NEWS

ရက်လွန်အသားချောင်းထုတ်တွေစားမိရာမှ ကလေးငယ်၂ဦးသေဆုံး၊ ၁၇ဦးဆေးရုံရောက်

CoverLogo
3.2K Views

ရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ဘုရားသုံးဆူမြို့မှာ စည်ပင်ကစွန့်ပစ်ခဲ့တဲ့အမှိုက်ပုံထဲက ရရှိတဲ့ထိုင်းနိုင်ငံထုတ်လုချောင်းခေါ်ရက်လွန်အသားချောင်းထုတ်တွေစားမိတဲ့အတွက်အသက် ၃ နှစ် ၆ လ အရွယ်မိန်းကလေးတဦးနဲ့ နောက်ထပ်ကလေးငယ်တဦးသေဆုံးခဲ့တဲ့အပြင်ကလေးငယ် ၁၇ ဦးလည်းဆေးရုံတင်လိုက်ရပါတယ်။

ကလေးငယ်တွေဟာစားသောက်ပြီးနောက်အန်တာနှုတ်ခမ်းတွေပြာလာရာကနေ အခုလိုသေဆုံးတဲ့အထိဖြစ်ခဲ့တာလို့ဒေသခံတွေကဆိုပါတယ်။

"အဲ့အမျိုးသမီးကခါတိုင်းလဲ သွားရည်စာရောင်းတာပိုရင်အဲ့လိုပဲကလေးတွေတွေမျှကြွေးနေကျ အဲ့နေ့တုန်းကအဲ့အမှိုက်ပုံကနေသူတယောက်ထဲကိုအများကြီးကောက်သွားတာတဲ့ ကျမတို့ကိုတောင်ဘတ်၅၀နဲ့လာရောင်းတာတအားတန်နေလို့မသက်ာတာနဲ့မယူလိုက်တာ"လို့ဒေသခံတဦးကMyanmar Labour News ကိုပြောပါတယ်။

အခင်းဖြစ်ပွားခဲ့တဲ့နေရာဟာ ဘုရားသုံးဆူမြို့မှာလက်လုပ်လက်စားများပြီးနွမ်းပါတဲ့နေရာတခုဖြစ်တဲ့အမှတ်၁ရပ်ကွက်ဂေါက်ကွင်းနားကဖြစ်တယ်လို့အဆိုပါဒေသခံကဆိုပါတယ်။

"သူကမြို့ပတ်ပြီးစျေးပေါပေါနဲ့ရောင်းတော့ဝယ်တဲ့သူကဝယ်ကြတာပေါ့ဒီမနက်ပဲဝယ်ပြီးကလေးကိုကျွေးမိတဲ့အိမ်ကကလေးတယောက်ဆုံးတယ် ဘယ်ကလာပစ်သလဲတော့ကျမတို့လဲမသိရဘူး"လို့ဒေသခံတဦးကပြောပါတယ်။

အွန်လိုင်းပေါ်မှာတော့ယခုကလေးများစားသုံးခဲ့မိတဲ့အသားချောင်းထုတ်တွေဟာစားသုံးဖို့မသင့်တဲ့အထဲမှာပါရှိပြီးတော့၂ရက်ထက်ကျော်လွန်ရင်စားသုံးဖို့မသင့်တော့ဘူးလို့ကျန်းမာရေးပညာရှင်တွေကမှတ်ချက်ပေးထားပါတယ်။

"ပစ်ထားတဲ့ပစ္စည်းကိုမှကောက်ပီးရောင်းတဲ့သူကိုအသိနည်းပြီး ကိုယ်ရလိုမှုတစ်ခုကိုပဲကြည့်လို့မြို့ကလူတွေအားလုံးကဒေါသဖြစ်နေတယ် ဆုံးသွားတဲ့ကလေးတွေအတွက်ယူကြုံးမရဖြစ်တယ်"လို့လဲဘုရားသုံးဆူမြို့ခံတဦးကဆိုပါတယ်။

ဆုံးပါးသွားတဲ့ကလေးငယ်နှစ်ဦးအပါအဝင်ဆေးရုံတင်လိုက်ရတဲ့ကလေးတွေရဲ့မိသားစုဝင်တွေဟာနွမ်းပါးသူတွေဖြစ်တဲ့အတွက်ပြည်သူတွေအနေနဲ့တက်စွမ်းသမျှကူညီပေးကြဖို့လဲမြို့ခံတွေကတိုက်တွန်းပါတယ်။

ကလေးတွေကိုကျွေးမွေးပြီးရောင်းချခဲ့တဲ့အမျိုးသမီးကိုတော့ယမန်နေ့ကပဲစစ်ကောင်စီတပ်ဖွဲ့ဝင်ရဲတွေသွားရောက်စစ်ဆေးခဲ့တယ်လို့သိရပါတယ်။


Related posts

Cover
အမျိုးသမီးများကို ​ငွေ​ကြေးနှင့် စည်းရုံးပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်ခဲ့သူ ၂ ဦးကို ထောင် ၁၅ နှစ်စီချ
May 25, 2026
Cover
လူ ၄ ဦးတွင် ၁ဦးဆာလောင်မွတ်သိပ်နေဟု WFP ထုတ်ပြန်
May 19, 2026
Cover
မူဆယ်တွင် လစာကောင်းသည့် အလုပ်ရမည်ဆိုသဖြင့်ရောက် သွားသည့် ၁၇ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး ပျောက်ဆုံးနေ
May 19, 2026
Cover
လ၀က ဝန်ထမ်းများ ငွေကြေးယူပါက အထောက်အထားအပြည့်စုံဖြင့် တိုင်လျှင် ထိရောက်စွာ အရေးယူမည်ဟု ကြေညာ
May 19, 2026
Cover
ရွှေဈေးပြန်ကျ စက်သုံးဆီ စားသုံးဆီနဲ့ နိုင်ငံခြားငွေဈေး အကျမရှိအတက်ဈေးနဲ့ငြိမ်နေ
May 17, 2026
Cover
မေလ ၁ ရက်နေ့ကစပြီး ပြည်တွင်းအခွန်တိုးမြှင့်ကောက်မယ့်ကြေညာချက်ကြောင့် ကုန်ဈေးနှုန်းတွေပိုတက်လာနိုင်၊ တရက်အခြေခံလုပ်အားခကျပ် ၄၈၀၀ မှာသာရှိနေဆဲ
Apr 24, 2026
Cover
ထန်းတပင်မြို့နယ် ကျေးရွာများတွင် စစ်မှုထမ်းကြေး လစဉ် ကောက်ခံနေ
Mar 31, 2026
Cover
တစ်လအတွင်း စက်သုံးဆီ တစ်လီတာကျပ်၂၀၀၀ မှ ၃၀၀၀ ကျော်အထိ ဈေးတက်
Mar 27, 2026