NEWS

မြို့ကြီး၁၅မြို့ တွင် မြစ်ရေစိုးရိမ်ရေမှတ်ကျော်လွန်ရောက်ရှိနေ မြစ်ကမ်းအနီးနှင့်မြေနိမ့်ပိုင်းသူများအထူးသတိပြုနေထိုင်ဖို့ မိုးဇလ အသိပေး

CoverLogo
411 Views
ဧရာဝတီမြစ်၊ ချင်းတွင်းမြစ်၊ ဒုဠဝတီမြစ်၊ နန့်ယင်းချောင်းနဲ့နန့်ကောင်းချောင်း တို့မှ ရေတွေ ဟာ မြို့ကြီး ၁၅မြို့မှာ စိုးရိမ်ရေမှတ်ကို ကျော်လွန် ရောက်ရှိနေတယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ရဲ့ ဇူလိုင်၉ရက် မနက်၉နာရီ အချိန် ထုတ်ပြန်ချက်အရ သိရပါတယ်။
ဗန်းမော်မြို့၊ ရွှေကူမြို့၊ ကသာမြို့၊ သပိတ်ကျင်းမြို့၊စစ်ကိုင်းမြို့၊မန္တလေးမြို့၊ခန္တီးမြို့၊ ဟုမ္မလင်းမြို့၊ဖောင်းပြင်မြို့၊မော်လိုက်မြို့၊ကလေး၀မြို့၊မင်းကင်းမြို့၊မုံရွာမြို့၊မြစ်ငယ်မြို့နဲ့ မိုးကောင်း မြို့တို့ရဲ့ စိုးရိမ်ရေမှတ် ထက် ကို ကျော်လွန်ရောက်ရှိနေတယ်လို့ ဆိုပါတယ်။
ယင်းမြို့၁၅မြို့ထဲ မှ ခန္တီးမြို့၊ဖောင်းပြင်မြို့နဲ့ မော်လိုက်မြို့ တို့ မှာ ချင်းတွင်းမြစ်ရေ ဟာ စိုရိမ်ရေမှတ်ထက် ၈ပေခွဲ မှ၉ပေအထိ မြင့်တက်နေတယ်လို့ သိရပါတယ်။
ဧရာဝတီ မြစ်ရေ ကတော့ ဗန်းမော်၊ရွှေကူ၊ကသာ၊သပိတ်ကျင်း၊နဲ့ စစ်ကိုင်းမြို့တို့မှာ စိုးရိမ်ရေမှတ်ထက် ၂ပေ ကနေ ၃ပေကျော် အထိ မြင့်တတ်နေပြီးမန္တလေးမြို့မှာတော့ ပေဝက်ခန့်(၁၁စင်တီမီတာ)ကျော်လွန်ရောက်ရှိကာ ၂၄နာရီ အတွင်း ၁ပေခွဲခန့် ဆက်လက်မြင့်တတ်လာမယ်လို့ ဆိုပါတယ်။
ထို့ကြောင့် ဗန်းမော်မြို့နယ်၊ရွှေကူမြို့နယ်၊ကသာမြို့နယ်၊သပိတ်ကျင်းမြို့နယ်၊စစ်ကိုင်းမြို့နယ်၊မန္တလေးမြို့နယ်၊ခန္တီးမြို့နယ်၊ဟုမ္မလင်းမြို့နယ်၊ဖောင်းပြင်မြို့နယ်၊မော်လိုက်မြို့နယ်၊ကလေးဝမြို့နယ်၊မင်းကင်းမြို့နယ်၊မုံရွာမြို့နယ်၊မြစ်ငယ်မြို့နယ်နဲ့ မိုးကောင်း မြို့နယ် အတွင်းရှိ မြစ်ကမ်းအနီးနဲ့မြေနိမ့်ပိုင်းတွေမှာနေထိုင်သူတွေအနေနဲ့ အထူးသတိပြုနေထိုင်ဖို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန က အသိပေးထားပါတယ်။
Gmail Link- myanmarlabournews@gmail.com

Related posts

Cover
စားအုန်းဆီဖြန့်ဝေမှုကန့်သတ်လိုက်လို့ ပြည်သူတွေ ဆီဈေးကြီးလာတဲ့ဒဏ်ခံနေရ
Aug 07, 2026
Cover
စက်သုံးဆီဈေး အကျဘက်ရောက်နေပေမယ့် ဆီဝယ်မရတဲ့ပြဿနာကြုံ​နေရ
Aug 07, 2026
Cover
ရန်ကုန်တိုင်းအတွက် စစ်မှုထမ်းရန် လှိုင်သာယာတွင်အဓိကလူစုဆောင်းခံနေရ
Jun 25, 2026
Cover
အမျိုးသမီးများကို ​ငွေ​ကြေးနှင့် စည်းရုံးပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်ခဲ့သူ ၂ ဦးကို ထောင် ၁၅ နှစ်စီချ
May 25, 2026
Cover
လူ ၄ ဦးတွင် ၁ဦးဆာလောင်မွတ်သိပ်နေဟု WFP ထုတ်ပြန်
May 19, 2026
Cover
မူဆယ်တွင် လစာကောင်းသည့် အလုပ်ရမည်ဆိုသဖြင့်ရောက် သွားသည့် ၁၇ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး ပျောက်ဆုံးနေ
May 19, 2026
Cover
လ၀က ဝန်ထမ်းများ ငွေကြေးယူပါက အထောက်အထားအပြည့်စုံဖြင့် တိုင်လျှင် ထိရောက်စွာ အရေးယူမည်ဟု ကြေညာ
May 19, 2026
Cover
ရွှေဈေးပြန်ကျ စက်သုံးဆီ စားသုံးဆီနဲ့ နိုင်ငံခြားငွေဈေး အကျမရှိအတက်ဈေးနဲ့ငြိမ်နေ
May 17, 2026