NEWS

မိတ္ထီလာတက္ကသိုလ် ဗကသ ဥက္ကဋ္ဌဟောင်း မသဲစုနိုင်နှင့် ဖခင်တို့ကို စစ်တပ်မှ ဖမ်းဆီးခေါ်ဆောင်သွား

CoverLogo
1.2K Views

ယနေ့ နိုဝင်ဘာလ၊၂၂ရက်နေ့ ညနေ(၅)နာရီခန့်တွင် မိတ္ထီလာတက္ကသိုလ်ကျောင်းသားများသမဂ္ဂ(ဗ.က.သများအဖွဲ့ချုပ်)မှ ဥက္ကဋ္ဌဟောင်းဖြစ်သူ မသဲစုနိုင်ကို အကြမ်းဖက်စစ်အုပ်စုမှ သေနတ်ပစ်ဖောက်ခြိမ်းခြောက်ပြီး ဖမ်းဆီးခြင်းခံလိုက်ရတယ်လို့ ဗကသများ အဖွဲ့ချုပ်ကထုတ်ပြန်ပါတယ်။

ထို့ပြင် မသဲစုနိုင်၏  ဖခင် ဖြစ်သူကိုပါ ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ပြီး နေအိမ်ရှိဖုန်းအားလုံးကိုလဲသိမ်းယူသွားခဲ့ကြောင်းသိရပါတယ်။

မသဲစုနိုင်သည် အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM ကျောင်းဆရာမတဦးသာ ဖြစ်သော်လည်း အကြမ်းဖက်စစ်အုပ်စုဘက်မှ  မသဲစုနိုင်အား PDFခေါင်းဆောင်ပိုင်း အမျိုးသမီးဟု စွပ်စွဲကာဖမ်းဆီးသွားခဲ့ခြင်းဖြစ်တး်လို့ဆိုပါတယ်။

ထို့ပြင် မည်သည့်နေရာသို့ဖမ်းဆီးခေါ်ဆောင်သွားပြီး မည်သည့်နေရာတွင် ဖမ်းဆီးချုပ်နှောင်ထားသည်ကိုမူ မသိရှိရသည့်အတွက် အကြမ်းဖက်ဖမ်းဆီးခြင်းခံရသော မသဲစုနိုင်နှင့်အတူ ဖမ်းဆီးခံသူမဖခင်၏ အသက်အန္တရာယ်နှင့်လုံခြုံရေးအတွက် များစွာစိုးရိမ်​ကြောင်း ဗကသများအဖွဲ့ချုပ်ကယ​နေ့ထုတ်ပြန်လိုက်တာပါ။


Related posts

Cover
ထန်းတပင်မြို့နယ် ကျေးရွာများတွင် စစ်မှုထမ်းကြေး လစဉ် ကောက်ခံနေ
Mar 31, 2026
Cover
တစ်လအတွင်း စက်သုံးဆီ တစ်လီတာကျပ်၂၀၀၀ မှ ၃၀၀၀ ကျော်အထိ ဈေးတက်
Mar 27, 2026
Cover
မြန်မာအပါအဝင်ရွှေ့ပြောင်းလုပ်သားတွေ အတွက် ထိုင်းမှာ သင်္ကြန်ကာလအသိပေးချက်ထုတ်
Mar 27, 2026
Cover
လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသူများ လွတ်လပ်စွာ လှုပ်ရှားသွားလာခွင့် ကန့်သတ်ခံထားရ
Mar 26, 2026
Cover
ပဲခူးမြို့နယ် အတွင်း စက်သုံးဆီ ထုတ်ယူခွင့်စာအုပ်ပြုလုပ်ပေးဖို့ဆိုကာ အုပ်ချုပ်ရေးမှူးရုံးများတွင်စာရင်းပေးသွင်းခိုင်း
Mar 24, 2026
Cover
တရုတ်ဇနီးမယား ပြုလုပ်ရန်ငွေဖြင့် စည်းရုံး ပို့​ဆောင်သူအား ထောင် ၁၀ နှစ်ချ
Mar 24, 2026
Cover
အဝေးပြေးကားလက်မှတ်ဈေးနှစ်ဆကျော် မြင့်တက် သင်္ကြန်အတွက် ကြိုဖြတ်ထားသည့် လက်မှတ်များ ဆီပြတ်ပါက ငွေပြန်အမ်းမည်ဟုဆို
Mar 23, 2026
Cover
လေယာဉ်ဆီ အခက်ခဲကြောင့် ပြည်တွင်း လေကြောင်းလိုင်း ခရီးစဉ်အချို့ ဖျက်သိမ်း
Mar 23, 2026