NEWS

မြန်မာနိုင်ငံရှိ လူငယ် အမျိုးသမီးများ အလုပ်လုပ်ဖို့ အတားဆီးများစွာ ရင်ဆိုင်နေရဟုဆို

CoverLogo
370 Views
 
မြန်မာနိုင်ငံရှိ လူငယ်အမျိုးသမီးတွေဟာ အလုပ်လုပ်ကိုင်ဖို့အတွက် အတားဆီးများစွာနဲ့ရင်ဆိုင်နေရတယ်လို့ ကုလသမဂ္ဂဖွံဖြိုးမှုအစီစဉ် (UNDP Manmar )ကအောက်တိုဘာ ၃ ရက်မှာ ထုတ်ပြန်ပါတယ်။
 
ပြည်တွင်းက အမျိုးသမီးငယ်တွေဟာ လူငယ်အမျိုးသားတွေထက် ဝင်ငွေလစာနည်းပါးခြင်း၊အလုပ်အကိုင်အခွင့်လမ်းနည်းပါးခြင်းနဲ့ အိမ်တွင်းကန့်သက်ချက်စတဲ့ သုံးထပ်ကွမ်းခွဲခြားဆက်ဆံမှု နဲ့ရင်ဆိုင်နေရတယ်လို့ ထုတ်ပြန်ချက်မှာဖေါ်ပြထားပါတယ်။
 
လူငယ်အမျိုးသားတွေရဲ့ ဝင်ငွေလစာ ရရှိမှုနဲ့နှိုင်းယှဉ်ပါက လူငယ်အမျိုးသမီးတွေဟာ ၂၂ရာခိုင်နှုန်းလျော့နည်းသလို အလုပ်အကိုင်အခွင့်လမ်းမှာလည်း အမျိုးသားတွေထက် နည်းပါးတဲ့ အတွက် အမျိုးသမီးဦးရေ သုံးပုံ လျှင် တစ်ပုံဟာ အလုပ်လက်မဲ့ဖြစ်နေတယ်လို့ဆိုပါတယ်။
 
ဒါ့အပြင်အမျိုးသမီးလေးပုံ တစ်ပုံ နီးပါးဟာ အိမ်မှုကိစ္စစောင့်ရှောက်ရဖို့ အတွက် ပညာရေးမှ နှုတ်ထွက်ရသလို ၎င်းတို့ရဲ့အိမ်ထောင်ဖက် တွေ က အလုပ်လုပ်ခြင်း ကိုတားမြစ်ထားကြတာလည်းရှိတယ်လို့ အစီရင်ခံစာအရသိရပါတယ်။
 
အခုလို အတားအဆီးတွေဟာ အမျိုးသမီးတွေကို စီးပွားရေးနယ်ပယ်မှ ဖယ်ကျဉ်ထားသလို ဖြစ်လာ​စေပြီး ၎င်းတို့ရဲ့ ကိုယ်ပိုင်ရပ်တည်နိုင်မှုကို ကန့်သတ်ကာ မညီမျှမှုကိုပိုမိုနက်ရှိုင်းစေတယ်လို့ အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။
 
ယခုအစီရင်ခံစာကို “လမ်းပျောက်နေသော မျိုးဆက်- မြန်မာလူငယ် အလုပ်အကိုင်နှင့် ပညာရေး” ဟု အမည်ပေးထားပြီး Myanmar Youth Series ရဲ့ ဒုတိယ အစီရင်ခံစာဖြစ် ကာ တနိုင်ငံလုံးရှိ လူငယ် ၇၀၀၀ ကျော်ရဲ့ အသံတွေကို စုစည်း ထားတာ ဖြစ်တယ်လို့ သိရပါတယ်။
 
မြန်မာနိုင်ငံရှိ လူငယ်၅ဦး တွင် တစ်ဦးနီးပါးနဲ့(ခန့်မှန်းခြေ လူငယ်၃သန်းခန့်)ဟာ အလုပ်အကိုင်မရှိ၊ပညာသင်ကြားခြင်းမရှိ၊လေ့ကျင့်ရေးတွင်လည်း မပါဝင်ဘဲ NEET(Not in Education ,Employment,or training)ဖြစ်နေကာ ၎င်းနူန်းထားထဲမှ အမျိုးသမီးပါဝင်မှု အမြင့်ဆုံး ဖြစ်ပြီး ပဋိပက္ခဒဏ်ခံနေရတဲ့ ဒေသတွေဖြစ်တဲ့ကယားပြည်နယ်မှာ ၄၂ရာခိုင်နှုန်းနဲ့ရခိုင်ပြည်နယ်မှာ ၃၂ရာခိုင်နှုန်းရှိတယ်လို့အစီရင်ခံစာမှာဖေါ်ပြထားပါတယ်။

Related posts

Cover
လူ ၄ ဦးတွင် ၁ဦးဆာလောင်မွတ်သိပ်နေဟု WFP ထုတ်ပြန်
May 19, 2026
Cover
မူဆယ်တွင် လစာကောင်းသည့် အလုပ်ရမည်ဆိုသဖြင့်ရောက် သွားသည့် ၁၇ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး ပျောက်ဆုံးနေ
May 19, 2026
Cover
လ၀က ဝန်ထမ်းများ ငွေကြေးယူပါက အထောက်အထားအပြည့်စုံဖြင့် တိုင်လျှင် ထိရောက်စွာ အရေးယူမည်ဟု ကြေညာ
May 19, 2026
Cover
ရွှေဈေးပြန်ကျ စက်သုံးဆီ စားသုံးဆီနဲ့ နိုင်ငံခြားငွေဈေး အကျမရှိအတက်ဈေးနဲ့ငြိမ်နေ
May 17, 2026
Cover
မေလ ၁ ရက်နေ့ကစပြီး ပြည်တွင်းအခွန်တိုးမြှင့်ကောက်မယ့်ကြေညာချက်ကြောင့် ကုန်ဈေးနှုန်းတွေပိုတက်လာနိုင်၊ တရက်အခြေခံလုပ်အားခကျပ် ၄၈၀၀ မှာသာရှိနေဆဲ
Apr 24, 2026
Cover
ထန်းတပင်မြို့နယ် ကျေးရွာများတွင် စစ်မှုထမ်းကြေး လစဉ် ကောက်ခံနေ
Mar 31, 2026
Cover
တစ်လအတွင်း စက်သုံးဆီ တစ်လီတာကျပ်၂၀၀၀ မှ ၃၀၀၀ ကျော်အထိ ဈေးတက်
Mar 27, 2026
Cover
မြန်မာအပါအဝင်ရွှေ့ပြောင်းလုပ်သားတွေ အတွက် ထိုင်းမှာ သင်္ကြန်ကာလအသိပေးချက်ထုတ်
Mar 27, 2026