NEWS

မြန်မာကို ရှေ့ဆင့်နောက်ဆင့်ရောက်လာပြီးအာဏာသိမ်းစစ်ခေါင်းဆောင်နဲ့တွေ့ဆုံခဲ့တဲ့တရုတ်၊ဂျပန်ကိုယ်စားလှယ်များ

CoverLogo
1.2K Views

မြန်မာနိုင်ငံကို စစ်အာဏာသိမ်းပြီးနောက်ပိုင်းဒုတိယအကြိမ်အဖြစ်ရောက်ရှိလာတဲ့တရုတ်မြန်မာအထူးသံတမာန်ဆွန်ကော်ရှန်းဟာယမန်နေ့မနက်ပိုင်းမှာပဲစစ်ခေါင်းဆောင်နဲ့နေပြည်တော်မှာတွေ့ဆုံခဲ့တယ်လို့သိရပါတယ်။

ဆွန်ကော်ရှန်းဟာမြန်မာစစ်ဖက်နဲ့သာမက NLD အရပ်သားအစိုးရနဲ့လဲအတော့်ကို ပနံသင့်ခဲ့သူလို့ဆိုရမှာပါ။

ဆွန်ကော်ရှန်းလာရောက်မှု့နဲ့ပတ်သက်ပြီး
မြန်မာ့နိုင်ငံရေးအခင်းအကျင်းအပေါ် သဘောထားအမြင်ဖလှယ်ခဲ့ကြောင်း၊ မြန်မာ့လူမှုတည်ငြိမ်ရေး၊ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး အားထုတ်ကြိုးပမ်းမှုကို နိုင်ငံတကာအသိုင်းအဝန်းနှင့်အတူ အပြုသဘောဆောင် အားထုတ်ကူညီသွားမှာဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူက သတင်းထုတ်ပြန်ထားတာကိုတွေ့ရပါတယ်။

ဒီခရီးစဥ်မှာစစ်ခေါင်းဆောင်နဲ့စစ်ခေါင်းဆောင်ခန့်နိုင်ငံခြားရေးဝန်ကြီးဝဏ္ဏမောင်လွင်နဲ့လဲတွေ့ဆုံခဲ့တယ်လို့သိရပါတယ်။

ဆွန်ကော်ရှန်းအပြီးနောက်ထပ်ရောက်သူတဦးကတော့ရက္ခိုင့်တပ်မတော်အေအေနဲ့မြန်မာစစ်တပ်အကြားညှိနှိုင်းပေးခဲ့တဲ့ဂျပန်နိုင်ငံနိပွန်ဖောင်ဒေးရှင်းဥက္ကဌ H.E.Mr.Yohei SASAKAWA ပဲဖြစ်ပါတယ်။

သူကလဲအနေ့ကမနက်ပိုင်းမှာပဲစစ်ခေါင်းနဲ့တွေ့ဆုံခဲ့ပြီးနှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု့မြှင့်တင်ရေးနဲ့ငြိမ်းချမ်းရေးလုပ်ငန်းစဥ်တွေအတွက်လာရောက်တွေ့ဆုံခဲ့တာဖြစ်တယ်လို့စစ်တပ်ရဲ့ပြန်ကြားရေးကသတင်းထုတ်ပြန်ပါတယ်။

နီပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ H.E.Mr.Yohei SASAKAWAမှာဂျပန်အစိုးရ ၏ အထူးကိုယ်စားလှယ်နှင့် မြန်မာနိုင်ငံအမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာအတွက်တာဝန်ရှိသူတဦးလဲ ဖြစ်ပါတယ်။  

ဒီလိုတရုတ်နဲ့ဂျပန်ကိုယ်စားလှယ်တွေလာရောက်ဆွေးနွေးတာမြန်မာပြည်သူတွေအပေါ်အကြမ်းဖက်နေတဲ့စစ်တပ်ရဲ့လုပ်ရပ်တွေကိုရပ်တန့်စေမှာမဟုတ်ဘဲ လက်တွေ့ကျကျအရေးယူဆောင်ရွက်မှသာအဆင်ပြေနိုင်မယ်လို့လဲနိုင်ငံရေးလေ့လာသူတွေကသုံးသပ်ပါတယ်။ 
 


Related posts

Cover
စားအုန်းဆီဖြန့်ဝေမှုကန့်သတ်လိုက်လို့ ပြည်သူတွေ ဆီဈေးကြီးလာတဲ့ဒဏ်ခံနေရ
Aug 07, 2026
Cover
စက်သုံးဆီဈေး အကျဘက်ရောက်နေပေမယ့် ဆီဝယ်မရတဲ့ပြဿနာကြုံ​နေရ
Aug 07, 2026
Cover
ရန်ကုန်တိုင်းအတွက် စစ်မှုထမ်းရန် လှိုင်သာယာတွင်အဓိကလူစုဆောင်းခံနေရ
Jun 25, 2026
Cover
အမျိုးသမီးများကို ​ငွေ​ကြေးနှင့် စည်းရုံးပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်ခဲ့သူ ၂ ဦးကို ထောင် ၁၅ နှစ်စီချ
May 25, 2026
Cover
လူ ၄ ဦးတွင် ၁ဦးဆာလောင်မွတ်သိပ်နေဟု WFP ထုတ်ပြန်
May 19, 2026
Cover
မူဆယ်တွင် လစာကောင်းသည့် အလုပ်ရမည်ဆိုသဖြင့်ရောက် သွားသည့် ၁၇ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး ပျောက်ဆုံးနေ
May 19, 2026
Cover
လ၀က ဝန်ထမ်းများ ငွေကြေးယူပါက အထောက်အထားအပြည့်စုံဖြင့် တိုင်လျှင် ထိရောက်စွာ အရေးယူမည်ဟု ကြေညာ
May 19, 2026
Cover
ရွှေဈေးပြန်ကျ စက်သုံးဆီ စားသုံးဆီနဲ့ နိုင်ငံခြားငွေဈေး အကျမရှိအတက်ဈေးနဲ့ငြိမ်နေ
May 17, 2026