NEWS

မြို့နယ်အချို့ကို ကုန်ပစ္စည်းပို့ဆောင်မှု စစ်ကောင်စီ ကန့်သတ်

CoverLogo
391 Views
 
တိုင်းဒေသကြီးနဲ့ ပြည်နယ် အချို့ရှိ မြို့နယ် တွေ ကို Delivery ဝန်ဆောင်မှု လုပ်ငန်းတွေ အနေနဲ့ ကုန်ပစ္စည်း အမျိုးစား အလိုက် ပို့ဆောင်မှု ကန့်သတ်လိုက်တယ်လို့ Delivery ပို့ဆောင်ရေး လုပ်ကိုင်သူတွေထံမှ သိရပါတယ်။
 
စစ်ကိုင်းတိုင်း ၊ မကွေးတိုင်း ၊ ပဲခူးတိုင်း ၊ မော်လမြိုင် ၊နေပြည်တော်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်း ၊ပြင်ဦးလွင် စတဲ့ဒေသတွေကမြိုနယ်အချို့ကို လျှပ်စစ်ပစ္စည်း၊ ဆေးဝါး၊ အလှကုန်ပစ္စည်းအပါအဝင်ကုန်ပစ္စည်းအများစု တင်ပို့ခွင့် တားမြစ်လိုက်တာဖြစ်တယ်လို့ သိရပါတယ်။
 
ဆိုလာ ၊ လျှပ်စစ်ပစ္စည်းအမျိုးမျိုး ၊ အလှကုန်အမျိုးမျိုး ၊ ဆေးဝါး ၊ မီးစက်၊ ခြေညှပ်ဖိနပ်၊ အုန်းနို့၊ဘတ္ထရီ၊ ဆိုဒီယမ်ဆိုင်ယာနိုက်၊ ဆေး၊ အမွှေးတိုင်၊ ဖျာ၊ လက်ကိုင်ဖုန်း၊ ခေါက်ဆွဲ၊ ကြာဇံ၊ ကားတာယာ၊ ချိုချဥ်၊ ဘီစကစ်၊ ပဲငံပြာရည် ၊ကော်ဖီစေ့နဲ့အမှုန့် ၊ လက်ဖက်ခြောက်၊ လူကြီးဒိုက်ဘာ၊သစ်သီးမျိုးစုံ၊ သွားတိုက်ဆေးနဲ့သွားတိုက်တံ၊ ဆပ်ပြာ၊ ငှက်သိုက်၊ တစ်ရှူး၊ အင်ဂျင်ဝိုင်၊ ကြက်အူချောင်း ၊မီးလုံး၊ လျှပ်စစ်စက်ဘီး၊ မယ်လမင်း၊ အသင့်သောက်နို့၊ ဒိန်ချဥ်၊ ဓာတ်ခဲ၊ တာယာ၊ ကျွတ်၊ပရုတ်လုံး ၊ ပလပ်စတစ်ခြင်း/ပုံးခွက် ၊ပါဝါဘန့် တို့ကို ပို့ခွင့်တားမြစ်ထားတာ ဖြစ်တယ်လို့သိရပါတယ်။
 
""အခုကအွန်လိုင်းဈေးရောင်းသူတွေအနေနဲ့ ပစ္စည်းပို့မယ်ဆိုရင် အိတ်အမဲနဲ့ ထုတ်ပိုးပေးတာမျိုးမရဘူး ကန့်သတ်ထားတဲ့ မြို့မဟုတ်ရင်တောင်ဥပမာ ရန်ကုန်ကနေ တောင်ကြီးပို့မယ်ဆိုရင် 3KG ပဲ လက်ခံမယ်၊ ရန်ကုန် မြို့အတွင်းထဲဆိုရင် 10KGပဲ ရမယ် လို့ Delivery ပိုတဲ့ ကုမ္ပဏီတွေက ကြေညာထားတယ် ကားဂိတ်တွေကတော့ အခုထိတော့ ပိုလို့ရသေးတယ်""လို့အွန်လိုင်းမှဈေးရောင်းချနေသူတစ်ဦးကပြောပါတယ်။
 
အခုလို Delivery ဝန်ဆောင်မှုလုပ်ငန်း တွေ က ပစ္စည်းပိုဆောင်မှုကန့်သတ် လိုက်တဲ့ အတွက် အွန်လိုင်းမှဈေးရောင်းချသူတွေနဲ့ဈေးဝယ်ယူသူတွေ မှာ အခက်ခဲ တွေ ဖြစ်ပေါ် နေတယ်လို့သိရပါတယ်။
 
""အခုလို ဗြုန်းစားကြီး မြို့နယ် တွေ ကို ပစ္စည်းမပို့ရလို့ကန်သတ်လိုက်တော့ အရင်မှာထားတဲ့သူတွေကို ပို့ဖို့ ကုန်ပစ္စည်း တွေ လက်ထဲ မှာ အများကြီး ကျန်သွားတယ် အချို့ပစ္စည်း ပို့ထားတာတွေ Return ပြန်လာတာ တွေ ကို လည်း Return Feesပေးဆောင်ရမယ် ဆိုတော့ အွန်လိုင်းဈေးရောင်းသူတွေ နစ်နာမှုတွေများတာပေါ့ အွန်လိုင်းကနေ ဈေးရောင်းတဲ့ အလုပ်ကို ဆက်လုပ်ရမလား မလုပ်ရမလား စဉ်းစားနေရပြီ""လို အွန်လိုင်းမှဈေးရောင်းချနေသူတစ်ဦးကပြောပါတယ်။
 
စစ်ကောင်စီအနေနဲ့ ပြည်တွင်း သယ်ယူပိုဆောင်ရေးကဏ္ဍကို တင်းကြပ်ပြီး ကန့်သတ်မှုတွေပြုလုပ်သလို ပြည်ပကနေ လေကြောင်းကနေတဆင့် ကုန်ပစ္စည်းတင်သွင်းမှုကိုလည်း စစ်ဆေးမှုတင်းကြပ်ထားပြီး တကိုယ်ရည်သုံးပစ္စည်းပမာထက်ကျော်လွန်ပါက အခွန်ပေးဆောင်ခိုင်းခြင်း၊ အခွန်ပေးဆောင်ခြင်းမရှိပါက တကိုယ်ရည်သုံး ပမာဏထက်ပိုပြီးတင်သွင်းလာတဲ့ ပစ္စည်းတွေကို လေဆိပ်ရှိ အကောက်ခွန်ဌာနက သိမ်းဆည်းမှုတွေပြုလုပ်နေတယ်လို့သိရပါတယ်။

Related posts

Cover
အမျိုးသမီးများကို ​ငွေ​ကြေးနှင့် စည်းရုံးပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်ခဲ့သူ ၂ ဦးကို ထောင် ၁၅ နှစ်စီချ
May 25, 2026
Cover
လူ ၄ ဦးတွင် ၁ဦးဆာလောင်မွတ်သိပ်နေဟု WFP ထုတ်ပြန်
May 19, 2026
Cover
မူဆယ်တွင် လစာကောင်းသည့် အလုပ်ရမည်ဆိုသဖြင့်ရောက် သွားသည့် ၁၇ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး ပျောက်ဆုံးနေ
May 19, 2026
Cover
လ၀က ဝန်ထမ်းများ ငွေကြေးယူပါက အထောက်အထားအပြည့်စုံဖြင့် တိုင်လျှင် ထိရောက်စွာ အရေးယူမည်ဟု ကြေညာ
May 19, 2026
Cover
ရွှေဈေးပြန်ကျ စက်သုံးဆီ စားသုံးဆီနဲ့ နိုင်ငံခြားငွေဈေး အကျမရှိအတက်ဈေးနဲ့ငြိမ်နေ
May 17, 2026
Cover
မေလ ၁ ရက်နေ့ကစပြီး ပြည်တွင်းအခွန်တိုးမြှင့်ကောက်မယ့်ကြေညာချက်ကြောင့် ကုန်ဈေးနှုန်းတွေပိုတက်လာနိုင်၊ တရက်အခြေခံလုပ်အားခကျပ် ၄၈၀၀ မှာသာရှိနေဆဲ
Apr 24, 2026
Cover
ထန်းတပင်မြို့နယ် ကျေးရွာများတွင် စစ်မှုထမ်းကြေး လစဉ် ကောက်ခံနေ
Mar 31, 2026
Cover
တစ်လအတွင်း စက်သုံးဆီ တစ်လီတာကျပ်၂၀၀၀ မှ ၃၀၀၀ ကျော်အထိ ဈေးတက်
Mar 27, 2026