NEWS

မိုးတွင်းကာလတုပ်ကွေးရာသီမှာ အိမ်သုံး ဆေးဝါး ဈေးကြီးလို့ အခြေခံပြည်သူတွေ ဆေးဝယ်သောက်ရန်ပင် အခက်ခဲများ ရှိလာ

CoverLogo
545 Views

ဒေါ်လာဈေး မြင့်တက်မှု နဲ့ လမ်းပန်းဆက်သွယ်ရေး အခက်ခဲတွေ ကြောင့် ကျန်းမာရေးအတွက် သောက်သုံးရတဲ့ အိမ်သုံးဆေးဝါး များ ဈေးမြင့်လာကာ  အခြေခံပြည်သူတွေ မှာ ဆေးဝယ်ယူဖို့ပင် အခက်ခဲ တွေရှိလာတယ်လို့ ဆင်ခြေဖုံးရပ်ကွက်ရှိ ပြည်သူတွေ နဲ့ ဆေးရောင်းဝယ်သူတွေ ထံ က သိရပါတယ်။

လက်ရှိ မှာ မိုးရာသီ ဝင်ရောက် လာတဲ့ အတွက် ရာသီ အကူးပြောင်းကြောင့် တုပ်ကွေး ဖျားနာ တာတွေ အဖြစ် များ လာ တယ်လို့ဆိုပါတယ်။

"အခုက တုပ်ကွေး အဖြစ်များတဲ့ အချိန် အိမ်တစ်အိမ်မှာ တစ်ယောက် ဖျားတာနဲ့ အခြားသူပါ ကူး တာများတယ် တုပ်ကွေးကတော့ သူအချိန် သူ ဖြစ်တယ်ဆိုပေမယ့် အခုက ဆေးတွေဈေးနှုန်း တွေက အရမ်းဈေးကြီးလာတယ် အရင် ဒီကိုဂျင်တစ်ကတ်၂၀၀၀ ကျော်လောက်ကအခု ၄၈၀၀ ဖြစ်နေပြီး တစ်လုံးချင်းဝယ်ရင် ၅၀၀၊ ၅၅၀ ရှိတယ် အကိုက်ခဲပျောက်ဆေး ပါရာစီတမော့တောင် တစ်ကတ် ၅၀၀ ကနေ ၇၀၀ထိရှိတယ် ဒါတောင် တခါတလေ ပစ္စည်း ပြတ်နေလို့ ဝယ်မရဘူး နေမကောင်းလို့ ဆေးခန်းသွားပြမယ်ဆိုရင်  ဆင်ခြေဖုံးရပ်ကွက်ကဆေးခန်း တောင် တခါပြရင် ၈၀၀၀ ကျပ် ဖြစ်နေပြီ အဲ့တော့  အခြေခံ လက်လုပ်လက်စားတွေ အတွက် မကျန်းမာလို့ ဆေးဝယ်သောက်ဖို့ ဆေးခန်းပြဖို့ အတော်လေး ခက်ခဲလာတယ်"လို့  ရွှေပြည်သာမြို့နယ်မှ ပြည်သူတစ်ဦးကပြောပါတယ်။

အခုလို အိမ်သုံးဆေးဝါးဈေးနှုန်းတွေ ဈေးမြင့်လာတဲ့ အတွက် အချို့ ပြည်သူတွေ မှာ မကျန်းမာသော်လည်း ဆေးဝါးဝယ်ယူသောက်သုံးဖို့အခက်အခဲဖြစ်နေတယ်လို့ သိရပါတယ်။

"တနေ့က  ဆေးဆိုင် မှာ ဆေးသွားဝယ်ရင်း အသက်ကြီးပိုင်း အဘိုးတစ်ဦး သူ့အမျိုးသမီးနေမကောင်းလို့  ဆေးလာဝယ်တာ ဆေးဈေးနှုန်း က အရင်ဈေးထက် မြင့်သွားတော့ ပိုက်ဆံမလောက်ဘူး ဖြစ်နေတာ ဆေးကလည်း အရေးကြီးတယ်ထင်တယ် ဆိုင်ဘေးမှာ မတ်တပ်ရပ်ပြီး လမ်းသွားလမ်းလာတွေ ဆီက ဆေးဖိုးလိုလို့ ငွေအကူညီ တောင်းနေတာ နိုင်သလောက်ကူညီ ကျပါတယ်၊ အခုလို အခက်ခဲ ဖြစ်သူတွေ ကို  ငွေအင်အား နိုင်သူတွေ က ကူညီပေးနိုင်ရင် ကောင်းမယ် ဆေးဝါးအလှူလေးပေါ့ လိုအပ်သူတွေကို ကူညီတာ ပိုပြီး ကုသိုလ်ရပါတယ်"လို့ လှိုင်သာယာမြို့နယ် မှ ပြည်သူတစ်ဦးကပြောပါတယ်။

လက်တလော မှာ ဒေါ်လာ ဈေးနဲ့ လမ်းပန်းဆက်သွယ်ရေး ကြောင့် ပြည်ပက တင်သွင်းတဲ့ ဆေးဝါး များ ဆေးမြင့် တက်ရပေမယ့် အချို့ ဆေးကုန်သည်တွေရဲ့ ဈေးကစားတာတွေကြောင့်လည်း ဈေးနှုန်း တွေ မြင့်နေတာ လို့လည်း ဆေးဆိုင်တွေ ထံ က သိရပါတယ်။

"ဒေါ်လာဈေးတက်လို့ ဆေးကဈေးတက်တယ် ဒေါ်လာဈေးပြန်ကျရင် ဆေးဈေးကကျတယ် ဒါပေမယ့်အခု ပြဿနာ က လမ်းကြောင်းတွေ မကောင်းတော့ ဆေးတွေ မရဘူး ပစ္စည်း ပြတ်တာ အဲ့ တော့ လှောင်ထားတဲ့ ဆေးကုန်သည်ကြီးတွေက ဈေးကို အကြိုက်ကစားလို့ရနေတယ် အင်္ဂလိပ် ဆေးတင် ဈေးတက်တာ မဟုတ်ဘူး မြန်မာ ဆေး တွေ လဲ ကုန်ကြမ်း တွေ မရလို့ ဆေးတွေ အရမ်းဈေးမြင့်သွားတယ်လို့""ဆေးဆိုင်ဖွင့်လှစ်ရောင်းချသူတစ်ဦးကပြောပါတယ်။

လက်ရှိမှာ ပြည်သူတွေ အနေနဲ့ အလုပ်အကိုင် အခွင့်လမ်း နည်းတဲ့ အပြင် လုပ်ခလစာ နည်းခြင်းနဲ့ ကုန်ဈေးနှုန်း မြင့်လာတွေ ကြောင့် ဝင်ငွေထွက်ငွေ မမျှတဘဲ အခက်ခဲဖြစ်နေတာပါ။  ကျန်းမာရေး အတွက် ဆေးဝါး များ ဆေးဈေးနှုန်းနဲ့ဆေးကုသစရိတ်ကြီးမြင့်လာတဲ့ အတွက် ဆေးမကုသနိုင်လို့ အသက်ဆုံးရှုံးမှု တွေပါ အဖြစ်များလာတယ်လို့ သိရပါတယ်။


Related posts

Cover
အမျိုးသမီးများကို ​ငွေ​ကြေးနှင့် စည်းရုံးပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်ခဲ့သူ ၂ ဦးကို ထောင် ၁၅ နှစ်စီချ
May 25, 2026
Cover
လူ ၄ ဦးတွင် ၁ဦးဆာလောင်မွတ်သိပ်နေဟု WFP ထုတ်ပြန်
May 19, 2026
Cover
မူဆယ်တွင် လစာကောင်းသည့် အလုပ်ရမည်ဆိုသဖြင့်ရောက် သွားသည့် ၁၇ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး ပျောက်ဆုံးနေ
May 19, 2026
Cover
လ၀က ဝန်ထမ်းများ ငွေကြေးယူပါက အထောက်အထားအပြည့်စုံဖြင့် တိုင်လျှင် ထိရောက်စွာ အရေးယူမည်ဟု ကြေညာ
May 19, 2026
Cover
ရွှေဈေးပြန်ကျ စက်သုံးဆီ စားသုံးဆီနဲ့ နိုင်ငံခြားငွေဈေး အကျမရှိအတက်ဈေးနဲ့ငြိမ်နေ
May 17, 2026
Cover
မေလ ၁ ရက်နေ့ကစပြီး ပြည်တွင်းအခွန်တိုးမြှင့်ကောက်မယ့်ကြေညာချက်ကြောင့် ကုန်ဈေးနှုန်းတွေပိုတက်လာနိုင်၊ တရက်အခြေခံလုပ်အားခကျပ် ၄၈၀၀ မှာသာရှိနေဆဲ
Apr 24, 2026
Cover
ထန်းတပင်မြို့နယ် ကျေးရွာများတွင် စစ်မှုထမ်းကြေး လစဉ် ကောက်ခံနေ
Mar 31, 2026
Cover
တစ်လအတွင်း စက်သုံးဆီ တစ်လီတာကျပ်၂၀၀၀ မှ ၃၀၀၀ ကျော်အထိ ဈေးတက်
Mar 27, 2026