NEWS

မြန်မာနိုင်ငံက မြို့ ၁၁ မြို့ တွင်ရေကြီးနစ်မြုပ်မှုဒဏ်ခံနေရ

CoverLogo
431 Views
 
ယခုနှစ် မိုးရာသီမှာ မိုးရွာသွန်းမှုများပြီး မြစ်ရေတွေ စိုးရိမ်ရေမှတ်ထက် ကျော်လွန် မြင့်တက်လာတဲ့ အတွက် မြန်မာနိုင်င့ရှိ မြို့ကြီး ၁၁ မြို့မှာ ရေကြီးနစ်မြုပ်မှုဒဏ်ခံနေရတယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနရဲ့ ဇူလိုင် ၂၆ရက် နေ့လယ် ၁၂နာရီခွဲ မြစ်ရေအခြေနေ ထုတ်ပြန်ချက် အရသိရပါတယ်။
 
ဧရာဝတီ မြစ်ရေဟာ ဆိတ်သာမြို့မှာ စိုးရိမ်ရေမှတ်ထက် ၁ပေခွဲ၊ ဟင်္သာတမြို့မှာ စိုးရိမ်ရေမှတ် ထက် ၂ပေခွဲ၊ ဇလွန် မြို့ တို့မှာ စိုးရိမ်ရေမှတ်ထက်၂ပေခွဲကျော်လွန်ရောက်ရှိနေတယ်လို့ သိရပါတယ်။
 
စစ်တောင်းမြစ်ရေ ဟာ မဒေါက်မြို့မှာ စိုးရိမ်ရေမှတ်ထက် ၄ပေခွဲကျော်ရောက်ရှိနေပြီး၊ ရွှေကျင်မြစ်ရေဟာ ရွှေကျင်မြို့ရဲ့ စိုးရိမ်ရေမှတ်ထက် ၂ပေခွဲ ခန့်ကျော်လွန်နေပါတယ်။
 
ဘီးလင်းမြစ်ရေဟာ ဘီးလင်းမြို့ရဲ့ စိုးရိမ်ရေမှတ် ထက် ၂ပေခွဲ မြင့်တက်နေပြီး သံလွင်မြစ်ရေဟာ ဘားအံ့မြို့ရဲ့စိုးရိမ်ရေမှတ်ထက် ၄ပေ ခန့်ကျော်လွန်နေပါတယ်။
 
သောင်းရင်းမြစ်ရေဟာ မြဝတီမြို့ရဲ့စိုးရိမ်ရေမှတ်ထက် ၁၁ပေခွဲအထိ ကျော်လွန်နေပြီး ငဝန်မြစ်ရေဟာ ငါးသိုင်းချောင်းမြို့ရဲ့ စိုးရိမ်ရေမှတ်ထက် ၂ပေခွဲခန့်နဲ့ သာပေါင်း မြို့ရဲ့ စိုးရိမ်ရေမှတ်ထက် ၁ပေခွဲ ခန့် ကျော်လွန်ရောက်ရှိနေပြီး၊ တိုးမြစ်ရေဟာ မအူပင် မြို့ရဲ့ စိုးရိမ်ရေမှတ်ထက် ပေဝက်ခန့်ကျော်လွန်နေတယ်လို့ သိရပါတယ်။
 
လာမယ့် ၂၄ နာရီ အတွင်း ဆိတ်သာမြို့၊ ဟင်္သာတမြို့၊ ဇလွန်မြို့တို့မှာ စိုးရိမ်ရေမှတ်မှာပဲ ရှိနေပြီး မဒေါက်မြို့၊ရွှေကျင်မြို့၊ ဘီးလင်းမြို့၊ မအူပင်မြို့၊ ငါးသိုင်းချောင်းမြို့၊ သာပေါင်းမြို့ တို့မှာ ပေဝက်ခန့်ဆက်လက်မြင့်တက်နိုင်ကာ ဘားအံမြို့မှာ ၂ပေခန့်၊ မြဝတီမြို့မှာ ၂ပေခွဲခန့် ဆက်လက်မြင့်တတ်လာနိုင်တယ်လို့ သိရပါတယ်။
 
ဒါ့အပြင် ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်း၊ အိန္ဒိယနိုင်ငံ အနောက်ဘင်္ဂလားပြည်နယ်နဲ့ ဘင်္ဂလားဒေ့ရှ်နယ်စပ်အနီးကုန်းတွင်းမှာ လေဖိအားနည်းရပ်ဝန်းတခု ဖြစ်နေတာတွေ့ရတဲ့ အတွက်မြန်မာနိုင်ငံမှာ နေရာအနှံ့အပြားမိုးဆက်လက်ရွာသွန်းနေနိုင်ပြီး ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ နေပြည်တော်၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်းတွေမှာ နောက်လာမဲ့ ၃ ရက်(ဇူလိုင် ၂၆ ရက်မှ ၂၈ ရက်)အတွင်း ဒေသအလိုက် မိုးရေချိန် ၅၀ မီလီမီတာ(၂ လက်မ ခန့်)မှ ၂၂၀ မီလီမီတာ(၉ လက်မခန့်)အထိ မိုးရွာသွန်းနိုင်တယ်လို့ မိုးလေဝသ ပညာရှင် ဦးဝင်းနိုင်က အသိပေးထားပါတယ်။
 
လက်ရှိမြစ်ရေမြင့်တက်နေတဲ့ ဒေသတွေ မှာ နောက်လာမဲ့ ၃ ရက်အတွင်း မိုးဆက်လက်များနေနိုင်တာကြောင့် သတိရှိရှိနဲ့ နေထိုင်ကြဖို့ ကိုလည်း တိုက်တွန်း အသိပေးထားပါတယ်။
 
photo-google flood hub

Related posts

Cover
ထန်းတပင်မြို့နယ် ကျေးရွာများတွင် စစ်မှုထမ်းကြေး လစဉ် ကောက်ခံနေ
Mar 31, 2026
Cover
တစ်လအတွင်း စက်သုံးဆီ တစ်လီတာကျပ်၂၀၀၀ မှ ၃၀၀၀ ကျော်အထိ ဈေးတက်
Mar 27, 2026
Cover
မြန်မာအပါအဝင်ရွှေ့ပြောင်းလုပ်သားတွေ အတွက် ထိုင်းမှာ သင်္ကြန်ကာလအသိပေးချက်ထုတ်
Mar 27, 2026
Cover
လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသူများ လွတ်လပ်စွာ လှုပ်ရှားသွားလာခွင့် ကန့်သတ်ခံထားရ
Mar 26, 2026
Cover
ပဲခူးမြို့နယ် အတွင်း စက်သုံးဆီ ထုတ်ယူခွင့်စာအုပ်ပြုလုပ်ပေးဖို့ဆိုကာ အုပ်ချုပ်ရေးမှူးရုံးများတွင်စာရင်းပေးသွင်းခိုင်း
Mar 24, 2026
Cover
တရုတ်ဇနီးမယား ပြုလုပ်ရန်ငွေဖြင့် စည်းရုံး ပို့​ဆောင်သူအား ထောင် ၁၀ နှစ်ချ
Mar 24, 2026
Cover
အဝေးပြေးကားလက်မှတ်ဈေးနှစ်ဆကျော် မြင့်တက် သင်္ကြန်အတွက် ကြိုဖြတ်ထားသည့် လက်မှတ်များ ဆီပြတ်ပါက ငွေပြန်အမ်းမည်ဟုဆို
Mar 23, 2026
Cover
လေယာဉ်ဆီ အခက်ခဲကြောင့် ပြည်တွင်း လေကြောင်းလိုင်း ခရီးစဉ်အချို့ ဖျက်သိမ်း
Mar 23, 2026