NEWS

မြန်မာငွေ ၁ကျပ်တန်နှင့် ၂၀ကျပ်တန်များအား ပင်စင်ထုတ်ပေး

CoverLogo
741 Views
 
နှစ်ပေါင်းအတော်ကြာ သုံးစွဲသူတွေကြားမှာ ပျောက်ကွယ်နေတဲ့ မြန်မာငွေ ၁ကျပ်တန်နဲ့ ၂၀ကျပ်တန်တို့ကို ပင်စင်ကြေး ထုတ်ပေးတဲ့ ရုပ်သံတခု လူမှုကွန်ယက်မှာ ပျံ့နှံ့နေပါတယ်။
 
အလွယ်တကူ သုံးစွဲလိုမရတဲ့ မြန်မာငွေ ၁ကျပ်တန်နဲ့ ၂၀ကျပ်တန်တွေကို မြန်မာ့စီးပွားရေးဘဏ် ပုဗ္ဗသီရိ ဘဏ်ခွဲက ပင်စင်ကြေးအဖြစ် ထုတ်ပေးတာကို ရုပ်သံဖိုင်မှာ တွေ့ရပါတယ်။
 
" ဘဏ်ကထုတ်ပေးတာလေ၊ အဘအဲ့ပိုက်ဆံတွေဘယ်မှာသွားသုံးရမှာတုန်း၊ ပင်စင်ထုတ်ပါတယ်ဆိုမှ ၁ကျပ်တန်တွေ၊၂၀တန်တွေနဲ့မီတာသွားဆောင်လိုက်၊ မီတာဆောင်တာမှာသုံးလိုက်အဘ"လို့ အမျိုးသားတဦးနဲ့အမျိုးသမီး၂ဦးတို့ ပြောဆိုသံက ရုပ်သံဖိုင်မှာ ကြားရပါတယ်။
 
ပင်စင်လစာမှာ အရွက် ၁၀၀ပါ ၁ကျပ်တန် တစ်အုပ်နဲ့ ၂၀ကျပ်တန် ၅ ရွက်စုစုပေါင်း ကျပ် ၂၀၀ ဖိုး ထုတ်ပေးလိုက်တာဖြစ်ပြီး ဘဏ်တာဝန်ရှိသူ ငွေကိုင်၃ လွင်မိုးနဲ့ ဘဏ်တာဝန်ရှိသူ ငွေကိုင်၂ ဖြူနီခိုင် ဆိုတဲ့ အမည်တွေနဲ့ လက်မှတ်တွေလည်း တွေ့ရပါတယ်။
 
လက်ရှိ မြန်မာနိုင်ငံရဲ့ ငွေကြေးသုံးစွဲမှုမှာ ၅၀ကျပ်တန်ကိုသာ အနိမ့်ဆုံးငွေကြေးအဖြစ် သုံးစွဲနေပါတယ်။
Photo- cj

Related posts

Cover
အမျိုးသမီးများကို ​ငွေ​ကြေးနှင့် စည်းရုံးပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်ခဲ့သူ ၂ ဦးကို ထောင် ၁၅ နှစ်စီချ
May 25, 2026
Cover
လူ ၄ ဦးတွင် ၁ဦးဆာလောင်မွတ်သိပ်နေဟု WFP ထုတ်ပြန်
May 19, 2026
Cover
မူဆယ်တွင် လစာကောင်းသည့် အလုပ်ရမည်ဆိုသဖြင့်ရောက် သွားသည့် ၁၇ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး ပျောက်ဆုံးနေ
May 19, 2026
Cover
လ၀က ဝန်ထမ်းများ ငွေကြေးယူပါက အထောက်အထားအပြည့်စုံဖြင့် တိုင်လျှင် ထိရောက်စွာ အရေးယူမည်ဟု ကြေညာ
May 19, 2026
Cover
ရွှေဈေးပြန်ကျ စက်သုံးဆီ စားသုံးဆီနဲ့ နိုင်ငံခြားငွေဈေး အကျမရှိအတက်ဈေးနဲ့ငြိမ်နေ
May 17, 2026
Cover
မေလ ၁ ရက်နေ့ကစပြီး ပြည်တွင်းအခွန်တိုးမြှင့်ကောက်မယ့်ကြေညာချက်ကြောင့် ကုန်ဈေးနှုန်းတွေပိုတက်လာနိုင်၊ တရက်အခြေခံလုပ်အားခကျပ် ၄၈၀၀ မှာသာရှိနေဆဲ
Apr 24, 2026
Cover
ထန်းတပင်မြို့နယ် ကျေးရွာများတွင် စစ်မှုထမ်းကြေး လစဉ် ကောက်ခံနေ
Mar 31, 2026
Cover
တစ်လအတွင်း စက်သုံးဆီ တစ်လီတာကျပ်၂၀၀၀ မှ ၃၀၀၀ ကျော်အထိ ဈေးတက်
Mar 27, 2026