမည်ဆိုသဖြင့်ရောက် သွားသည့် ၁၇ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး ပျောက်ဆုံးနေ
May 19, 2026
Cover
လ၀က ဝန်ထမ်းများ ငွေကြေးယူပါက အထောက်အထားအပြည့်စုံဖြင့် တိုင်လျှင် ထိရောက်စွာ အရေးယူမည်ဟု ကြေညာ
May 19, 2026
Cover
ရွှေဈေးပြန်ကျ စက်သုံးဆီ စားသုံးဆီနဲ့ နိုင်ငံခြားငွေဈေး အကျမရှိအတက်ဈေးနဲ့ငြိမ်နေ
May 17, 2026
Cover
မေလ ၁ ရက်နေ့ကစပြီး ပြည်တွင်းအခွန်တိုးမြှင့်ကောက်မယ့်ကြေညာချက်ကြောင့် ကုန်ဈေးနှုန်းတွေပိုတက်လာနိုင်၊ တရက်အခြေခံလုပ်အားခကျပ် ၄၈၀၀ မှာသာရှိနေဆဲ
Apr 24, 2026
Cover
ထန်းတပင်မြို့နယ် ကျေးရွာများတွင် စစ်မှုထမ်းကြေး လစဉ် ကောက်ခံနေ
Mar 31, 2026
Cover
တစ်လအတွင်း စက်သုံးဆီ တစ်လီတာကျပ်၂၀၀၀ မှ ၃၀၀၀ ကျော်အထိ ဈေးတက်
Mar 27, 2026