NEWS

မြန်မာ့ရွှေဈေး ၃ရက်အတွင်း ကျပ် ၅သိန်းနီးပါး ခုန်တက်

CoverLogo
609 Views
 
မြန်မာ့ရွှေဈေးဟာ ဒီကနေ့ ဧပြီ ၁၁ရက် မနက်ပိုင်းမှာ ရွှေတစ်ကျပ်သားကျပ်သိန်း ၇၃သိန်း အထိ ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။ ဒီပေါက်ဈေးက ၃ရက်အတွင်း တကျပ်သားကို ကျပ် ၅သိန်း နီးပါးအထိ ဈေးခုန်တက်ခဲ့တာလို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။
“ရွှေဈေး ဒီရက်အတွင်းမှာ ၅သိန်းနီးပါးအထိခုန်တက်လာတယ်။ တစ်ရက်တည်းမှာကို ၃သိန်းလောက် အထိ တက်လာတာ။ မနေ့က တကျပ်သား တစ်သိန်းကျော်တက်တယ်။ တစ်နေ့က ၉သောင်းကျော်တက်တယ်။ ဒီအခြေအနေမှာ ဝယ်ပါရောင်းပါပြောရခက်တဲ့အချိန်ပါ”လို့ ရွှေဈေးခန့်မှန်းသူတစ်ဦးက ပြောပါတယ်။
မြန်မာ့အခေါက်ရွှေဈေးဟာ ဧပြီ ၈ရက်က တစ်ကျပ်သား ၆,၈၁၀,၀၀၀ ၊ ဧပြီ ၉ရက်မှာတော့ ၆,၉၄၀,၀၀၀ ၊ ဧပြီ ၁၀ရက်မှာ ၇,၀၂၀,၀၀၀ ဈေးဖြစ်ခဲ့ပြီး ဒီကနေ့ ဧပြီ ၁၁ရက် မနက်ပိုင်းမှာတော့ ၇,၃၀၀,၀၀၀ မြင့်တက် နေတာ ဖြစ်ပါတယ်။ ၁၅ပဲရည် ရွှေဈေးကတော့ တစ်ကျပ်သား ၆၅သိန်းကျော်ကနေ ဒီကနေ့မှာ ၆,၈၇၀,၀၀၀ အထိ မြင့်တက်နေပါတယ်။
ကမ္ဘာ့ရွှေဈေးဟာ ဧပြီ၈ရက်က တစ်အောင်စလျှင် ၂၉၉၇ဒေါ်လာရှိခဲ့ရာကနေ ဒီကနေ့ ဧပြီ ၁၁ရက်မှာတော့ ၃၂၁၈ ဒေါ်လာအထိ ဆက်တိုက် မြင့်တက်လာနေတာတွေ့ရပါတယ်။ ကမ္ဘာ့ရွှေဈေး မြင့်တက်လာတာနဲ့အတူ မြန်မာ့ရွှေဈေးနှုန်းတွေ မြင့်တက်လာပေမဲ့ ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များ အသင်းကတော့ ဧပြီ ၈ရက်ကနေ ဒီကနေ့ဧပြီ ၁၁ရက် အထိ ၅၆သိန်းတစ်သောင်းနဲ့ ၃ရက်အတွင်းကျပ်တစ်သောင်းသာမြင့်တက်ပြီး သတ်မှတ်ပေးထားတာတွေ့ရပါတယ်။
Photo- Credit

Related posts

Cover
ထန်းတပင်မြို့နယ် ကျေးရွာများတွင် စစ်မှုထမ်းကြေး လစဉ် ကောက်ခံနေ
Mar 31, 2026
Cover
တစ်လအတွင်း စက်သုံးဆီ တစ်လီတာကျပ်၂၀၀၀ မှ ၃၀၀၀ ကျော်အထိ ဈေးတက်
Mar 27, 2026
Cover
မြန်မာအပါအဝင်ရွှေ့ပြောင်းလုပ်သားတွေ အတွက် ထိုင်းမှာ သင်္ကြန်ကာလအသိပေးချက်ထုတ်
Mar 27, 2026
Cover
လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသူများ လွတ်လပ်စွာ လှုပ်ရှားသွားလာခွင့် ကန့်သတ်ခံထားရ
Mar 26, 2026
Cover
ပဲခူးမြို့နယ် အတွင်း စက်သုံးဆီ ထုတ်ယူခွင့်စာအုပ်ပြုလုပ်ပေးဖို့ဆိုကာ အုပ်ချုပ်ရေးမှူးရုံးများတွင်စာရင်းပေးသွင်းခိုင်း
Mar 24, 2026
Cover
တရုတ်ဇနီးမယား ပြုလုပ်ရန်ငွေဖြင့် စည်းရုံး ပို့​ဆောင်သူအား ထောင် ၁၀ နှစ်ချ
Mar 24, 2026
Cover
အဝေးပြေးကားလက်မှတ်ဈေးနှစ်ဆကျော် မြင့်တက် သင်္ကြန်အတွက် ကြိုဖြတ်ထားသည့် လက်မှတ်များ ဆီပြတ်ပါက ငွေပြန်အမ်းမည်ဟုဆို
Mar 23, 2026
Cover
လေယာဉ်ဆီ အခက်ခဲကြောင့် ပြည်တွင်း လေကြောင်းလိုင်း ခရီးစဉ်အချို့ ဖျက်သိမ်း
Mar 23, 2026